ဆံပင်ဖြူခြင်း၊ မျက်ခုံးမွေးထူထပ်ခြင်းတို့က မျိုးရိုးဗီဇနဲ့ ဆက်စပ်နေကြောင်း ရှာဖွေတွေ့ရှိ

sn-unibrow_2.jpg

ဆံပင် ဘာကြောင့်ဖြူလဲဆိုတာ တွေးကြည့်ဖူးပါသလား။ ခန္ဓာကိုယ်ရှိ ဆံပင်အမည်းရောင်ဓာတ် melanin ထုတ်လုပ်မှုနှေးကွေးမှုကို လွှဲချဖို့ သုတေသနပညာရှင်တွေ ဟိုးအရင်ကတည်းက သိခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒီနှေးကွေးမှု စဖြစ်စေတဲ့အရာ သို့မဟုတ် လူတွေမှာ ခန္ဓာကိုယ်အဖွဲ့အစည်း လှုပ်ရှားလည်ပတ်မှု ဘယ်လိုကွဲပြားမှုရှိလဲဆိုတာ  သူတို့ အတိအကျ မသိခဲ့ကြပါဘူး။

အခုအခါ လက်တင်အမေရိကမှ လူ ၆,၀၀၀ မကသူတွေရဲ့ မျိုးရိုးဗီဇလေ့လာမှုတစ်ခုမှာ ဆံပင်ဖြူခြင်းနဲ့ ပတ်သက်တဲ့ ပထမဆုံးအချက် အပါအဝင် ဆံပင်ရဲ့ ဝိသေသလက္ခဏာတွေလွှမ်းမိုးမှုနေတဲ့ မျိုးရိုးဗီဇ (၁၈) ခုကို သုတေသီတွေ ဖော်ထုတ်ခဲ့ပါတယ်။ ဆံပင်ဖြူခြင်းနဲ့ ဆက်နွယ်တဲ့ မျိုးကွဲဗီဇတစ်ခုကို ဥရောပမျိုးရိုးများမှာသာ တွေ့ရှိခဲ့ပြီး အရင်က ဆံပင်အရောင်ဖျော့ဖျော့ရှိခဲ့ဖူးပါတယ်။ တခြားအချက်တွေထဲမှာ မျက်ခုံးမွေးထူထပ်ခြင်း၊ မုတ်ဆိတ်မွေးထူထပ်ခြင်းတို့နဲ့ ဆက်နွယ်မှုရှိတဲ့ မျိုးရိုးဗီဇတွေ ပါဝင်ကြောင်း သိရပါတယ်။

အာဖရိကလူမျိုး၊ ဥရောပလူမျိုးနဲ့ မူရင်းအမေရိကန်လူမျိုးတွေပါဝင်တဲ့ စမ်းသပ် စစ်ဆေးခံသူတို့ရဲ့ မတူညီကွဲပြားတဲ့ နောက်ခံသမိုင်းတို့က မျိုးရိုးဗီဇနဲ့ ဆံပင်ကြား ဆက်နွယ်မှုတွေ ဖော်ထုတ်ပေးပါတယ်။ ယင်းရှာဖွေ့တွေ့ချက်တွေဟာ မျိုးရိုးဗီဇဆိုင်ရာ သက်သေအထောက်အထားကို အခြေခံပြီး ရုပ်အသွင် သံသယရှိတဲ့အချက်ကို လေ့လာခန့်မှန်းလို့  ရစေနိုင်ပါတယ်။ တစ်နေ့နေ့တစ်ချိန်ချိန်မှာ ဒီလေ့လာတွေ့ရှိချက် က ဆေးဝါးထုတ်လုပ်သူတွေကို ဆံပင်အဖြူနှေးစေဖို့ ဆေးဝါးတွေ ရှာဖွေတွေ့ရှိဖို့ အထောက်အကူ ဖြစ်စေကောင်း ဖြစ်စေနိုင်ပါတယ်။ 

Ref: Sciencemag

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.