သင်ကြိုက်တဲ့ ရုပ်ရှင်ကားအမျိုးအစားတွေက သင်ဘယ်လိုလူမျိုး ဆိုတာ ပြောပြပေးနိုင်

watching_a_movie.jpg

စာရေးဆရာများဖြစ်တဲ့ Ezra Werb နဲ့ Risa Williams တို့က လူတစ်ယောက်ရဲ့ အကြိုက်ဆုံးရုပ်ရှင်ကားက သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ပြောနိုင်လားဆိုတာနဲ့ ပတ်သက်ပြီး စစ်တမ်းတစ်ခုကောက်ယူတဲ့အခါ ထူးထူးခြားခြား ဆက်နွယ်မှုရှိကြောင်း တွေ့ရှိခဲ့ပါတယ်။

သိပ္ပံစိတ်ကူးယဉ် ဇာတ်လမ်း

လောကကြီးရဲ့ ထူးဆန်းအံ့သြဖွယ်ကောင်းတာတွေကို ယုံကြည်သူတစ်ယောက် ဖြစ်တယ်။ဖန်တီးနိုင်စွမ်းရှိပြီး ရှင်းလင်းပြတ်သားတဲ့ စိတ်ကူးတွေရှိတယ်။သမားရိုးကျဆန်တဲ့ ဘဝထဲကနေထွက်ပြီး ကိုယ်ဖန်တီးချင်တဲ့ ကမ္ဘာမှာပဲနေတဲ့သူတွေ ဖြစ်မယ်။

ဟာသ

ရယ်မောရတာကို နှစ်သက်ပြီး သူတစ်ပါးကို ရယ်မောအောင် လုပ်ပေးချင်သူတွေ ဖြစ်ပါတယ်။တာဝန်တစ်ခုကနေ ရှောင်ပြေးသွားချင်ပေမဲ့ မရှောင်ထွက်နိုင်တဲ့သူတွေ ဖြစ်ပါတယ်။လောကကြီးက ကြမ်းတမ်းတယ်ဆိုတာ သိပေမဲ့ ပျော်ရွှင်အောင်နေဖို့ကို ဦးစားပေးတတ်သူတွေ ဖြစ်ပါတယ်။

စွန့်စားခန်း

သတ္တိရှိပြီး ကိုယ်ယုံကြည်ရာအတွက် တိုက်ခိုက်ပြီး ယူရတယ်ဆိုတာကို ယုံကြည်သူဖြစ်ပါတယ်။စိတ်လှုပ်ရှားမှုကို လိုလားပြီး စိတ်လှုပ်ရှားမှု ရရှိနိုင်ဖို့အတွက် ဘာမဆို စွန့်စားလိုတဲ့သူတွေဖြစ်ပါတယ်။

သရဲကား

အရာအားလုံးကို မြင်တဲ့အတိုင်း ပြောတတ်တဲ့သူဖြစ်ပြီး မကောင်းမြင်တဲ့ဘက် ပိုများတယ်။ ဒါပေမဲ့ အကြောက်တရားကို ရင်ဆိုင်နိုင်တဲ့ အစွမ်းရှိပြီး မိတ်ဆွေများရဲ့ အားကိုးခြင်းကိုခံရမယ်။

အချစ်ကား

ဘဝမှာ အရာရာကို ပြင်းပြတဲ့ ခံစားချက်နဲ့ ဆောင်ရွက်လေ့ရှိမယ်။ သစ္စာရှိပြီး အကြင်နာမေတ္တာကြီးမားမယ်။ ဘယ်တော့မှ မျှော်လင့်ချက်ပျောက်ဆုံးသလို ခံစားရမှာ မဟုတ်ဘူး။

မှတ်တမ်းကား

အံ့ဖွယ်တွေကို သဘောမကျတတ်ဘူး။ အမှန်တရားနဲ့ အသိဥာဏ်ပညာကို တန်ဖိုးထားတတ်တဲ့သူဖြစ်မယ်။ သူများပြောတာကို ကောင်းကောင်း နားထောင်ပေးတတ်တဲ့အတွက် မိတ်ဆွေတွေ အတွက် စကားပြောဖို့ လိုအပ်တဲ့အချိန်တိုင်း အဖော်ကောင်းတစ်ယောက် ဖြစ်ပေးတတ်တဲ့သူမျိုး ဖြစ်ပါတယ်။

မြူးဇစ်နဲ့ပတ်သက်ပြီး ရိုက်ထားတဲ့ကား

သီချင်းတွေက လူကို ငိုအောင် ရယ်အောင် လုပ်နိုင်သလိုပဲ ခံစားချက်အမျိုးမျိုးရှိတဲ့သူမျိုး ဖြစ်မယ်။ အနုပညာဆန်ပြီး ဖန်တီးနိုင်စွမ်းရှိသူဖြစ်မယ်။ အပြင်သွားရတာကို နှစ်သက်တဲ့သူဖြစ်မယ်။

ကာတွန်းကား

ပြုံးခြင်း၊ရယ်ခြင်းရဲ့ အရေးပါမှုကို နားလည်တဲ့သူဖြစ်သလို ထူးခြားတဲ့ အရည်အချင်းတစ်ခုခု ပိုင်ဆိုင်ထားသူတွေလည်း ဖြစ်ပါတယ်။ တခြားသူတွေအတွက် အမြဲစဉ်းစားပေးတတ်ပြီး သူများ မနာလို ချင်စရာကောင်းလောက်အောင် ဖြူစင်တဲ့သူဖြစ်မယ်။

Ref:yourtango

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.