အောင်မြင်သောသူတွေ လုပ်ငန်းခွင်မှာ ဘယ်တော့မှ မသုံးနှုန်းတဲ့ စကား (၁) ခွန်း

speech-bubbles.jpg

စကားမပြောခင် နှစ်ခါထပ် စဉ်းစားပါ။ ဘာကြောင့်လဲဆိုတော့ သင့်စကားနဲ့ သြဇာလွမ်းမိုးမှုက တခြားသူတစ်ဦးစိတ်ထဲမှာ အောင်မြင်ခြင်း သို့မဟုတ် ရှုံးနိမ့်ခြင်း မျိုးစေ့ စိုက်ပျိုးပေးလို့ပဲ (နပိုလီယံဟီးလ်)  

Well Said ကုမ္ပဏီရဲ့ ဥက္ကဌနဲ့ ဦးစီးလုပ်ဆောင်သူ Darlene Price က ညံ့ဖျင်းစွာ မဆင်မခြင်ရွေးချယ် ပြောဆိုသုံးနှုန်းလိုက်တဲ့ စကားတွေဟာ လုပ်ငန်းခွင်မှာ တက်လမ်းအတွက် အများယုံကြည်လက်ခံနိုင်မှု၊ ဆက်ဆံရေးနဲ့ အခွင့်အလမ်းကို အမှန်တကယ် ထိခိုက်စေနစ်နာနိုင်ပါတယ်။

"စကားလုံး အသုံးအနှုန်းပြသနာ" လို့ သူမ ရှင်းပြခဲ့ပါတယ်။ ယုံကြည်လောက်တဲ့ ဆက်ဆံပြောဆိုမှုရဲ့ ခရာအချက်တစ်ချက် ဖြစ်ပါတယ်။ နာထောင်သူပရိတ်သတ်၊ အကြောင်းအရာ သို့မဟုတ် ကုမ္ပဏီတွေ ထည့်မစဉ်းစားနဲ့ဦး။ ခေါင်းဆောင် တစ်ယောက်ဟာ အောင်မြင်မှုတစ်ခုရရှိဖို့အတွက် လူတစ်ယောက်ရဲ့ စိတ်တက်ကြွစေဖို့ စကားလုံးတွေ သုံးနှုန်းပြောဆိုပါတယ်။ ဒါ သူတို့ကို ခေါင်းဆောင်လို့ မြင်စေတဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ လူတွေ လိုက်နာလုပ်ဆောင်ဖို့ သူတို့စကားတွေက လှုံ့ဆော်ဖမ်းစားပါတယ်။

အောင်မြင်တဲ့သူတွေ အသုံးမပြုတဲ့ စကားတစ်ခွန်းက "ကြိုးစားကြည့်မယ်" ဆိုတဲ့ စကားလို့ သူမ ပြောဆိုခဲ့ပါတယ်။

"မနက်ဖြန် မနက် ၁၀ နာရီ customer meeting အတွက် သင့်အဆိုပြုချက်လိုအပ်တယ်" လို့ သင့်သဌေးပြောပြီး သင့်အဖြေက "ဟုတ်ကဲ့ ပြီးအောင်ကြိုးစားကြည့်ပါ့မယ်" ဖြစ်ပါက သူသိပ်သဘောကျမှာ မဟုတ်ပါ။

"ကြိုးစားကြည့်မယ်" ဆိုတဲ့ စကားက ပြီးနိုင်ခြေမရှိတဲ့ အလားအလာလို့ အဓိပ္ပါယ်သက်ရောက်စေကြောင်း Price က ပြောဆိုခဲ့ပါတယ်။ မပြီးမြောက်နိုင်တဲ့ အခြေအနေကို ကြိုတင်ညွန်းဆိုနေတာကြောင့် ဘယ်လုပ်ငန်းရှင်သဌေးမှ ဒီစကားကို မကြားချင်ပါ။

သင် မိမိလုပ်ရည်ကိုင်ရည်မှာ အပြည့်အဝယုံကြည်မှုမရှိတာကိုလည်း ဖော်ပြပါတယ်။

အဲဒီအစား "ပြီးနိုင်အောင် ကြိုးစားလုပ်ပေးမယ် ဒါမှမဟုတ် ၉ နာရီ သင့်စားပွဲကို အရောက်ပို့ ပေးမယ်" ဆိုတာလေးကို သူမ အကြံပြုထားပါတယ်။

မဖြစ်နိုင်တဲ့ မေတ္တာရပ်ခံချက်တစ်ခု မဟုတ်ဘူးဆိုရင် မပြီးနိုင်တဲ့အကြောင်း မရှိဘူး။ ဒီတော့ "ကြိုးစားကြည့်မယ်" ဆိုတဲ့စကားကို သုံးစရာ အကြောင်းမရှိပါ။

တကယ်လို့ အကြောင်းတစ်စုံတစ်ခုကြောင့် သတ်မှတ်ထားတဲ့ အလုပ်ကို မပြီးနိုင်ခဲ့ဘူးဆိုရင် ရိုရိုသေသေ အချိန်ထပ်မံ တောင်းဆိုပြီး ပြီးနိုင်မယ့်အချိန်ကို တွက်ချက်သတ်မှတ်ပေးလိုက်ပါ။ 

Ref: TIME

218 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.