ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ရင်း အဝတ်အစားတွေ လျှော်ဖွတ် သန့်စင်ပေးမယ့် စက်ဘီး

51279274.jpg

ကိုယ်ကာယလေ့ကျင့်ခန်းဆောင်ရွက်လိုပြီး အိမ်မှုဝေယျာဝစ္စပါ တစ်ချိန်တည်း ဆောင်ရွက်ပြီးစီးချင်ပါသလား။ ဒီအရာတွေ အားလုံးက လျှပ်စစ်ဓာတ်အားလည်း အသုံးပြုစရာမလိုတဲ့အတွက် သင့်စိတ်ကြိုက် ဖြစ်ပါလိမ့်မယ်။ ဒီတစ်ခါ မိတ်ဆက်ပေးချင်တာကတော့ တရုတ်နိုင်ငံ Dalian Nationalities University ကျောင်းသားတွေက တီထွင်ဖန်တီးလိုက်တဲ့ စက်ဘီးအဝတ်လျှော်စက် "Bike Washing Machine" အကြောင်းပါပဲ။

ဒီစက်က အချိန်သိပ်မရတဲ့ ကိုယ်ကာယလေ့ကျင့်ခန်း လုပ်လိုသူများအဖို့ အထူး အထောက်အကူ ဖြစ်စေပါတယ်။ စက်ဘီးက နေ့စဉ်ကိုယ်ကာယ လေ့ကျင့်ခန်းဆောင်ရွက်စေပြီး တစ်ချိန်တည်းမှာ အဝတ်အစားများလည်း လျှော်ဖွတ်သန့်စင်ပြီးသား ဖြစ်စေပါတယ်။

ဒီ့ပြင် ယင်းစက်ဘီးတီထွင်သူ ကျောင်းသားများက အပိုထုတ်လုပ်တဲ့ စွမ်းအင်တွေကိုလည်း ဖန်သားမျက်နှာပြင် သို့မဟုတ် နောက်ပိုင်း အသုံးပြုခြင်းအတွက် သိုလှောင်ထားမှာဖြစ်ကြောင်း ပြောပါတယ်။

ယင်းဆန်းသစ်တီထွင်ကြံဆမှု စိတ်ကူးအိုင်ဒီယာမှာ ကိုယ်ကာယလေ့ကျင့်ခန်းပြုလုပ်ခြင်းနဲ့ ညစ်ပတ်တဲ့ အဝတ်အစားများ သန့်စင်ဖို့ ကာဗွန်ကင်းတဲ့ စွမ်းအင်အရင်းအမြစ်တစ်ခု တပြိုင်နက်ပေါင်းစပ်ပါဝင်ထားတာပါ။ သို့ပေမယ့် လတ်တလောမှာတော့ အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး အဓိက အသေးစိတ်အချက်အလက်တချို့ကို ထုတ်ဖော်ထားခြင်းမရှိသေးတာကြောင့် သိပ်မကြာခင်မှာ အတိအကျဖော်ထုတ်ပြောဆိုနိုင်ဖွယ်ရှိပါတယ်။ 

Ref: TOI

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.