ကြက်ဥပြုတ်နည်းအဆင့်ဆင့်

index.jpeg

ကြက်ဥပြုတ်တဲ့အခါ အချိန်က တကယ် အရေးကြီးပါတယ်။ ကြက်ဥပြုတ်မယ်ဆိုရင် မှန်ကန်တဲ့ နည်းစနစ်လေး သိရုံလေးပါပဲ။ အောက်ပါတို့က ကြက်ဥကို အကောင်းဆုံးပြုတ်တတ်စေရန် လမ်းညွှန်ချက်တစ်ခု ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

ကြက်ဥ (၆) လုံး

ရေအေး

ရေခဲ

အသုံးပြုပစ္စည်းများ

ပန်းကန်

လက်ကိုင်တပ်ဒယ်အိုး

အပေါက်ဖောက်ထားတဲ့ ဇွန်း

ချိန်ကိုက်နာရီ

လမ်းညွှန်ချက်များ

၁။ ရေဖြည့်ထားတဲ့ လက်ကိုင်တပ်ဒယ်အိုးထဲ ကြက်ဥတွေ ထည့်ပါ။ ရေထဲ ကြက်ဥ တစ်လက်မ မြုပ်နေရပါမယ်။

၂။ အဖုံးဖွင့်လျက် ရေကို ဆူအောင်တည်ပါ။

၃။ မီးအပူရပ်ပြီး ဒယ်အိုးကို ဖုံးပါ။ ရေပွတ်ပွတ်ဆူလာတာနဲ့ ဒယ်အိုးကို မီးဖိုကနေချ၊ ပြီးနောက် အဖုံးပိတ်ပါ။

၎။ ချိန်ကိုက်နာရီကို လိုသလို ချိန်ပြီးနောက် ကြက်ဥ အဖုံးပိတ်ထားတဲ့ ဒယ်အိုးထဲ ကြက်ဥကို မာချင်၊ ပျော့ချင်လားဆိုတာပေါ် မူတည်ပြီး သတ်မှတ်ထားတဲ့ အချိန်အတိုင်းအတာထိ ထားပါ။

၅။ ကြက်ဥတွေ ညင်သာစွာ ဆယ်ထုတ်ပါ။ ဒါပေမယ့် ကြက်ဥက အရမ်းပျော့နေရင် ဒီအဆင့်ကို ကျော်လိုက်ပါ။

၆။ ကြက်ဥတွေကို ရေခဲရေထည့်ထားတဲ့ ပန်းကန်ထဲ ထည့်ပြီး အနည်းဆုံး ၁ မိနစ်ကြာအောင် ထားပါ။

၇။ အခွံခွာပြီး သုံးဆောင်နိုင်ပါပြီ။

မှတ်ချက်။    ။ ပိုတဲ့ကြက်ဥတွေကို အခွံမခွာဘဲ ရေခဲသေတ္တာထဲ ထားပါ။ (၁) ပတ်ထက်မက သိမ်းထားနိုင်ပါတယ်။

Ref:1mhealthtips
 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.