ေယာက္်ားနဲ႔ မိန္းမမွာ ဘယ္သူက ပုိျပီး ေဖာက္ျပန္ပါသလဲ

like_like_like.jpg

သမုိင္းဝင္ အခ်က္အလက္ေတြအရ ေယာက္်ား ၂၂ % နဲ႔ မိန္းမေတြက ၁၄% ေဖာက္ျပန္ၾကေၾကာင္း ေဖာ္ျပခဲ့ၾကပါတယ္။ဒါေပမဲ့ အခ်ိန္ေတြေျပာင္းလဲလာသလို အေၾကာင္းအရာေတြက လည္း ေျပာင္းလဲလာၾကပါတယ္။ မၾကာမီက အဂၤလန္ႏုိင္ငံက ေကာက္ယူခဲ့တဲ့ စစ္တမ္းအရ ေဖာက္ျပန္မႈမွာ ေယာက္်ားက ၉ %ျဖစ္သြားျပီး မိန္းမက ၂၅% ျဖစ္သြားပါတယ္။

သေဘာကေတာ့ ေယာက္်ားအားလုံးရဲ႕၁၀ ပုံ ၁ ပုံကေဖာက္ျပန္တဲ့အခ်ိန္မွာ မိန္းမ ေလးပုံတစ္ပုံက ေဖာက္ျပန္ေနပါတယ္လုိ႔ ဆုိလုိျခင္းျဖစ္ပါတယ္။ေဖာက္ျပန္မႈ ၊သစၥာမဲ့မႈဆုိတာ ကိုယ္ခႏၶာေရာ စိတ္ဓာတ္ကုိေရာ ေငြေၾကးကုိပါ ဖ်က္ဆီးႏုိင္ပါတယ္။

အခု စစ္တမ္းအရ ေယာက္်ားေတြက အဂၤါျဂိဳဟ္ကလာတဲ့ ကာမဂုဏ္ကုိ ဆာေလာင္ျပင္းျပေနတဲ့ သားရုိင္း တစ္ေကာင္နဲ႔တူျပီး မိ္န္းမေတြက ေသာၾကာျဂိဳဟ္ကလာတဲ့ ျဖဴစင္တဲ့ခ်စ္ျခင္းေမတၱာကုိပဲ တန္ဖုိးထားတတ္သူေတြျဖစ္တယ္ ဆုိတဲ့ အဆုိကို ျငင္းဆုိလိုက္ျပီး လိင္ႏွစ္မ်ိဳးစလုံးဟာ ရႈေထာင့္ေပါင္းစုံကေန ေဖာက္ျပန္မႈဆီကုိို ေျပာင္းလဲလာေနတာကုိ ေတြ႔ရွိရပါတယ္။

အမ်ဳိးသားေတြက အိမ္မွာ ေပ်ာ္ရႊင္ရေပမယ့္ အျပင္မွာ အခြင့္အေရးရရင္ လက္လြတ္မခံဘဲ ေပ်ာ္ပါးတတ္သူမ်ားျဖစ္တယ္လုိ႔ ဆုိေပမဲ့ ဟန္ေဆာင္ျပီး ခ်ဥ္းကပ္လာတဲ့သူေတြကို ဖယ္ထုတ္တဲ့ေနရာမွာ ေယာက်ာ္းေတြက ပုိေတာ္တယ္လုိ႔ ဆုိပါတယ္။

တခ်ဳိ႔ကေတာ့ မိန္းမေတြေဖာက္ျပန္ရတဲ့အေၾကာင္းက အဆင္မေျပတဲ့ ဆက္ဆံေရးကေန ခဏတာျဖစ္ျဖစ္ လြတ္ေျမာက္မႈရွာတဲ့ သေဘာျဖစ္တယ္လုိ႔ ဆုိပါတယ္။ ဒါေပမဲ့ ကုိယ့္အေဖာ္မဟုတ္တဲ့ တျခားတစ္ေယာက္နဲ႔ အတူအိပ္ဖုိ႔ကို စိတ္ဝင္စားတဲ့ အတြက္ ေဖာက္ျပန္ၾကျခင္း ျဖစ္ပါတယ္။

အမွန္ေတာ့ ေဖာက္ျပန္ျခင္း အားလုံးနဲ႔ပတ္သက္ျပီး တိက်တဲ့ အေၾကာင္းျပခ်က္တစ္ခုေပးဖုိ႔ မျဖစ္ႏုိင္ေပမဲ့ ကုိယ့္ခ်စ္သူ ေဖာက္ျပန္ရတဲ့အေၾကာင္းရင္းကုိ သိႏုိင္မယ္ဆုိရင္ ေက်ာ္လႊားႏိုင္ဖုိ႔ျဖစ္ေစ၊ လက္ခံေပးႏုိင္ဖုိ႔ ျဖစ္ေစ သင့္ေလ်ာ္တဲ့ အေၾကာင္းျပခ်က္တစ္ခုကုိ ရရွိႏိုင္မွာ ျဖစ္ပါတယ္။

