ဝေဖန်ပုပ်ခတ်ခံရမှုတွေအတွက် ဂုဏ်ယူမိပါတယ်လို့ ပွင့်လင်းစွာပြောပြလာတဲ့ ချမ်းချမ်း

12784272_1714339495491628_1581707219_n.jpg

ဗုဒ္ဓပူဇနိယဆိုတဲ့ သီချင်းလေးရဲ့ တေးရေးဆရာ ကိစ္စကြောင့် ဝေဖန်ပုတ်ခတ်သူ အချို့ ရဲ့ပါးစပ်ဖျားမှာ  ပြောစရာတစ်ခုဖြစ်ခဲ့သလို Myanmar Idol Program အစီအစဉ်ရဲ့ Voting System ကြောင့်လဲ နားမလည်သူအချို့ရဲ့ အပြစ်ပြောစရာအဖြစ် မြင်ခြင်းခံနေရတဲ့ အဆိုတော်ချမ်းချမ်းရဲ့ အဆိုပါကိစ္စများရဲ့ စိတ်ခံစားချက်အပြင် လက်ရှိ ဂီတလှုပ်ရှားမှုများအကြောင်းကို မေးမြန်းဖြစ်တဲ့အခါ

-အခုလတ်တလော ဂီတလှုပ်ရှားမှုအနေနဲ့ ဘာတွေလုပ်ဖြစ်နေလဲ။

လတ်တလောက Myanmar Idol အတွက် ဧပရယ်အထိထိုင်ပေးဖို့ရှိတယ်။ ကြားထဲမှာ နယ်ရှိုးတွေကတော့ မန္တလေး သွားလိုက်၊ တောင်ကြီးသွားလိုက်၊ နေပြည်တော်သွားလိုက် ဆိုဖြစ်နေတယ်။ သင်္ကြန်ကတော့ Alpine မန္တလေးမှာရှိပါမယ်။ ကြားထဲမှာ အစ်မနဲ့ကိုဟဲလေး သင်္ကြန်အတွက် တိုက်ကြမယ်။ ကြားထဲမှာအတွဲခွေလေးတွေရှိမယ်။

-Myanmar Idol အစီအစဉ်နဲ့ပတ်သက်ပြီး ပရိသတ်တွေရဲ့ ဝေဖန်မှုအပေါ် အစ်မရဲ့အမြင်လေးကိုလဲသိချင်ပါတယ်။

