သိခ်င္၊ စူးစမ္းခ်င္စိတ္ ျပင္းျပျခင္းရဲ႕ အေရးပါမႈ

8099406232_383e5e3d91_b_curious-george-750x500.jpg

စိတ္ေပ်ာ္ရႊင္မႈနဲ႔ ပတ္သက္လာရင္ ကြ်ႏု္ပ္တုိ႔အမ်ားစုက ေအာင္ျမင္ျဖစ္ထြန္းေစမယ့္ အသက္ေမြး၀မ္းေက်ာင္းအလုပ္ေတြ ခ်ဥ္းကပ္လုပ္ေဆာင္ျခင္း၊ မိတ္ေဆြေကာင္း ရွာေဖြျခင္းနဲ႔ မိသားစုတစ္ခု စတင္တည္ေထာင္ျခင္းတုိ႔ကို အာရုံစုိက္ၾကပါတယ္။

ဒါေပမယ့္ ေပ်ာ္ရႊင္တဲ့ဘဝကို ေနထုိင္ဖို႔ နည္းလမ္းမ်ားစြာရိွပါတယ္။ အဲဒီထဲကမွ အဓိက ေသာ့ခ်က္တစ္ခုမွာ စပ္စုတတ္တဲ့ စိတ္၊ သိခ်င္စူးစမ္းခ်င္စိတ္ျဖစ္ေအာင္ ထိန္းသိမ္းျခင္းပဲ ျဖစ္ပါတယ္။

2013 Harris Poll စစ္တမ္းမွာ အေမရိကန္လူမ်ဳိး ၃ ေယာက္မွာ ၁ ေယာက္သာ ေပ်ာ္ရႊင္ေနၾကသူေတြ ျဖစ္ေၾကာင္း ေတြ႔ရပါတယ္။ စိတ္ေပ်ာ္ရႊင္ေက်နပ္မႈအဆင့္ကို တုိးျမင့္ေပးတဲ့အရာမ်ားနဲ႔ ပိုမိုျပင္းထန္တဲ့ စပ္စုခ်င္၊ စူးစမ္းခ်င္စိတ္ ျဖစ္ပြားေစႏုိင္တဲ့ အခ်က္ေတြ သိဖုိ႔ အေရးၾကီးပါတယ္။

Psych Central အရ  စပ္စုျခင္းဟာ ျပင္းျပတဲ့ စိတ္ပါဝင္စားမႈ သုိ႔မဟုတ္ တစ္စုံတစ္ခုနဲ႔ ပတ္သက္ျပီး ပိုမို၍ ေလးေလးနက္နက္ သိခ်င္တဲ့ စိတ္အေနအထားတစ္ခုလုိ႔ သိရပါတယ္။ ဒီ အရင္းခံစိတ္ပါဝင္စားမႈက လုပ္ေဆာင္ခ်က္အသစ္အဆန္းေတြ ဒါမွမဟုတ္ မရင္းႏွီးေသးတဲ့ အေျခအေနမ်ားနဲ႔ ပါဝင္ပတ္သက္ေစကာ ပိုမိုဆန္းသစ္ျပီး စိတ္ဝင္စားေကာင္းတဲ့ အခြင့္အလမ္းေတြ ရရိွေစပါတယ္။

သိခ်င္စိတ္ျပင္းျပမႈအဆင့္ တုိးျမင့္ေစမယ့္နည္းလမ္းေတြမွာ စာပိုဖတ္ျခင္း၊ ေမးခြန္းေတြ ေမးျမန္းျခင္း၊ သေဘာထားၾကီးျခင္းနဲ႔ အံ့ၾသစရာေတြရွာေဖြျခင္းတုိ႔ ပါဝင္ပါတယ္။

