သွေးပေါင်ချိန်ညှို ဆေးဝါးတွေ ကို ဆယ်စုနှစ်တစ်ခုအထက် အသုံးပြုခြင်းကြောင့် ရင်သားကင်ဆာဖြစ်ပွားမှုနှုန်း မြင့်နိုင်တယ်လို့ လေ့လာမှုတစ်ရပ်အရ သိရပါတယ်။ ခေတ်စားနေတဲ့ဆေးဝါးတွေနဲ့ အန္တရာယ်ရှိအကျိတ်တွေ ဖြစ်ပွားမှုကြားက ဆက်စပ်မှုကို လေ့လာခဲ့ပြီး သိရှိခဲ့တာပါ။
Pfinzer ကုမ္ပဏီကထုတ်လုပ်တဲ့ Norvasc လိုမျိုး calcium-channel blockers လို့ခေါ်တဲ့ သွေးပေါင်ချိန်ညှို ဆေးဝါးတွေကို ဆယ်နှစ်အထက်သုံးရင် ရင်သားကင်ဆာဖြစ်ပွားမှုနှုန်းဟာ ၂ဆခွဲကျော် မြင့်တက်လာပါတယ်။ အဲ့ဒီ့လိုဆေးမျိုးကို မသုံးတဲ့သူတွေနဲ့ အခြားသွေးပေါင်ချိန်ညှို ကုထုံးတွေကို အသုံးပြုသူတွေနဲ့ယှဉ်ပြီး ပြောထားတာပါ။
ဒီလိုဆေးမျိုးတွေက ဘာကြောင့် ကင်ဆာရောဂါဖြစ်နှုန်းကို မြင့်တက်စေသလဲဆိုတာကိုတော့ ဆက်လက်ပြီး လေ့လာရဦးမှာဖြစ်ပါတယ်။ ဒီရှာဖွေတွေ့ရှိမှုက စိတ်ဝင်စားဖို့ကောင်းပါတယ်။ လုံးဝပြည့်စုံသွားဖို့ကိုတော့ ဆက်လက်လုပ်ဆောင် ရဦးမှာပဲဖြစ်ပါတယ်။
သွေးပေါင်ချိန်ညှိုဆေးဝါးတွေကို ခုလက်ရှိသုံးနေရတဲ့ အမျိုးသမီးတွေကိုပြောချင်တာကတော့ လက်ရှိမှာ အဲ့ဒီ့လို ဆေးဝါးတွေသုံးရတာကို မပြောင်းလဲစေချင်ပါဘူး။ အတည်ပြုချက်တွေလဲ လိုအပ်သေးသလို၊ အဲ့ဒီ့ဆေးဝါးတွေနဲ့ သွေးတိုးရောဂါကို ထိထိရောက်ရောက် ကုသဖို့ကလဲ အရေးကြီးတဲ့အတွက်ဖြစ်ပါတယ်။
Ref:bloomberg