အဓိက မြန်မာပြည်မှာက အမေရိကန် Idol ကိုကြည့်ဖူးတဲ့သူ နည်းတာပေါ့။ ဘာလို့လဲဆိုတော့ ဒီဟာက အမေရိကန် Idol ကနေ လိုင်စင်ယူပြီး ခွဲထွက်လာတာဖြစ်တဲ့အတွက် တင်ဆက်မှုအပိုင်းရော၊ Cmt နဲ့ Just Ment ပေးတဲ့ အပိုင်းကအစ အနီးစပ်ဆုံးဖြစ်အောင် အစ်မတို့ကလုပ်ထားတယ်။  ပြီးတော့ မြန်မာနိုင်ငံမှာရှိတဲ့ သူတော်တော်များများက ပြိုင်ပွဲဆို Voting System နဲ့လုပ်တာ သိပ်မရင်းနှီးကြဘူး။ Voting System ဆိုတာက ပရိသတ်တွေအပေါ်မှာ တော်တော်များများ မူတည်တယ်။ ၇၀ ရာခိုင်နှုန်းကိုယူတာ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ပြသနာဖြစ်နေတာက အမျိုးစွဲ မန္တလေးဆို မန္တလေးအစွဲ၊ သထုံဆိုသထုံအစွဲအဲ့ဒီလိုမျိုးနဲ့ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေပေးကြတယ်။ အရည်အချင်းရှိတဲ့သူကိုပေးဖို့ထက် ကိုယ့်လူမျိုးစွဲ၊ ကိုယ့်ဝါဒီစွဲတွေက ပိုများနေတဲ့အခါမှာ Voating System ကမြန်မာနိုင်ငံမှာ မကိုက်ဘူး။ ညီမတို့ ပြိုင်ပွဲမစခင်ကတည်းက နားလည်ထားပြီးသား ကိစ္စပဲ။ ဒါပေမဲ့ အမေရိကန် Idol ဆိုတာက သူတို့နိုင်ငံမှာ Voting System နဲ့သွားတာ ဒါပေမဲ့ မြန်မာနိုင်ငံမှာလဲ Voting System နဲ့သွားကြည့်မယ်ဆိုပြီး လုပ်ကြည့်တဲ့အတွက်ကြောင့် တချို့တခါ တလေကျရင် မပြုတ်သင့်တဲ့သူတွေပြုတ်တယ်တို့၊ ပြုတ်သင့်တဲ့သူတွေ မပြုတ်ဘူးတို့အဲ့ဒီလိုဘာကြောင့်ကြားရလဲဆိုတော့ ပရိသတ်တွေက အဲ့ဒီလို အစွဲတွေကြောင့် ကြားရတာပါ။ ကျွန်မတို့နဲ့ဘာမှမဆိုင်ဘူး။ ကျွန်မတို့ဒိုင်တွေက လူရွေးချယ်ပေးပြီးသွားပြီ။ ကျန်တဲ့အပိုင်းတွေ ကပရိသတ်တွေနဲ့ဆိုင်တယ်။ ဒါပေမဲ့လဲ ပရိသတ်တွေက အပြစ်ပြောစရာမရှိတဲ့အခါကျရင် ကိုယ်တွေကိုပဲဦးတည်ပြီးပြောကြတယ်။ ဘာလို့လဲ ဆိုတော့ကိုယ်တွေ မျက်နှာကတီဗီမှာ မြင်နေရတာဆိုတော့ ကျွန်မက အဲ့ဒါလေးကိုနားလည်စေချင်တာ၊ ကိုယ့်ရဲ့စိတ်ဓာတ်၊ ကိုယ့်ရဲ့ဆုံးဖြတ်ချက်ကိုအရင်မြှင့်တင်ပါ။ ပြီးမှသူများကိုဝေဖန်ပုတ်ခတ်ဖို့ကြိုးစားပါ။ ဘာကြောင့်လဲဆိုတော့ ဒီ Voting System ကိုလဲနားမလည်ဘူး။ ဒီပြိုင်ပွဲသဘောကိုလဲ နားမလည်ပဲနဲ့မနေ့ကမှထကြည့်ပြီး ဒီနေ့ဝေဖန်တယ်ဆိုတာက မဖြစ်သင့်ဘူး။ မြန်မာလူမျိုးတွေရဲ့ အဲ့ဒီအကျင့်တစ်ခုကို ကျွန်မ မကြိုက်ဘူး။ အဲ့ဒီအတွက်ကြောင့် Myanmar Idol ကိုဝေဖန်ပုတ်ခတ်ဖို့မစဉ်းစားခင် ကိုယ်ရော ဒီ Myanmar Idol နဲ့ဆင်တူ အမေရိကန် Idol တို့ကိုကြည့်ဖူးလား။ အဲ့ဒီဟာတွေရဲ့အစီအစဉ်အစအဆုံးကိုကြည့်ဖူးသလား။ လေ့လာဖူးသလား။ ဒီမှာ လာလုပ်တဲ့ အစီအစဉ် အားလုံးသည် နိုင်ငံခြားကနေပြီး အကုန်လုံးကိုလေ့လာပြီး သုတေသနပြုပြီး မြန်မာနိုင်ငံနဲ့ဘယ်လိုကိုက်လဲဆိုတာ ချပြတာဖြစ်တဲ့အတွက် ချက်ချင်းဝေဖန်တဲ့သူတွေထက်စာရင် ဒီမှာ အတွေ့အကြုံရှိပြီးသား လူတွေအများကြီးက လုပ်တဲ့အတွက်ကြောင့် အစ်မကတော့ အဲ့ဒါလေးကို ကိုယ်ချင်းစားစေချင်ပါတယ်။

