Facebook ရဲ့ အသစ်ထပ်တိုးလိုက်တဲ့ ခံစားချက်ဖော်ပြတဲ့ တုန့်ပြန်မှု (၇)မျိုးကို ကမ္ဘာတစ်ဝန်း သုံးစွဲလို့ရပြီလို့ဆို

facebook_reactions_0_1456311012.jpg

အခု ဖေ့စ်ဘွတ်သုံးစွဲသူ သန်း ၁၆၀၀ ကျော်က ၄င်းတို့ရဲ့ ခံစားချက်တွေကို ပိုပြီးပြည့်ပြည့် စုံစုံ ဖော်ပြနိုင်တော့မှာ ဖြစ်ပါတယ်။ ၅ လကြာ စမ်းသပ်မှုလုပ်ပြီးနောက်မှာ ဖေ့စ်ဘွတ်က လူမှုကွန်ယက်ပေါ်မှာ စိတ်ခံစားမှု အသစ် ၆ မျိုးကို ထပ်တိုးလိုက်ပြီ ဖြစ်ပါတယ်။ Like အပြင် Love၊ Haha၊ Yay၊ Wow၊ Sad နဲ့ Angry ဆိုတဲ့ တုန့်ပြန်မှုအသစ် ၆ မျိုးပဲဖြစ်ပါတယ်။

ဖုန်းပေါ်က Like ခလုတ်ကို နှိပ်လိုက်တဲ့အခါမှာ ဒီ ခံစားချက် ၆ မျိုးပေါ်လာမှာဖြစ်ပါတယ်။ ဒီသင်္ကေတလေးတွေကို ဖေ့စ်ဘွတ်ရဲ့ နောက်ဆုံး update မှာ ရရှိနိုင်တယ်လို့ ဆိုပါတယ်။ Like ခလုတ်က ဖေ့စ်ဘွတ်ရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်နေခဲ့တာ ကြာခဲ့ပါပြီလို့ မာ့ခ်ဇူကာဘတ် ကပြောကြားခဲပါတယ်။

တစ်နေ့တစ်နေ့ကို Likeပေါင်း ဘီလျံနဲ့ချီပြီးလုပ်နေကြပေမဲ့ အကြောင်းအရာတိုင်းက ကောင်းတာချည်းပဲ မဟုတ်တဲ့အတွက် တခြားခံစားချက်တွေလည်း ပြဖို့လိုအပ်လာပါတယ်။ ဒီသင်္ကေတတွေကို အိုင်ယာလန်နဲ့ စပိန်မှာ ဦးစွာအစမ်းသုံးခဲ့ပါတယ်။

Dislike ခလုတ်ကို အများစုက တောင်းဆိုကြပေမဲ့ ဖေ့စ်ဘွတ်ကို Reddit လို မကောင်းမြင်တဲ့ အမြင်တွေဖြစ်စေမှာ စိုးတဲ့အတွက် ချန်လှပ်ထားခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဖေ့စ်ဘွတ်ရဲ့ Messenger မှာတော့ Dislike စတစ်ကာကို အသုံးပြုနိုင်တယ်လို့ ပြောထားပါတယ်။

Ref:dailymail.co.uk

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.