Ref:yourtango

unicode

သမိုင်းဝင် အချက်အလက်တွေအရ ယောက်ျား ၂၂ % နဲ့ မိန်းမတွေက ၁၄% ဖောက်ပြန်ကြကြောင်း ဖော်ပြခဲ့ကြပါတယ်။ဒါပေမဲ့ အချိန်တွေပြောင်းလဲလာသလို အကြောင်းအရာတွေက လည်း ပြောင်းလဲလာကြပါတယ်။ မကြာမီက အင်္ဂလန်နိုင်ငံက ကောက်ယူခဲ့တဲ့ စစ်တမ်းအရ ဖောက်ပြန်မှုမှာ ယောက်ျားက ၉ %ဖြစ်သွားပြီး မိန်းမက ၂၅% ဖြစ်သွားပါတယ်။

သဘောကတော့ ယောက်ျားအားလုံးရဲ့၁၀ ပုံ ၁ ပုံကဖောက်ပြန်တဲ့အချိန်မှာ မိန်းမ လေးပုံတစ်ပုံက ဖောက်ပြန်နေပါတယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။ဖောက်ပြန်မှု ၊သစ္စာမဲ့မှုဆိုတာ ကိုယ်ခန္ဓာရော စိတ်ဓာတ်ကိုရော ငွေကြေးကိုပါ ဖျက်ဆီးနိုင်ပါတယ်။

အခု စစ်တမ်းအရ ယောက်ျားတွေက အင်္ဂါဂြိုဟ်ကလာတဲ့ ကာမဂုဏ်ကို ဆာလောင်ပြင်းပြနေတဲ့ သားရိုင်း တစ်ကောင်နဲ့တူပြီး မိ်န်းမတွေက သောကြာဂြိုဟ်ကလာတဲ့ ဖြူစင်တဲ့ချစ်ခြင်းမေတ္တာကိုပဲ တန်ဖိုးထားတတ်သူတွေဖြစ်တယ် ဆိုတဲ့ အဆိုကို ငြင်းဆိုလိုက်ပြီး လိင်နှစ်မျိုးစလုံးဟာ ရှုထောင့်ပေါင်းစုံကနေ ဖောက်ပြန်မှုဆီကိုို ပြောင်းလဲလာနေတာကို တွေ့ရှိရပါတယ်။

အမျိုးသားတွေက အိမ်မှာ ပျော်ရွှင်ရပေမယ့် အပြင်မှာ အခွင့်အရေးရရင် လက်လွတ်မခံဘဲ ပျော်ပါးတတ်သူများဖြစ်တယ်လို့ ဆိုပေမဲ့ ဟန်ဆောင်ပြီး ချဉ်းကပ်လာတဲ့သူတွေကို ဖယ်ထုတ်တဲ့နေရာမှာ ယောကျာ်းတွေက ပိုတော်တယ်လို့ ဆိုပါတယ်။

တချို့ကတော့ မိန်းမတွေဖောက်ပြန်ရတဲ့အကြောင်းက အဆင်မပြေတဲ့ ဆက်ဆံရေးကနေ ခဏတာဖြစ်ဖြစ် လွတ်မြောက်မှုရှာတဲ့ သဘောဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ကိုယ့်အဖော်မဟုတ်တဲ့ တခြားတစ်ယောက်နဲ့ အတူအိပ်ဖို့ကို စိတ်ဝင်စားတဲ့ အတွက် ဖောက်ပြန်ကြခြင်း ဖြစ်ပါတယ်။

အမှန်တော့ ဖောက်ပြန်ခြင်း အားလုံးနဲ့ပတ်သက်ပြီး တိကျတဲ့ အကြောင်းပြချက်တစ်ခုပေးဖို့ မဖြစ်နိုင်ပေမဲ့ ကိုယ့်ချစ်သူ ဖောက်ပြန်ရတဲ့အကြောင်းရင်းကို သိနိုင်မယ်ဆိုရင် ကျော်လွှားနိုင်ဖို့ဖြစ်စေ၊ လက်ခံပေးနိုင်ဖို့ ဖြစ်စေ သင့်လျော်တဲ့ အကြောင်းပြချက်တစ်ခုကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

Ref:yourtango
 

302 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.