iPhone မှာ password မလိုဘဲ ဝင်ရောက်နိုင်မယ့် နည်းလမ်း

little_girl_s_expl_2726200n.jpg

ဗီဒီယိုဖိုင်တစ်ခုက iPhone မှာ password ရိုက်ထည့်စရာမလိုဘဲ ဝင်ရောက်နိုင်တဲ့ နည်းလမ်းလေးတစ်ခု ဖော်ပြပေးခဲ့ပါတယ်။

အဲဒီနည်းက iPhone ရဲ့ လုံခြုံရေးကို လမ်းလွှဲဖောက်ဝင်လို့ ရစေမှာပါ။ သဘောက password မေ့သွားရင်တောင် ဝင်လို့ရမှာဖြစ်ကြာင်း အခိုင်အမာ ပြောဆိုထားပါတယ်။

အဆင့်အနည်းငယ်လေးဖြင့် အဲဒီဗွီဒီယိုက iPhone မှာ ၄င်းရဲ့ လုံခြုံရေးစနစ်မဖြတ်ဘဲ စက္ကန့်ပိုင်းအတွင်း လွယ်ကူစွာ အံ့သြဖွယ် ဝင်ရောက်နိုင်မယ့်နည်းကို ပြသသွားပါတယ်။

ယင်းဗွီဒီယိုအရ lock screen ပေါ်က Home Button ကို ဖိထားပြီး Siri ပေါ်တာ စောင့်ရမှာပါ။

Siri အဆင်သင့်ဖြစ်နေတဲ့အချိန်မှာ ဘယ်ချိန်ရှိပြီလဲ "what the time is" လို့သာ ပြောဆိုမေးမြန်းပြီး "Clock"  app ထဲရောက်အောင် နာရီသင်္ကေတလေး နှိပ်ရပါမယ်။

နိုးစက်ရပ်တာနဲ့ ထွက်တဲ့ အသံကို ရွေးချယ်စရာ နေရာလေးဖြစ်တဲ့ "World Clock" tab ဆီရောက် သွားပါလိမ့်မယ်။

ဒီ menu ကနေတဆင့် iTunes store သို့ ဦးတည်ရောက်စေတဲ့ နောက်ထပ် tones တွေ ဝယ်ဖို့ ရွေးချယ်စရာတွေ ရှိပါတယ်။

ဒီနေရာကနေ home button ကို နှိပ်ပြီး passcode ရိုက်ထည့်စရာမလိုဘဲ ဖုန်းရဲ့ home screen ပင်မစာမျက်နှာဆီ သွားနိုင်ပါတယ်။

တချို့တွေ ဒီနည်းနဲ့ ကံကောင်းမှုမရှိခဲ့ကြတဲ့အချိန်မှာ တခြားသူများအတွက် အလုပ်ဖြစ်ကြောင်း မှတ်ချက်ပေးသူတွေ အခိုင်အမာပြောဆိုခဲ့ကြပါတယ်။ 

Ref: The Sun 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.