-ဒီ Myanmar Idol လိုပွဲမျိုးတွေကရော ဒီနိုင်ငံမှာ ရေရှည်တည်တံ့မယ်လို့ထင်လား။

အဲ့ဒါကတော့လူတွေအပေါ်မှာပဲမူတည်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီစည်းမျဉ်းစည်းကမ်းတွေပြိုင်ပွဲတွေဆိုတာက ညီမတို့မြန်မာနိုင်ငံကို မရောက်ခင်ကတည်းကဟိုမှ Season 16 ခုလောက်ရှိနေပြီ။ ဟိုမှာက ထမင်းစားရေသောက်ပဲ ဘာမှမဖြစ်ဘူး။ ဒီမြန်မာနိုင်ငံမှာသာ အထူးအဆန်းဖြစ်နေတာပါ။ ဘာကြောင့်လဲဆိုတော့ Voting System နဲ့မရင်းနှီးတဲ့အတွက်ကြောင့် ဘာကြောင့် မရင်းနှီးလဲဆိုတော့ မြန်မာ လူမျိုးတွေစိတ်ဓာတ်နဲ့မကိုက်လို့ ဘာလို့မကိုက်လဲ မြန်မာတွေသည် အစွဲအရမ်းကြီးတယ်။ သနားတတ်တယ်။ ကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေ သူတို့ပေးချင်တဲ့သူကိုပေးတယ်။ အဲ့ဒါတွေကအရမ်းအန္တရယ်များတယ်။ အရည်အချင်း မပြည့်ဝပဲ သနားတဲ့အတွက်ကြောင့်၊ လှတဲ့အတွက်ကြောင့်၊ ချောတဲ့အတွက်ကြောင့်၊ ချစ်စရာကောင်းတဲ့အတွက်ကြောင့်ပေးတဲ့ Voting တွေထက်စာရင်အစ်မတို့တကယ့်ကို ကွာလတီပြည့်ဝတဲ့ အဆိုရှင်တွေကိုမွေးထုတ်စေချင်တဲ့အတွက်ကြောင့် ပရိသတ်တွေကိုချပြတာ၊ အမှန်တိုင်းဆို အစ်မတို့ဒိုင်တွေချည်း ဆုံးဖြတ်ရင်လဲတကယ့်ကောင်းတဲ့ အဆိုတော်တွေဆိုတာ ထွက်လာမှာပဲ။ ဒါပေမဲ့လဲ သြော်ပရိသတ်နဲ့ ထိတွေ့ချင်းအားဖြင့် သူသည်ပြိုင်ပွဲပြီးတာနဲ့ပရိသတ် အခိုင်အမာရရှိသွားမယ်။ ပရိသတ်လဲရွေးလို့ရအောင်လို့ ဆိုပြီးအစ်မက Chance တွေပေးလိုက်တာ၊ ဒါပေမဲ့ အဲ့ဒီ Chance တွေကို အသုံးမချတတ်တဲ့အခါမှာ အဲ့ဒါတွေက အလကားဖြစ်သွားတယ်။ အမှန်အတိုင်းပြောရရင် ဒီအစီအစဉ်မှာ အစ်မတို့တကယ်ကို အပင်ပန်းခံရတယ်။ လူမုန်းခံရတယ်။ ဘာလို့လဲဆိုတော့ အမှန်တရား အတိုင်းဖြစ်စေချင်လို့Voting ပေးတာမှားတဲ့အခါကျရင် မဟုတ်တဲ့ သူတွေရသွားပြီး တကယ်တော်တဲ့သူတွေကျန်ခဲ့မှာစိုးလို့အစ်မတို့က လိုက်ကယ်နေတာ၊ ဒါပေမဲ့ အပြစ်ပြောစရာရှိရင်ကိုယ်တွေပဲအပြောခံရတယ်။ အဲ့ဒါလေးကတော့ တော်တော်ဆိုးတာပေါ့။

-အခုထွက်ထားတဲ့ အိပ်မက် ဗီစီဒီအခွေလေးနဲ့ပတ်သက်ပြီးတော့လဲပြောပြပေးပါဦး။

၂၀၁၄ ဂျုလိုင်တုန်းကစီဒီထွက်ထားတယ်။ နောက်ကြားထဲမှာ အိမ်ထောင်ကျပြီး သမီးလေးလဲမွေးလိုက်တဲ့အတွက် တစ်နှစ်လောက်ခြားသွားတဲ့အချိန်မှာ ဗီစီဒီထွက်တယ်။ သမီးလေးကို အချိန်ပေးဖြစ်တာကြောင့်လဲ ပါသလို အနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်တာကြောင့်လဲ ပါတယ်။ အဲ့ဒါကြောင့်အခုပြန်လုပ်ဖြစ်တဲ့အခါမှာ ဗီစီဒီထွက်တယ်။ အသစ်သီချင်း ၅ပုဒ်ပါတဲ့ မီနီ အယ်လ်ဘမ်လေးတစ်ချပ်လက်ဆောင်ထည့်ပေးလိုက်တယ်။ ဗီစီဒီက ဆယ့်သုံးပုဒ်ရိုက်ထားတယ်။ အဲ့ဒါလေးကတော့ ဇန်န၀ါရီ ၂ရက်နေ့ကထွက်ထားပါတယ်။