သိလုိ၊ စူးစမ္းလုိ စိတ္ျပင္းျပေနျခင္းရဲ႕ ေကာင္းက်ဳိး (၅) ခ်က္မွာေတာ့

(၁) မိမိကုိယ္ကိုယ္တန္ဖိုးထားမႈ ျမွင့္တင္ေပးျခင္း

(၂) ပိုမိုၾကီးမားတဲ့ ေမွ်ာ္လင့္ခ်က္နဲ႔ ဘဝရည္ရြယ္ခ်က္ ရရိွေစျခင္း

(၃) တီထြင္ဖန္တီးႏုိင္စြမ္း ပိုမုိအားေကာင္းေစျခင္း

(၄) လုပ္ငန္းေဆာင္ရြက္မႈ ပိုမိုတိုးတက္ေကာင္းမြန္ေစျခင္း

(၅) ပိုမိုလ်င္ျမန္စြာ သင္ယူေလ့လာတတ္ေျမာက္ေစျခင္း တုိ႔ျဖစ္ပါတယ္။

Ref: Simplemost

Unicode

စိတ်ပျော်ရွှင်မှုနဲ့ ပတ်သက်လာရင် ကျွနု်ပ်တို့အများစုက အောင်မြင်ဖြစ်ထွန်းစေမယ့် အသက်မွေးဝမ်းကျောင်းအလုပ်တွေ ချဉ်းကပ်လုပ်ဆောင်ခြင်း၊ မိတ်ဆွေကောင်း ရှာဖွေခြင်းနဲ့ မိသားစုတစ်ခု စတင်တည်ထောင်ခြင်းတို့ကို အာရုံစိုက်ကြပါတယ်။

ဒါပေမယ့် ပျော်ရွှင်တဲ့ဘဝကို နေထိုင်ဖို့ နည်းလမ်းများစွာရှိပါတယ်။ အဲဒီထဲကမှ အဓိက သော့ချက်တစ်ခုမှာ စပ်စုတတ်တဲ့ စိတ်၊ သိချင်စူးစမ်းချင်စိတ်ဖြစ်အောင် ထိန်းသိမ်းခြင်းပဲ ဖြစ်ပါတယ်။

2013 Harris Poll စစ်တမ်းမှာ အမေရိကန်လူမျိုး ၃ ယောက်မှာ ၁ ယောက်သာ ပျော်ရွှင်နေကြသူတွေ ဖြစ်ကြောင်း တွေ့ရပါတယ်။ စိတ်ပျော်ရွှင်ကျေနပ်မှုအဆင့်ကို တိုးမြင့်ပေးတဲ့အရာများနဲ့ ပိုမိုပြင်းထန်တဲ့ စပ်စုချင်၊ စူးစမ်းချင်စိတ် ဖြစ်ပွားစေနိုင်တဲ့ အချက်တွေ သိဖို့ အရေးကြီးပါတယ်။

Psych Central အရ  စပ်စုခြင်းဟာ ပြင်းပြတဲ့ စိတ်ပါဝင်စားမှု သို့မဟုတ် တစ်စုံတစ်ခုနဲ့ ပတ်သက်ပြီး ပိုမို၍ လေးလေးနက်နက် သိချင်တဲ့ စိတ်အနေအထားတစ်ခုလို့ သိရပါတယ်။ ဒီ အရင်းခံစိတ်ပါဝင်စားမှုက လုပ်ဆောင်ချက်အသစ်အဆန်းတွေ ဒါမှမဟုတ် မရင်းနှီးသေးတဲ့ အခြေအနေများနဲ့ ပါဝင်ပတ်သက်စေကာ ပိုမိုဆန်းသစ်ပြီး စိတ်ဝင်စားကောင်းတဲ့ အခွင့်အလမ်းတွေ ရရှိစေပါတယ်။

သိချင်စိတ်ပြင်းပြမှုအဆင့် တိုးမြင့်စေမယ့်နည်းလမ်းတွေမှာ စာပိုဖတ်ခြင်း၊ မေးခွန်းတွေ မေးမြန်းခြင်း၊ သဘောထားကြီးခြင်းနဲ့ အံ့သြစရာတွေရှာဖွေခြင်းတို့ ပါဝင်ပါတယ်။

သိလို၊ စူးစမ်းလို စိတ်ပြင်းပြနေခြင်းရဲ့ ကောင်းကျိုး (၅) ချက်မှာတော့

(၁) မိမိကိုယ်ကိုယ်တန်ဖိုးထားမှု မြှင့်တင်ပေးခြင်း

(၂) ပိုမိုကြီးမားတဲ့ မျှော်လင့်ချက်နဲ့ ဘဝရည်ရွယ်ချက် ရရှိစေခြင်း

(၃) တီထွင်ဖန်တီးနိုင်စွမ်း ပိုမိုအားကောင်းစေခြင်း

(၄) လုပ်ငန်းဆောင်ရွက်မှု ပိုမိုတိုးတက်ကောင်းမွန်စေခြင်း

(၅) ပိုမိုလျင်မြန်စွာ သင်ယူလေ့လာတတ်မြောက်စေခြင်း တို့ဖြစ်ပါတယ်။

Ref: Simplemost

10 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.