အမေရိကနိုင်ငံမှာ ပထမဆုံး သားအိမ်အစားထိုး ကုသမှု ဆောင်ရွက်ပြီးစီး

uterus_transplant.png

အမေရိကနိုင်ငံမှာ ပထမဦးဆုံးသားအိမ် အစားထိုးကုသမှုကို Cleveland Clinic က ခွဲစိတ်အထူးကုဆရာဝန်များမှ ယခုအပတ်မှာ ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်ကြောင်း ယင်းဆေးရုံက ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။

ယင်းအစားထိုးကုသမှု ခံယူခဲ့တဲ့ ၂၆ နှစ်အရွယ်အမျိုးသမီးဟာ ၉ နာရီ ကြာကုသမှုခံယူပြီးနောက် ကျန်းမာရေးကောင်းမွန်ပါတယ်။ ဆေးရုံအနေဖြင့် အဲဒီအမျိုးသမီးနဲ့ ပတ်သက်ပြီး နောက်ထပ်အသေးစိတ်အချက်အလက်တွေ ထုတ်ပြန်ခြင်းတော့ မရှိပါ။

ဒီခွဲစိတ်ကုသမှုပြုလုပ်ရခြင်း ရည်ရွက်ချက်က အမျိုးသမီးများကို သားအိမ်မပါဘဲ ကလေးမွေးစေဖို့ သို့မဟုတ် သားအိမ်ထုတ်ထားတဲ့ အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်ပြီး ကလေးမွေး နိုင်အောင်လို့ ဖြစ်ပါတယ်။ ဒီခွဲစိတ်ကုသမှုဆောင်ရွက်တာ အမေရိကမှာ ပထမဦးဆုံးအကြိမ် ဖြစ်ပါတယ်။ ဆွီဒင်နိုင်ငံမှာ အမျိုးသမီး ၉ ယောက် ခွဲစိတ်ကုသမှု ခံခဲ့ဖူးပြီး သူတို့အနက် အနည်းဆုံး ၄ ယောက်က ကလေးမွေးဖွားခဲ့ကြပါတယ်။

သားအိမ်ဟာ သေဆုံးသွားတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းအလှူရှင်ထံကနေ လာတာဖြစ်ကြောင်း Cleveland Clinic က ထုတ်ပြန်ချက်တစ်ခုမှာ ပြောဆိုခဲ့ပါတယ်။ အစားထိုး ကုသမှုခံယူခဲ့တဲ့ အဲဒီအမျိုးသမီးဟာ ဒီကုသမှု အောင်မြင်ကြောင်း သေချာစေဖို့ anti-rejection ဆေး အချိန်အတော်ကြာ သောက်ရမယ့် အလားအလာရှိပါတယ်။

ဖြစ်နိုင်ခြေရှိတဲ့ အစားထိုးကုသမှုခံယူမယ့် ကိုယ်စားလှယ်တွေ ဆက်လက် စစ်ဆေးဆောင်ရွက်သွားမယ်ဖြစ်ကြောင်း ဆေးရုံမှ ပြောဆိုထားပါတယ်။ 

Ref: TIME 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.