George Clooney အိုမင်းလို့ သရုပ်ဆောင် မလုပ်တော့တာလား

cloon_2722556a.jpg

ဟောလိဝုဒ်မှာ အရွယ်ကျလာခြင်းက အမျိုးသမီးများအတွက်သာ ပြသနာတစ်ခုမဟုတ်တော့ပါ။ George Clooney က သူအသက်ရလာလေ သရုပ်ဆောင်မှုအပိုင်း ပို၍ပို၍ လျော့နည်းလာလေဟု ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

BBC နဲ့ ပြောဆိုရာမှာ အသက် ၅၄ ရှိနေပြီဖြစ်တဲ့ သူက "ဘယ်သူဖြစ်ဖြစ် တကယ်အသက်ကြီးလာရင် ဘယ်သူမှ တွေ့ချင်ကြတော့မှာ မဟုတ်တော့ဘူးလေ။ ဒါကြောင့် အသက်ကြီးလာခြင်းက ပိတ်ကားပေါ် ဖြည်းဖြည်းချင်း ဆင်းပေးရမယ့် တစ်စုံတစ်ခုဖြစ်လာပြီလို့ ယူဆပါတယ်"တဲ့။

ငယ်တုန်းမှာ ကိုယ်နဲ့ အဆင်ပြေဆုံး ဇာတ်ကားတွေရွေးချယ်ကြတယ်။ နောက် အသက်ရလာတော့ ကြိုဆိုလက်ခံမှု တစ်စတစ်စနည်းနည်းလာတယ်။

Syriana မှာ သူ့ရဲ့သရုပ်ဆောင်ချက်အတွက် ၂၀၁၅ ခုနှစ်မှာ အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆု ရရှိခဲ့တဲ့ A အတန်းစားထဲမှာ ပါဝင်သူက သူအင်မတန်မြတ်နိုးတဲ့ အလုပ်က ဒါရိုက်တာအလုပ်လို့ ပြောဆိုကာ ကင်မရာနောက်ကွယ်မှ လှုပ်ရှားဆောင်ရွက်မှုကို အရိပ်အမြွက်ပြောဆိုခဲ့ပါတယ်။

ပိတ်ကားပေါ် အသက်ကြီးလာရင် တစ်သက်လုံး ကင်မရာရှေ့ နေလို့မရဘူးဆိုတာ နားလည်သဘောပေါက်တဲ့ အချိန်ရောက်လာပြီလို့ သူက ပြောဆိုခဲ့ပါတယ်။

Clooney ရိုက်ကူးခဲ့တဲ့အထဲမှာ အော်စကာဆန်ကာတင်စာရင်းဝင် ဇာတ်ကားများဖြစ်တဲ့ Good Night and Good Luck နဲ့ The Ides of March အပြင် သိပ်အသိမှတ်ပြုမခံရတဲ့ Leatherheads နဲ့ The Monuments Men တို့ ပါဝင်ပါတယ်။

နောက်ထွက်ရှိလာမှာကတော့ Matt Damon၊ Josh Brolin နဲ့ Julianne Moore တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ရာဇဝတ်လျို့ဝှက်ဇာတ်ကား Suburbicon ဖြစ်ပါတယ်။

ဒီကြယ်ပွင့်ဟာ ထုတ်လုပ်သူအဖြစ်နဲ့လည်း လုပ်ဆောင်ခဲ့ပြီး Oscars Best Pictures ဆု ဆွတ်ခူးသိမ်းပိုက်တဲ့  Argo အပါအဝင် ချီးကျူးလေးစားမှုခံရတဲ့ သူလည်းဖြစ်ပါတယ်။ 

Ref: The Sun 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.