ကုိ္ယ့္ရဲ႕ ဖန္တီးႏုိင္စြမ္းျမင့္မားေအာင္ ဘယ္လုိလုပ္ယူမလဲ

n-business-dream-628x314.jpg

ကုိယ့္ပတ္ဝန္းက်င္မွာ ဖန္တီးႏုိင္စြမ္းရွိတဲ့ စာေရးဆရာေတြ၊ အႏုပညာရွင္ေတြ၊ တီထြင္ဖန္တီးသူေတြကုိေတြ႔တဲ့အခါ အားက်မိတဲ့စိတ္ျဖစ္မိမွာပါ။ ဒီလုိ အခ်ိန္မွာကို ယ့္ကိုယ္ကုိ အားမငယ္ပါနဲ႔။ ဖန္တီးႏုိင္စြမ္းဆုိတာ လူတုိင္းမွာ ရွိပါတယ္။ လွပတဲ့ ပန္းခ်ီကားေတြေရာင္းႏုိင္တဲ့သူ၊ျငိမ့္ေညာင္းတဲ့သံစဥ္ေတြ တီးခတ္ႏုိ္င္တဲ့သူ၊ နည္းပညာအသစ္ေတြ ရွာေဖြေတြ႔ရွိသူေတြမွာပဲ ဖန္တီးႏုိင္စြမ္းရွိတာ မဟုတ္ပါဘူး။ကုိယ့္အစြမ္းကုိ ကိုယ္မေဖာ္ထုတ္တဲ့အတြက္ မသိရွိေသးတာပဲ ျဖစ္ပါတယ္။ ဖန္တီးႏုိင္စြမ္းကုိ ေဖာ္ထုတ္ တုိးတက္ေစမယ့္နည္းေတြ ရွိပါတယ္။ဒီနည္းေတြကုိ စမ္းၾကည့္ႏိုင္ပါတယ္။

လမ္းေလွ်ာက္ပါ

လဲေလ်ာင္းေနတဲ့သူထက္ လမ္းေလွ်ာက္ထြက္ျပီး အျပင္ေလာကနဲ႔ထိေတြ႔မႈရွိျခင္းက ပုိျပီးဖန္တီးႏုိင္စြမ္းရွိတဲ့ ရလဒ္ေတြရရွိေစႏုိင္ပါတယ္လုိ႔ Standford တကၠသုိလ္မွ သုေတသီမ်ားက ဆိုထားပါတယ္။

ဝါသနာ တစ္ခုကုိ အေကာင္အထည္ေဖာ္ပါ။

အလုပ္အျပင္ ဟင္းခ်က္ျခင္း၊ပန္းခ်ီဆြဲျခင္းနဲ႔ သီခ်င္းနားေထာင္ျခင္းလုိ ဝါသနာတစ္ခုကုိ အျမဲလုပ္ေဆာင္တတ္သူမ်ားက ျပႆနာတစ္ရပ္ကုိ ေျဖရွင္းႏုိင္တဲ့ အစြမ္းျမင့္မားျပီး အမ်ားျမင္ေနက် အျမင္မ်ဳိးမဟုတ္ဘဲ အျမင္အသစ္မ်ားျမင္ေလ့ရွိတယ္လုိ႔ ဆုိပါတယ္။

စိတ္ကူးပါ

တစ္ေန႕ကုိ အနည္းဆုံး ၁၀ မိနစ္ေလာက္ ဦးတည္ခ်က္တစ္ခု သတ္မွတ္မထားဘဲ စိတ္ကုိ လြတ္လြတ္လပ္လပ္ထားျပီး ေတြးခ်င္ရာကုိ ေတြးၾကည့္ပါ။ ဒီလုိေတြးပါမ်ားတဲ့အခါမွာ စိတ္ေရာက္သြားတဲ့ေနရာနဲ႔ ေတြ႔ရွိတာေတြက ထူးျခားေနတာကုိ ေတြ႔ရွိလာပါလိမ့္မယ္လုိ႔ ကယ္လီဖုိးနီးယား တကၠသုိလ္က သုေတသီေတြက ဆိုထားပါတယ္။

