ဘာသာရေးနဲ့ နီးစပ်တဲ့ ကလေးငယ်တွေက စိတ်ကူးယဉ်အချက်နဲ့ စစ်မှန်တဲ့ အချက်ကို ခွဲခြားရာမှာ ပုံမှန်ကလေးတွေထက် ပိုပြီးခက်ခဲတယ်လို့ဆို

child-praying.jpg

 ဘော့စတွန် တက္ကသိုလ်က လေ့လာတွေ့ရှိမှုအသစ်အရ ဘာသာရေးကိုင်းရှိုင်းတဲ့ ကလေးငယ်တွေက အချက်အလက်အမှန်နဲ့ စိတ်ကူးယဉ်အချက်တွေကို ခွဲခြားနိုင်စွမ်း အားနည်းတယ်လို့ သုတေသီတွေက ဆိုပါတယ်။

သုတေသီတွေက အသက် ၅ နှစ်နဲ့ ၆ နှစ်အရွယ် ကလေးငယ်တွေကို မတူညီတဲ့ ပုံပြင် ၃ ပုဒ်ပေးပြီး စမ်းသပ်ခဲ့ပါတယ်။ တစ်ပုဒ်က ဘာသာရေး ပုံပြင်၊နောက်တစ်ပုဒ်က လက်တွေ့ မဖြစ်နိုင်တဲ့ ဆန်းကြယ်တဲ့ ပုံပြင်၊ နောက်တစ်ပုဒ်က ကျိုးကြောင်းဆီလျော်တဲ့ အမှန်တရားကို ပြတဲ့ ပုံပြင်တို့ပဲ ဖြစ်ပါတယ်။ စစ်တမ်းကောက်ယူမယ့် ကလေးတွေကိုလည်း ဘာသာရေးဆိုင်ရာ နေရာတွေကို ပုံမှန်သွားလေ့ရှိသူတွေနဲ့ သွားလေ့မရှိတဲ့ ကလေးတွေဆိုပြီး အုပ်စုခွဲလေ့လာခဲ့ပါတယ်။

ကလေးငယ်တွေကို လေ့လာတဲ့အခါမှာ ဘာသာရေးကျောင်းတွေ မှန်မှန်တက်တဲ့ ကလေးငယ်တွေက ဘယ်ပုံပြင်က အမှန်၊ ဘယ်ပုံပြင်က စိတ်ကူးယဉ် ဇာတ်လမ်းဆိုတာ ခွဲခြားနိုင်ဖို့ ခက်ခဲတာတွေ့ရပြီး ဘာသာရေးဆိုင်ရာ အယူအဆတွေရဲ့ ထိတွေ့မှု အားကောင်းတဲ့အတွက် ဘာသာရေးဆိုင်ရာ ဝတ္ထုနဲ့ ဆန်းကြယ်တဲ့ စိတ်ကူးယဉ်ပုံပြင်ကိုတောင် မခွဲခြားနိုင်ပါဘူး။ ဘာသာရေးနဲ့ မနီးစပ်တဲ့ကလေးငယ်တွေက စိတ်ကူးယဉ်ပုံပြင်ကို အစစ်အမှန်လို့ မယုံကြည်ဘဲ အလွယ်တကူ ခွဲခြားနိုင်တာကို တွေ့ရှိရပါတယ်။ ကလေးငယ်တွေမှာ ဘုရား သို့မဟုတ် မဟာလူသားဝါဒကို သဘာဝ အလျှောက် ယုံကြည်နိုင်ဖို့ ဆိုတာ မဖြစ်နိုင်ဘဲ ဘာသာရေးဆိုင်ရာ သင်ကြားမှုတွေကြောင့်  ယုံကြည်လာကြခြင်း ဖြစ်ပါတယ်။

ဘာသာရေးဆိုင်ရာ အယူအဆတွေမှာ မဖြစ်နိုင်တာတွေ ဖြစ်လာတတ်တယ်ဆိုတဲ့ အံ့ဖွယ် ဇာတ်ကြောင်းတွေကို လက်ခံကြတဲ့အတွက် ကလေးတွေက မဖြစ်နိုင်ဘူးဆိုတာကို ဆန့်ကျင်တဲ့ အယူအဆရရှိလာတာ ဖြစ်ပါတယ်။
ဘာသာရေး ကိုင်းရှိုင်းတဲ့ ကလေးငယ်တွေက ပိုပြီးကောင်းမွန်တဲ့ လူကြီးတွေဖြစ်လာစေတယ်လို့ အများစုက အခိုင်အမာပြောကြားခဲ့ပါတယ်။ လေ့လာတွေ့ရှိမှုတစ်ခုအရ ကျိုးကြောင်းဆင်ခြင်ဥာဏ် မသုံးနိုင်တဲ့ ဘာသာရေးတစ်ခုရဲ့ လွှမ်းမိုးခြင်းခံရတဲ့သူတွေက သူတို့နဲ့ အယူအဆမတူသူတွေအပေါ်မှာ ဘာသာရေးယုံကြည်ချက်မပြင်းထန်သူတွေထက် ပိုပြီး အနိုင်ကျင့်တတ်တယ်လို့ တွေ့ရှိရပါတယ်။

Ref:higherperspectives
 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.