ကွေးနိုင် ဆန့်နိုင်တဲ့ စမတ်ဖုန်း

this-flexible-screen-smartphone-is-possibly-the-next-big-thing-in-the-tech-world-980x457-1456390168_980x457.jpg

ကနေဒါနိုင်ငံ အွန်တာရီအိုရှိ Queen's University က သုတေသနပညာရှင်တွေဟာ ပထမဦးဆုံး ကာလာအပြည့်အဝရှိ ကွေးနိုင်တဲ့ touch ဖုန်းမျက်နှာပြင်ကို တီထွင်ဖန်တီးခဲ့ကြပါတယ်။

ReFlex လို့ အမည်ပေးထားတဲ့ အဲဒီဖုန်းရဲ့ hardware မှာ LG မှ တီထွင်ဖန်တီးထားတဲ့ 720p display တစ်ခုပါဝင်တယ်။ Android 4.4 KitKat လည်ပတ်စေတဲ့ ဖုန်းပရိုဆက်ဆာသေးလေး နှစ်ခု အသုံးပြုထားပါတယ်။

ဒါပေမယ့် ReFlex ရဲ့ အရေးကြီးဆုံး hardware ပိုင်းက အထိအတွေ့ဖြင့် သိစေမယ့် တုံ့ပြန်ချက်ကို ခံစားရရှိရန်အတွက် မျက်နှာပြင် အနောက်ဘက်မှာ ထည့်သွင်းထားတဲ့ ကွေးညွတ်နိုင်တဲ့ အာရုံခံကိရိယာ 'bend sensors' ဖြစ်ပါတယ်။ ဒီ feature ကို e-book သို့မဟုတ် online magazine တွေ ဖတ်ဖို့အတွက် ဘယ်လိုအသုံးပြုနိုင်လဲဆိုတာ Queen's University's School of Computing မှ ဒါရိုက်တာတစ်ဦးဖြစ်သူ Roel Vertegaal က ရှင်းပြပါတယ်။

ဖုန်းကို ညာဘက် ချိုးခေါက်လိုက်ပါက စာအုပ်လိုပဲ စာမျက်နှာတွေက ညာကနေ ဘယ်ဘက်သို့ ရွေ့သွားကြတယ်လို့ Vertegaal က ပြောဆိုခဲ့ပါတယ်။ ခပ်ပြင်းပြင်းချိုးခေါက်ပေးလေ စာမျက် အမြန်ရွေ့လေ ဖြစ်ပါတယ်။ သုံးစွဲသူတွေအနေနဲ့ စာမျက်နှာတွေ ရွေ့သွားတဲ့ ခံစားချက်ကို လက်ချောင်းတွေကနေတဆင့် ခံစားနိုင်တယ်။ ဒီအချက်က မျက်စိဖြင့်မကြည့်ဘဲ ဆောင်ရွက်စေနိုင်ကာ document တွေ ရောက်တဲ့ နေရာ သိဖို့ ပိုမိုလွယ်ကူ စေပါတယ်။

ဒီနည်းပညာကို နောက် ၅ နှစ်အတွင်း consumer တွေရဲ့ လက်ထဲ ရောက်လာဖို့ မျှော်လင့်ကြောင်း Vertegaal က ဆိုပါတယ်။ 

Ref: Mensxp

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.