အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီး အိပ်ချိန်လိုအပ်

woman_sleep.jpg

 လေ့လာတွေ့ရှိမှုအရ ဇနီးများက ခင်ပွန်းတွေထက် အိပ်ချိန်ပိုလိုအပ်ကြောင်း တွေ့ရှိရပါတယ်။ သက်လတ်ပိုင်း အမျိုးသား၊ အမျိုးသမီး ၂၁၀ ကိုလေ့လာကြည့်ရာမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် အိပ်ရေး မဝခြင်းကြောင့်ဖြစ်တဲ့ ရောဂါတွေပိုပြီး ခံစားရတာကို တွေ့ရှိရပါတယ်။
 

အမျိုးသမီးတွေမှာ အိပ်ချိန်နည်းပါးတဲ့အတွက် စိတ်ဖိစီးမှုများခြင်း၊ ဒေါသထွက်ခြင်း၊ စိတ်ဓာတ်ကျခြင်းတွေကို ပိုပြီးခံစားရနိုင်ကြောင်း။အမျိုးသားတွေမှာ အလားတူအိပ်ချိန်လျော့နည်းပေမဲ့ ဒီလိုခံစားချက်မျိုးတွေ ခံစားရခြင်းမရှိကြောင်း တွေ့ရှိရပါတယ်။

အိပ်စက်ခြင်းရဲ့ အဓိကတာဝန်တစ်ရပ်က ဦးနှောက်ကို သူ့ဘာသာ လိုအပ်သည်များကို ပြန်လည် ကောင်းမွန်အောင် ပြုပြင်နိုင်ဖို့ အချိန်ပေးခြင်းပဲ ဖြစ်ပါတယ်လို့ Loughborough တက္ကသိုလ်က ပါမောက္ခ Jim Horne က ပြောကြားခဲ့ပါတယ်။နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေစဉ်အတွင်းမှာ အတွေးတွေ၊ မှတ်ဥာဏ်တွေ၊ ဘာသာစကားတွေနဲ့ဆိုင်တဲ့ ဦးနှောက်ရဲ့ အပြင်လွှာက အာရုံတွေနဲ့ ကင်းကွာအောင်လုပ်ပေးပြီး ပြန်လည် မှတ်မိလာအောင် လုပ်ဆောင်ပေးပါတယ်။

နေ့ဘက်မှာ ဦးနှောက်ပိုသုံးရတဲ့သူတွေက ပြန်ပြီးမှတ်မိအောင် လုပ်ရတဲ့အချိန်ပိုကြာလေ ဖြစ်တဲ့အတွက် အိပ်ချိန် ပိုလိုအပ်ပါတယ်။အမျိုးသမီးတွေက အလုပ်များစွာလုပ်ရတဲ့လူတွေဖြစ်တဲ့အတွက် သူတို့ရဲ့ ဦးနှောက်ကို အသုံးပြုတဲ့အချိန်က အမျိုးသားတွေထက် ပိုပါတယ်။ဒါကြောင့် အမျိုးသမီးတွေက အိပ်ချိန်ပိုမို လိုအပ်တာ ဖြစ်ပါတယ်။

အမျိုးသမီးတွေရဲ့ အိပ်ချိန်လိုအပ်ချက်က အမျိုးသားတွေထက် မိနစ် ၂၀ ခန့်ပိုပါတယ်။ဒါပေမဲ့ အမျိုးသမီး အများစုကတော့ လက်တွေ့မှာ ပုံမှန်အိပ်ချိန်ထက် အနည်းငယ်ပိုနည်းနေတာ တွေ့ရပါတယ် လို့ သုတေသီတွေက ဆိုထားပါတယ်။

Ref:yourtango

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.