-ဒီအခွေထဲမှာပါတဲ့သီချင်းအကြောင်းလေးတွေကိုလဲပြောပြပေးပါဦး။

အစ်မဆိုနေတဲ့ R&B ပုံစံလေးကိုမှ popတို့၊ အပြောင်းအလဲလေးဖြစ်အောင် Soft pop ၁ပုဒ် ၂ပုဒ်လောက်ထည့်ထားတယ်။ ဗုဒ္ဒပူဇနိယဆိုတဲ့သီချင်းလေးပါမယ်။ နောက် အင်္ဂလိပ်သီချင်း ကို Cover song ပြန်လုပ်ထားတာပါမယ်။ ပြီးသွားရင်ကိုဂျီလေးရေးထားတဲ့ဘ၀တစ်ခုရဲ့အချစ်ကိုသံစဉ်ယူပြီးစာသားကိုအင်္ဂလိပ်လိုပြန်ရေးထားတာလေးပါမယ်။ ဘာလို့လဲဆိုတော့ အစ်မတို့ရဲ့မြန်မာနိုင်ငံမှာနောက်ပိုင်းကျရင်ပိုပြီးခေတ်မှီလာတော့မှာ အင်္ဂလိပ်စာနဲ့ထိတွေ့ဖို့ဆိုတာ အခုချိန်ကတည်းကကြိုပြီးလေ့လာထားမှ ထိတွေ့ထားမှ နောက်လာနောက်သားတွေအတွက်ပိုပြီးအဆင်ပြေမယ်။ အဲ့ဒါကြောင့်အင်္ဂလိပ်သီချင်းတွေကို ရင်းနှီးအောင်ထည့်ထားတဲ့သဘောပါ။

 -ထူးထူးခြားခြား ဗုဒ္ဒပူဇနိယ ဆိုတဲ့ သီချင်းလေးကိုဆိုဖြစ်တဲ့အကြောင်းလေးကိုလဲပြောပြပေးပါဦး။

