၂၀၁၄ ၂၀၁၅ နှစ်နှစ်ပေါင်း ကျင်းပမယ့် အကယ်ဒမီပေးပွဲအကြောင်း ပြောပြပေးသွားတဲ့ လူမင်း

12784737_1715874315338146_541858961_n.jpg

ဧပြီ ၃ ရက်နေ့မှာ နှစ်နှစ်စာ ကျင်းပပြုလုပ်မဲ့ ၂၀၁၄ ၂၀၁၅ အကယ်ဒမီပေးပွဲနဲ့ ပတ်သက်ပြီး နေရာအခက်အခဲတွေကြောင့် မတင်မကျဖြစ်နေတဲ့ ပရိသတ်အချို့ရဲ့ သုံးသပ်သံတွေကိုလဲ လက်ရှိမှာ ကြားသိနေရပါတယ်။ အစိုးရ အပြောင်းအလဲရှိတာက တစ်ကြောင်း အရင်နှစ်ကထက် ယခုနှစ်မှာကျင်းပပြုလုပ်မဲ့ အကယ်ဒမီပေးပွဲနဲ့ပတ်သက်ပြီး အခက်အခဲအချို့အပေါ် ရုပ်ရှင်ဥက္ကဌ တစ်ဦးလဲဖြစ်သလို သရုပ်ဆောင်တစ်ယောက်လဲဖြစ်တဲ့ အန်ကယ်လေးရဲ့ စကာသံတွေကတော့

"အကယ်ဒမီက ဧပြီ ၃ ရက် တနင်္ဂနွေနေ့မှာ ကျင်းပပါမယ်။ ဒီနှစ် အကယ်ဒမီကပြင်ဆင်မှုထက် အခက်အခဲတွေ ရင်ဆိုင်နေရတယ်ပဲပြောမလား။ ကျင်းပမဲ့နေရာကိုပဲတော်တော်လေး အခက်အခဲဖြစ်နေတယ်။ မနှစ်ကကျင်းပတဲ့ MEP မှာပဲ ဒီနှစ်လဲကျင်းပပါမယ်။ ဘာလို့လဲဆိုတော့ သုဝဏ္ဏ အားကစားရုံကြီးကို ကိုယ်တို့လျှောက်လွှာတင်ထားတာက အကြောင်းကြောင်းကြောင့် ခုချိန်ထိကိုယ်တို့ကို အကြောင်းမပြန်သေးဘူး။ ကိုယ့်အနေနဲ့ကလဲ တစ်လလောက်ပဲ လိုတော့တာဆိုတော့ ထပ်စောင့်ဖို့မဖြစ်နိုင်တော့တဲ့အတွက် MEP မှာပဲလုပ်ဖြစ်သွားတာပါ။ နောက်တစ်ခုက မြန်မာအသံက လုံးဝကြီးမလွှင့်တော့ဘူးလို့ငြင်းဆန်တာတော့ မဟုတ်ပါဘူး။ ရုပ်သံဆိုင်ရာကို ယခင်နှစ်များအတိုင်း ကူညီပေးပါရန်ဆိုပြီး စာတင်ထားတယ်။ စာတင်တော့ နောင်အစိုးရလက်ထက်မှာ ပြန်ကြားရေးဝန်ကြီးဌာနရှိ၊ မရှိ၊ မြန်မာ့အသံနဲ့ရုပ်မြင်သံကြားဌာနရှိမရှိ မသေချာတဲ့အတွက် နောင်အစိုးရနဲ့သာ ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ပါရန်ဆိုပြီး အကြောင်းပြန်လာတယ်။ ဆိုလိုတာက ရုပ်သံလွှင့်မှုဆိုင်ရာ ကိစ္စတွေကိုတော့ အရင်နှစ်တွေလိုကူညီဖို့ မဖြစ်နိုင်တော့ဘူးလို့ကိုယ်နားလည်ပါတယ်။ ဒါပေမဲ့ ကိုယ်တို့ရှေ့အပတ်မှာပဲ အသံလွှင့်မီဒီယာတွေ အားလုံးနဲ့ကိုယ်တို့ပွဲကြီးအတွက်တွေ့ဆုံဆွေးနွေးပွဲ လုပ်ပါမယ်။ မြန်မာ့အသံကိုလဲ ဖိတ်မှာပါ။ အဲ့ဒီအခါကျမှာ လွှင့်မယ်။ မလွှင့်ဘူး အတိအကျသိရပါမယ်။"လို့ သူက ပြောပါတယ်။

