ကိုယ့်ဖုန်းက တကယ် တုန်ခါတာ(vibrate ) မဟုတ်ဘဲ တုန်ခါတယ်လို့ ထင်နေတတ်ပါသလား

87e3e168492d58fe_g.xxxlarge_2x.jpg

ကိုယ့်ဖုန်းမြည်တယ်လို့ ခံစားရပြီး ကိုယ့်ရဲ့ အိတ်ကပ် ဒါမှမဟုတ် ပိုက်ဆံအိတ်ကို မကြာခဏ စမ်းကြည့်မိနေတတ်ပါသလား။ ဒီလိုဖြစ်တတ်တာက ကိုယ်တစ်ယောက်တည်းမဟုတ်ပါဘူး။ ဖုန်းတုန်ခါမှုနဲ့ဆိုင်တဲ့ စိတ်လှည့်စားမှု ဖြစ်စဉ်ကို မီချီဂန် တက္ကသိုလ်က သုတေသီတွေက လေ့လာခဲ့ကြပါတယ်။ ၄င်းတို့က ပေါင်းသင်းဆက်ဆံရေးမှာ လုံခြုံမှုမရှိတဲ့ လူမျိုးတွေက ဒီလို အာရုံခံစားမှုတွေကို ပိုပြီးခံစားနိုင်ရတယ်လို့ဆိုပါတယ်။

လေ့လာသူတွေက ကိုယ်ရည်ကိုယ်သွေးအလိုက် အုပ်စုနှစ်စုခွဲပြီး လေ့လာခဲ့ပါတယ်။ ပွင့်လင်းသော ၊လိုက်လျောညီထွေ ရှိသော၊အကောင်း အဆိုး ခွဲခြားနိုင်သော သူများက တစ်စု၊ တကိုယ်ကောင်း ဆန်သော၊ပူပင်သောကများသော၊စိတ်ရှုပ်ထွေးတတ်သော သူများက တစ်စုဆိုပြီး လေ့လာတဲ့ အခါမှာ ပူပင်သောကများတတ်သူတွေက ၁၈% ပိုပြီး တုန်ခါမှုကို ခံစားရတတ်တယ်လို့ ဆိုပါတယ်။

အသံမြည်ခြင်း၊တုန်ခါခြင်းနဲ့ သတိပေးချက် အမျိုးအစား ၃ ခုအနက် တုန်ခါမှုကို ခံစားရတဲ့သူ ပိုများတာကို တွေ့ရပါတယ်။ အသံနဲ့ ထိတွေ့မှုတွေက အမြင်ထက်ပိုပြီး စိတ်ထင်ဖို့ လွယ်ကူပါတယ်။ ဒီလိုဖြစ်လာရခြင်းအကြောင်းက ဒစ်ဂျစ်တယ်ခေတ်ရောက်ရှိလာပြီး ကိုယ့်ရဲ့ ဖုန်းအပေါ်မှာ အရမ်းမှီခိုလာခြင်းကြောင့်ဖြစ်ပါတယ်။

ဖုန်းက ကိုယ်နဲ့ လူမှုကမ္ဘာကို ဆက်သွယ်ပေးနိုင်တဲ့ အဆက်အသွယ်တစ်ခုဖြစ်လာပြီး တခြားသူတွေဆီ က ထောက်ခံမှုတွေ၊ဝေဖန်မှုတွေကို မသိစိတ်က လိုလားတောင့်တနေမှုကြောင့် ဒီလို စိတ်ပိုင်းဆိုင်ရာ ထင်ယောင် ထင်မှားဖြစ်မှုမျိုး မကြာခဏ ကြုံတွေ့နေရတာ ဖြစ်ပါတယ်လို့ မီချီဂန်တက္ကသိုလ် လက်ထောက် ပါမောက္ခ Daniel Kruger က ဆိုခဲ့ပါတယ်။

Ref:popsugar
 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.