ရက်(ပ်) ဂီတက လိင်မှုကိစ္စ စောစောစီးစီး စတင် စိတ်ဝင်စားစေနိုင်ဟုဆို

rap-music-thinkstock-2.jpg

ရက်(ပ်) ဂီတ မကြခဏ နားထောင်တဲ့ ဆယ်ကျော်သက်လူငယ်တွေဟာ လိင်ကိစ္စကို စောစီးစွာ စတင်ဆောင်ရွက်နိုင်ခြေ ပိုများကြောင်း အမေရိကန်လေ့လာမှု အသစ်တစ်ရပ်က ဆိုပါတယ်။

အလယ်တန်းကျောင်းသား လူငယ်တွေ ရက်(ပ်) သီချင်းကို တစ်နေ့ ၃ နာရီ သို့မဟုတ် အဲဒီထက် ပိုနားထောင်တဲ့အခါ သူတို့ သက်တူရွယ်တွေဟာ ဒီလိင်ကိစ္စလုပ်ဆောင်နေကြပြီလို့ ယုံကြည်မှုရှိလာပြီး အကျိုးဆက်အနေနဲ့ grade 9 လောက်မှာ လိင်ကိစ္စစတင်လုပ်ဆောင်နိုင်ခြေ ပိုများတယ်လို့  Houston ပြည်နယ် University of Texas Health Science Centre မှ သုတေသီများက ပြောဆိုခဲ့ပါတယ်။

လိင်ကိစ္စဆိုင်ရာ ပွင့်လင်းလွတ်လပ်မှုရှိတဲ့ မီဒီယာတွေဟာ လူငယ်တွေကြား လိင်ကိစ္စနဲ့ ပတ်သက်တဲ့ အပြုအမူပိုင်းဆိုင်ရာ မှာ အကျိုးသက်ရောက်မှုတစ်ခုရှိကြောင်း ယခင်လေ့လာချက်များ ဖော်ပြခဲ့ပါတယ်။ ရက်(ပ်) ဂီတက တခြားဂီတ အမျိုးအစားတွေထက် လိင်ပိုင်းဆိုင်ရာ လွတ်လပ်ပွင့်လင်းတဲ့ မေ့ဆေ့ခ်ျတွေ ပိုပေးကြောင်း သုတေသီတွေက ပြောပါတယ်။

Grade 7 လောက်မှာ ရက်(ပ်) သီချင်း ၃ နာရီနဲ့ ထိုထက်ပို နားထောင်တဲ့ လူငယ်တွေဟာ ၂ နှစ်ကြာပြီးတဲ့အချိန်မှာ လိင်ကိစ္စပါဝင်ပတ်သက်မှု ၂.၆ ဆ ပိုများနိုင်ကြောင်း သိရပါတယ်။

ရက်(ပ်) ဂီတဟာ မိမိနဲ့ သက်တူရွယ်တူတွေ ဘာတွေ လုပ်ဆောင်နေကြလဲ မိမိ ထင်မြင်ယူဆတဲ့ အရာနဲ့ ပတ်သက်ပြီး မိမိယုံကြည်ချက်ကို သြဇာလွှမ်းမိုးတယ်လို့ ယင်းလေ့လာမှု ဦးစီးသူ Kimberly Johnson-Baker က ပြောဆိုခဲ့ပါတယ်။ 

Ref: B-S

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.