ဒါ့အပြင် သူထပ်ပြီး ဖွင့်ဟသွားတာက "နှစ်နှစ်ပေါင်းပြီး လုပ်ရမယ်ဆိုပေမဲ့ ပွဲကတော့ တစ်ပွဲပဲစီစဉ်ရမှာပါ။ ဆုရွေးချယ်မှုအတွက် ကတော့ နှစ်နှစ်စာလုံးအတွက်ပြီးသလောက်ဖြစ်နေပါပြီ။ နောက်ပြီး ဆုရွေးချယ်မှု ပုံစံတွေ လဲပြောင်းထားပါတယ်။ နှစ်မျိုးပေါ့နော်။ တချို့တွေကျတော့လဲ သိပ်မသိကြဘူး။ တကယ်တော့ စိစစ်ရွေးချယ်တဲ့ စည်းမျဉ်းစည်းကမ်းဆိုတာက အရင်တုန်းက ပြန်ကြားရေးဝန်ကြီးဌာနက ဦးစီးပြီး အကယ်ဒမီတွေပေးခဲ့တယ်။ ရုပ်ရှင်အစည်းအရုံးက စပြီးပေးရမယ်လို့သိရတဲ့အချိန်မှာ ကိုယ်တို့ပြင်ဆင်ခဲ့တယ်။ တစ်နှစ်ကျော်ကြာအောင် အကယ်ဒမီ စိစစ်ရွေးချယ်ရေးစည်းမျဉ်းစည်းကမ်းတွေကို လောကသားတွေ အလွှာအသီးသီးကအတတ်ပညာရှင်၊ အသိပညာရှင်တွေဆီက အကြံဥာဏ်တွေကို အစည်းအဝေးအကြိမ်ပေါင်းများစွာခေါ်ပြီး အလွှာအသီးသီးရဲ့တင်ပြချက်တွေကို ထုတ်နှုတ်ထားတဲ့ အကယ်ဒမီ စိစစ်ရွေးချယ်ရေးစည်းမျဉ်းစည်းကမ်းစာအုပ်ဆိုတာရှိပါတယ်။ အဲ့ဒီစာအုပ်ကို ကိုင်ဆွဲပြီးရွေးချယ်တာဖြစ်ပါတယ်။ ဒီနှစ်မှာပြောင်းလဲတာက ကိုယ်ဆိုလိုတာက ခုနကပြောတဲ့ စည်းမျဉ်းစည်းကမ်းဆိုတာ လျှို့ဝှက်ရွေးတာ မဟုတ်ပါဘူး။ လက်တန်းရွေးတာမဟုတ်ပါဘူး။ နံကြားထောက်ရွေးတာ မဟုတ်ပါဘူး။ စည်းမျဉ်းစည်းကမ်း အတိုင်းပဲရွေးချယ်တာပါ။ အဲ့ဒီစည်းမျဉ်းစည်းကမ်းဆိုတာကလဲ တစ်နှစ်ကျော်ကြာရေးဆွဲထားတဲ့ လောကသားတွေရဲ့ စည်းမျဉ်းစည်းကမ်းဖြစ်ပါတယ်။ ဒီနှစ်မှာပြောင်းလဲထားတယ် ဆိုတာက သက်ဆိုင်ရာ ဘာသာရပ်အလိုက် ကျွမ်းကျင်သူတွေကပဲ စိစစ်ရွေးချယ်တဲ့ စနစ်ကိုပြောင်းလဲထားတာပါ။ ဆိုလိုတာက သရုပ်ဆောင်တွေက ကိုယ့်သရုပ်ဆောင်ကို စိစစ်ရွေးချယ်ရမယ်။ သရုပ်ဆောင်နဲ့မဆိုင်တဲ့နည်းပညာဆိုင်ရာ ဓာတ်ပုံတို့၊ အသံတို့၊ ဇာတ်ညွှန်းတို့အစရှိတဲ့ ကိုယ်မကျွမ်းကျင်တဲ့ ဘာသာရပ်ကို လှမ်းပြီး စိစစ်အကဲဖြတ်ခွင့်မရှိပါဘူး။ ပွဲကိုတော့ အတတ်နိုင်ဆုံး ခမ်းနားအောင်ကိုယ်ကြိုးစားပါမယ်"တဲ့။

ကောလာဟလနဲ့ပတ်သက်ပြီးတော့ အမြဲကြုံနေရသူဖြစ်တဲ့ သူက အဲ့ဒါနဲ့ ပတ်သက်ပြီးတော့လည်း "ကောလာဟလကတော့ ဖြတ်သန်းရတာကြာတော့ အရည်ထူနေပါပြီ။ ဆိုလိုတာက မနီးမဝေးက လူတွေကြောင့်ဖြစ်တာပေါ့။ မနီးမဝေးဆိုတော့ အရာဝတ္ထုတစ်ခုကို မမြင်ဘူးလဲ မဟုတ်ဘူး။ သဲသဲကွဲကွဲမြင်တယ်လဲ မဟုတ်ဘူး။ အဲ့ဒါကြောင့်ကောလာဟလကထွက်တာပါ။ ဒါရိုးသားတဲ့ကောလာဟလပေါ့။ မရိုးသားတဲ့ကောလာဟလကတော့ တမင် တိုက်ခိုက်လိုတဲ့ ရည်ရွယ်ချက်နဲ့လုပ်ကြံဖန်တီးလိုတဲ့ ကောလာဟလပါ။ ဒီအချိန်မှာ အွန်လိုင်း မီဒီယာဖေ့စ်ဘုတ်တွေ ကျယ်ပြန့်ပျံ့နှံ့အချိန်နဲ့တစ်ပြေးညီ ဖြစ်နေတဲ့အခါ ယုံလွယ်သူတွေ အတွက်တော့ အထင်မှားစရာ ဟာ စက္ကန့်တိုင်းမှာဖြစ်နေပါတယ်။ ဒါပါပဲ။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.