ပုံမှန်လမ်းလျှောက်သူတွေ အသက်ပိုရှည်ဟု လေ့လာမှုအရသိရ

walking-shoes_759_thinkstockphotos-471625896.jpg

လမ်းလျှောက်ခြင်း သို့မဟုတ် ပန်းကန်ဆေးခြင်းစတဲ့ ကိုယ်လက်လှုပ်ရှားမှု တချို့ဖြင့် ထိုင်လုပ်ရတဲ့ အလုပ်ကအနေ မိနစ်အနည်းငယ် ရုန်းထွက်ခြင်းက သေဆုံးမှုအန္တရာယ်လျော့နည်းခြင်းနဲ့ ပတ်သက် ဆက်နွယ်ကြောင်း လေ့လာမှုအသစ် တစ်ခုက ပြောဆိုခဲ့ပါတယ်။

သုတေသီများက အသက် ၅၀- ၇၉ အရွယ်လူ ၃,၀၀၀ ခန့်ဆီကနေ အချက်အလက်ကို ကြည့်ရှုပြီး သူတို့တွေစာ US Centres for Disease Control and Prevention မှ ပြုလုပ်တဲ့ National Health and Nutrition Examination Survey မှာ ပါဝင် စမ်းသပ်ခံသူတွေ ဖြစ်ကြပါတယ်။ လေ့လာစစ်ဆေးဖို့အတွက် accelerometers လို့ခေါ်တဲ့ အာရုံခံအလွန်ကောင်းမွန်တဲ့ လှုပ်ရှားမှုခြေရာခံကိရိယာကို ၇ ရက်ကြာ တပ်ဆင်ပေးခဲ့ပါတယ်။ တက်ကြွမှုအနည်းဆုံးရှိသူတွေမှာ အတက်ကြွက်ဆုံးသူများထက် သေဆုံးနိုင်ခြေ ၅ ဆ ပိုများခဲ့ပြီး အတန်အတင့် လှုပ်ရှားမှုရှိသူများထက် ၃ ကြိမ်ပိုများခဲ့ကြောင်း သုတေသီများက ပြောဆိုခဲ့ကြပါတယ်။

လေ့ကျင့်ခန်း တန်းတူပြုလုပ်တဲ့ လူတွေ ယှဉ်ကြည့်တဲ့အခါ အထိုင်နည်းပြီး လှုပ်ရှားမှု ပိုများသူတွေဟာ အသက်ပိုရှည် လေ့ရှိကြောင်း University of Pennsylvania ပါရဂူလောင်းတစ်ဦးနဲ့ ယင်းလေ့လာမှုဦးစီးသူ Ezra Fishman က ပြောဆိုခဲ့ပါတယ်။ လမ်းလျှောက်တဲ့ သူတွေ၊ ပန်းကန်းဆေးသူတွေ၊ တံမြက်စည်းလှည်းသူတွေဟာ စားပွဲတစ်လုံးမှာ ထိုင်လုပ်ရသူများထက် အသက်ပိုရှည်လေ့ရှိတယ်လို့ Fishman က ပြောဆိုခဲ့ပါတယ်။

တစ်နေ့ ၁၀ မိနစ်လေးသာ အနည်းကျဉ်းလှုပ်ရှားပေးခြင်းဖြင့် ခြားနားမှုတစ်ခု ဖြစ်စေနိုင်ကြောင်း သုတေသီများက ဆိုပါတယ်။

ထိုင်လုပ်ရတဲ့အလုပ်ချိန် မိနစ် ၃၀ လေးကို ကိုယ်ကာယလှုပ်ရှားခြင်းနဲ့ အစားထိုးခြင်းက ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေ ဖြစ်စေခဲ့ပါတယ်။ သေဆုံးနိုင်ခြေလျော့ချဖို့ ချွေးကောင်းကောင်းတောင် ထွက်စရာမလိုဘူးလို့ Fishman က ပြောပါတယ်။  

Ref: IE

135 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.