အဲ့ဒီသီချင်းလေးကိုဆိုဖြစ်တာက ဆရာက လွန်ခဲ့တဲ့ ၈ နှစ်လောက်တုန်းက  သူ့ FMF ပွဲအတွက်လာပြတဲ့အခါမှာ ကိုယ့်ဆရာလဲဖြစ်နေတဲ့အတွက်ဆိုပေးလိုက်တဲ့သဘောပါပဲ။ ပြီးတော့ အဲ့ဒီသီချင်းလေးထွက်လာတဲ့အခါမှာ လူတွေကအဲ့ဒီသီချင်းလေးကိုဝယ်ချင်တယ်။ ဘယ်မှာဝယ်လို့ရလဲပေါ့။ အဲ့ဒါနဲ့အစ်မကအစ်မရဲ့ အိပ်မက်အခွေထဲမှာပြန်ထည့်ပေးလိုက်တာပေါ့။ အစ်မကပရိသတ်ကြိုက်လို့ထည့်ပေးပါဆိုတဲ့အတွက်ထည့်ပေးလိုက်တယ်။ အဓိကပြသနာကဘာလဲဆိုတော့ ဆရာမြင့်မိုးအောင်တို့ကတေးရေးသည်ဘယ်သူလဲဆိုတာကို သေသေချာချာမသိဘူး။ သီချင်းကဘုရားသီချင်းလဲဖြစ်တဲ့အတွက်ကြောင့်၊ဟိုလူရေးလိုက်ဒီလူရေးလိုက်ပေါ့။ အရမ်းလဲသီချင်းကရှေးပိုင်းဆန်တဲ့အတွက်ကြောင့်တေးရေးဘယ်သူဆိုတာကိုဖော်ထုတ်ဖို့သူတို့မရေမရာဖြစ်လိုက်တယ်။ ဒါပေမဲ့ အနီးစပ်ဆုံးဖြစ်တဲ့ရခိုင်ယဉ်ကျေးမှုစာပေအဖွဲ့အစည်းကိုတော့သူတို့အသိပေးတယ်။ သူတို့ခွင့်ပြုချက်ကိုယူပြီးလုပ်ခဲ့တာပဲ။ သူတို့ကိုယ်တိုင်ဘယ်သူဘယ်ဝါကိုတေးရေးခပေးပါဆိုလို့အစ်မတို့သူတို့အဖွဲ့အစည်းကိုတေးရေးခပေးခဲ့တယ်။ သို့ပေမဲ့လဲ အခုကျမှ ရခိုင်ဂီတအစည်းအရုံးကလွန်ခဲ့တဲ့၂နှစ်လောက်ကမှ ဖွဲ့စည်းပြီးတော့ ဒီသီချင်းကိုအစဖော်တဲ့အတွက်ကြောင့် သူတို့ကတေးရေးဆရာအစစ်ကိုသိတယ်ဆိုတော့ အစ်မတို့က အစစ်သိရင်ကောင်းတာပေါ့လို့ မသိခင်ကတောင် ဒီလောက်လုပ်ပေးထား တာ ပေးစရာရှိတာပေးထား တာကိုပြောတာပေါ့။ အစ်မတို့ဖက်ကတော့ဘာမှမမှားဘူး။ ဆရာလဲသူတတ်နိုင်သလောက်လုပ်ပေးခဲ့တာပဲ။ ကျွန်မဆိုပိုဆိုးတယ်။ ဆိုတဲ့သူတေးရေးလဲ သိစရာအကြောင်းမရှိဘူး။ မလိုအပ်ဘူး။ ဒါပေမဲ့ဆရာကိုယ်တိုင်စီစဉ်ပြီးဒီသီချင်းလေးကိုဆိုပါလို့ပြောတဲ့အတွက်ကြောင့် ကျွန်မအနေနဲ့အခွေထဲပြန်ထည့်တဲ့အချိန်မှာ ဆရာရေတေးရေးကဘယ်သူလဲဆိုတော့ ဆရာကိုယ်တိုင်လဲ မရေမရာဖြစ်နေတဲ့အတွက်ကြောင့် ကျွန်မကဆရာ့နာမည်ပဲ ထည့်လိုက်တာ။ ဒါပေမဲ့တကယ်တမ်း ဖြစ်လာတော့ သူတို့ကသူတို့ရဲ့ရခိုင်ဘုရားသီချင်းကိုတေးရေးနာမည်ကို လူစားထိုးတယ်လို့ထင်တာ တကယ်တမ်းကအဲ့ဒီလိုမဟုတ်ဘူး။ ကျွန်မတို့မှာလဲ အခက်အခဲတွေ အများကြီးရှိတယ်။ အဲ့ဒီစာနာမှုလေးတော့ လိုအပ်တာပေါ့။ ကျွန်မက အမှန်အတိုင်းပြောရရင် ခရစ်ယာန် ဗုဒ္စဘာသာနဲ့ဘာမှမဆိုင်ဘူး။ ဒါပေမဲ့လဲ ကျွန်မဘယ်တော့မှမခွဲခြားဘူး။ လာပေးရင် ဆိုပေးလိုက်တယ်။ သူများဘာသာမို့လို့ဆိုပြီး ပြီးစလွယ် ဘယ်တော့မှမလုပ်ဘူး။ ဒါပေမဲ့ အဲ့ဒီလောက်ထိကြီးကြီးမားမား သူတို့ဖက်ကပြသနာဖြစ်လာလိ့မ်မယ်လို့မထင်ထားဘူး။ အစစ်သိလာတဲ့အခါမှာ ယက္ကန်း ဦးဘသာ ကျေးဇူးတင်တယ်။ ဒီသီချင်းလေးကိုပေးဆိုတဲ့ အတွက် ရေးတဲ့အတွက် ဂုဏ်ယူတယ်။ ချီးကျူးတယ်။ နာမည်မှားသွားတဲ့အတွက်လဲတောင်းပန်ပေးတယ်။ အဲ့ဒီထက်တော့ အစ်မပိုပြီးတော့ ဘာမှမလုပ်ပေးနိုင်ဘူး။ ဘာလို့လဲဆိုတော့ အစ်မဖက်က ဘာမှမမှားတဲ့ အတွက်ကြောင့် အနည်းဆုံး ဒီအခွေကဆင်ဆာတော့ တင်ရတယ်။ ဆင်ဆာလူကြီးတွေတောင်ချပေးလိုက်တဲ့အတွက်ကြောင့် ဒီအခွေကဆင်ဆာလွတ်လို့ပေါ့။ အခုကျမှ ပြသနာထတက်လာတယ်ဆိုတော့ အစစ်သိတဲ့ အခါမှာလဲ အစစ်ကို ဂုဏ်ပြုလိုက်တယ်။ ကန်တော့လိုက်တယ်။ မူပိုင်ခွင့်ပေးလိုက်တယ်။ ဒါပါပဲ။ အစ်မဘယ်အရာကိုမှ ရှည်ရှည်ဝေးဝေးလဲ မစဉ်းစားဘူး။ အစ်မကဒဲ့သမားဆိုတော့လေ အကုန်လုံးကို ပြတ်ပြတ်သားသား လုပ်ပေးလိုက်တယ်။ ဆရာကလဲ ရှင်းစရာမလိုဘူး သမီးတဲ့။ ဒါတေးရေးနဲ့ဆိုင်တဲ့ကိစ္စ ၊ဆရာကိုယ်တိုင်တောင် အစည်းအရုံးတော်တော်များများကို တေးရေးနာမည်အရင်းတွေ ဘယ်သူလဲ ဆိုတာစုံစမ်းနေတာ။ ဒါဖေ့စ်ဘုတ်မှာဆရာတင်ထားတဲ့ စာတွေလဲရှိတယ်။ အစ်မတို့ကဆိုတဲ့သူဆိုတော့ ပိုတောင်ဝေးပါသေးတယ်။ အစ်မတို့နဲ့လဲဘာမှမဆိုင်ဘူး။ ဒါပေမဲ့အစ်မတတ်နိုင်သမျှဒီသီချင်းကိုဆိုခဲ့သည်ရှိသော် ဆရာရေ ဒီဟာက ထုတ်လွှင့်မှုအပိုင်းမှာပါတယ်။ ပိုက်ဆံကိုတိုက်ရိုက်တောင်းပေးလိုက်တယ်။ ဆရာ့ကိုပေးလိုက်တယ်။ ကျွန်မတို့ဆရာတပည့်နှစ်ယောက်လုံးကတော့ ဒီအပေါ်မှာသံသယကင်းကင်းရှင်းရှင်းနဲ့လုပ်ပေးခဲ့တာပဲ။ အစစ်သိလာတဲ့အခါမှာအစစ်ကိုကန်တော့တယ်။ မူပိုင်ခွင့်လဲပြန်ပေးပြီးသွားပြီ။ အဲ့ဒီအပေါ်မှာတော့ အမြင်ကြည်စေချင်ပါတယ်။