ရႈပ္ေထြးမႈမ်ားကုိ လက္ခံပါ

သမားရုိးက်အသိအရ ရွင္းလင္းသပ္ရပ္ေနတဲ့ အလုပ္ပတ္ဝန္းက်င္က အလုပ္ျပီးေျမာက္ဖုိ႔အတြက္ တြန္းအားေပးပါတယ္။ ဒါေပမဲ့ ဖန္တီးႏုိင္စြမ္းဆုိတာ သမားရုိးက် ျဖစ္စဥ္မဟုတ္ပါဘူး။ ရႈပ္ပြေနတဲ့ ပတ္ဝန္းက်င္က အစဥ္အလာေတြကို ခ်ဳိးဖ်က္လုိက္သလုိ လတ္ဆတ္တဲ့ အေတြးအျမင္ေတြကို ရရွိေစပါတယ္လုိ႔ မင္နီဆုိတားတကၠသုိလ္မွ စိတ္ပညာဆုိင္ရာ သိပၸံပညာရွင္က ဆုိထားပါတယ္။

အလင္းေရာင္ကုိ မွိန္မွိန္ထားပါ

အလင္းေရာင္ မွိန္မွိန္မွာ အလုပ္လုပ္ျခင္းက ပုံမွန္ ရုံးခန္း အလင္းေရာင္မွာ အလုပ္လုပ္ျခင္းထက္ ပုိျပီး ဖန္တီးႏုိင္စြမ္းကုိ ႏႈိးဆြႏုိင္တယ္လုိ႔ ဆုိပါတယ္။

ႏိုင္ငံရပ္ျခားသုိ႔ သြားေရာက္ပါ

လူမ်ဳိးမတူ ယဥ္ေက်းမႈမတူတဲ့သူေတြနဲ႔ ေတြ႔ဆုံျခင္းက မတူညီတဲ့ ရႈေထာင့္ေတြကေန ၾကည့္ျမင္ေစပါတယ္။ ဆန္းသစ္ေျပာင္းလဲမႈကုိလည္း လႈံ႔ေဆာ္ေပးပါတယ္။

Ref: huffingtonpost

Unicode

ကိုယ့်ပတ်ဝန်းကျင်မှာ ဖန်တီးနိုင်စွမ်းရှိတဲ့ စာရေးဆရာတွေ၊ အနုပညာရှင်တွေ၊ တီထွင်ဖန်တီးသူတွေကိုတွေ့တဲ့အခါ အားကျမိတဲ့စိတ်ဖြစ်မိမှာပါ။ ဒီလို အချိန်မှာကို ယ့်ကိုယ်ကို အားမငယ်ပါနဲ့။ ဖန်တီးနိုင်စွမ်းဆိုတာ လူတိုင်းမှာ ရှိပါတယ်။ လှပတဲ့ ပန်းချီကားတွေရောင်းနိုင်တဲ့သူ၊ငြိမ့်ညောင်းတဲ့သံစဉ်တွေ တီးခတ်နို်င်တဲ့သူ၊ နည်းပညာအသစ်တွေ ရှာဖွေတွေ့ရှိသူတွေမှာပဲ ဖန်တီးနိုင်စွမ်းရှိတာ မဟုတ်ပါဘူး။ကိုယ့်အစွမ်းကို ကိုယ်မဖော်ထုတ်တဲ့အတွက် မသိရှိသေးတာပဲ ဖြစ်ပါတယ်။ ဖန်တီးနိုင်စွမ်းကို ဖော်ထုတ် တိုးတက်စေမယ့်နည်းတွေ ရှိပါတယ်။ဒီနည်းတွေကို စမ်းကြည့်နိုင်ပါတယ်။

လမ်းလျှောက်ပါ

လဲလျောင်းနေတဲ့သူထက် လမ်းလျှောက်ထွက်ပြီး အပြင်လောကနဲ့ထိတွေ့မှုရှိခြင်းက ပိုပြီးဖန်တီးနိုင်စွမ်းရှိတဲ့ ရလဒ်တွေရရှိစေနိုင်ပါတယ်လို့ Standford တက္ကသိုလ်မှ သုတေသီများက ဆိုထားပါတယ်။

ဝါသနာ တစ်ခုကို အကောင်အထည်ဖော်ပါ။

အလုပ်အပြင် ဟင်းချက်ခြင်း၊ပန်းချီဆွဲခြင်းနဲ့ သီချင်းနားထောင်ခြင်းလို ဝါသနာတစ်ခုကို အမြဲလုပ်ဆောင်တတ်သူများက ပြဿနာတစ်ရပ်ကို ဖြေရှင်းနိုင်တဲ့ အစွမ်းမြင့်မားပြီး အများမြင်နေကျ အမြင်မျိုးမဟုတ်ဘဲ အမြင်အသစ်များမြင်လေ့ရှိတယ်လို့ ဆိုပါတယ်။

စိတ်ကူးပါ

တစ်နေ့ကို အနည်းဆုံး ၁၀ မိနစ်လောက် ဦးတည်ချက်တစ်ခု သတ်မှတ်မထားဘဲ စိတ်ကို လွတ်လွတ်လပ်လပ်ထားပြီး တွေးချင်ရာကို တွေးကြည့်ပါ။ ဒီလိုတွေးပါများတဲ့အခါမှာ စိတ်ရောက်သွားတဲ့နေရာနဲ့ တွေ့ရှိတာတွေက ထူးခြားနေတာကို တွေ့ရှိလာပါလိမ့်မယ်လို့ ကယ်လီဖိုးနီးယား တက္ကသိုလ်က သုတေသီတွေက ဆိုထားပါတယ်။

ရှုပ်ထွေးမှုများကို လက်ခံပါ

သမားရိုးကျအသိအရ ရှင်းလင်းသပ်ရပ်နေတဲ့ အလုပ်ပတ်ဝန်းကျင်က အလုပ်ပြီးမြောက်ဖို့အတွက် တွန်းအားပေးပါတယ်။ ဒါပေမဲ့ ဖန်တီးနိုင်စွမ်းဆိုတာ သမားရိုးကျ ဖြစ်စဉ်မဟုတ်ပါဘူး။ ရှုပ်ပွနေတဲ့ ပတ်ဝန်းကျင်က အစဉ်အလာတွေကို ချိုးဖျက်လိုက်သလို လတ်ဆတ်တဲ့ အတွေးအမြင်တွေကို ရရှိစေပါတယ်လို့ မင်နီဆိုတားတက္ကသိုလ်မှ စိတ်ပညာဆိုင်ရာ သိပ္ပံပညာရှင်က ဆိုထားပါတယ်။

အလင်းရောင်ကို မှိန်မှိန်ထားပါ

အလင်းရောင် မှိန်မှိန်မှာ အလုပ်လုပ်ခြင်းက ပုံမှန် ရုံးခန်း အလင်းရောင်မှာ အလုပ်လုပ်ခြင်းထက် ပိုပြီး ဖန်တီးနိုင်စွမ်းကို နှိုးဆွနိုင်တယ်လို့ ဆိုပါတယ်။

နိုင်ငံရပ်ခြားသို့ သွားရောက်ပါ

လူမျိုးမတူ ယဉ်ကျေးမှုမတူတဲ့သူတွေနဲ့ တွေ့ဆုံခြင်းက မတူညီတဲ့ ရှုထောင့်တွေကနေ ကြည့်မြင်စေပါတယ်။ ဆန်းသစ်ပြောင်းလဲမှုကိုလည်း လှုံ့ဆော်ပေးပါတယ်။

Ref: huffingtonpost
 

1 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.