-အောင်မြင်မှုတွေကိုအတိုက်အခံတွေကြားထဲကနေ ရှင်သန်ရတဲ့ပုံစံမျိုးလဲဖြစ်နေတယ်နော်။

အဲ့ဒါကတော့ အစ်မမြင်တယ်။ အပင်မြင့်လေ လေတိုက်လေပေါ့။ များသောအားဖြင့်လူတွေက ဘာမှမဟုတ်ရင်လှည့်မကြည့်ကြဘူး။ ဂရုမစိုက်ကြဘူး။ သူတို့မျက်စိထဲမှာ အရမ်းဟုတ်နေလို့ဒီလူက အရမ်း အရည်အချင်းရှိနေလို့အောင်မြင်နေလို့သာ သူတို့မျက်လုံးထဲမှာ စိတ်ထဲမှာထားကြတာ။ အစ်မကတော့ အဲ့ဒီလိုပဲမြင်တယ်။ ဒါကတော့ ရှေးစကားရှေးလူကြီးတွေကပြောကြတာ ကိုယ်သာဘာမှမဟုတ်ရင်ဂရုစိုက်မှာမဟုတ်ဘူး။ ကိုယ်ကသူတို့အတွက်အရမ်းအရေးကြီးတဲ့ပုဂိုလ်ဖြစ်နေလို့သာဂရုစိုက်ကြတာဆိုတော့ အစ်မကအဲ့ဒီအတွက်ပိုတောင်ဂုဏ်ယူပါသေးတယ်။ 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.