ကမ္ဘာတစ်ဝန်းက အချစ်နဲ့ဆိုင်တဲ့ စွဲလန်း အယူသည်းမှုများ

surprised-woman.jpg

ကမ္ဘာတစ်ဝှမ်းမှာ နေရာဒေသကိုလိုက်ကာ သူတို့အိမ်ထောင်ရေး၊ အချစ်ရေးနဲ့ ပတ်သက်ပြီး ယူဆထားတဲ့ အယူအဆပေါင်များစွာ ရှိနေပါတယ်။ အဲ့ဒီထဲက တစ်ချို့ကို ဖော်ပြပေးရရင်တော့

၁) ရုရှားချစ်သူ မိန်းကလေးတစ်ယောက်ကို ပန်းပေးတဲ့အခါ စုံဂဏန်းအရေအတွက် ပေးမိရင် ချက်ချင်းစွန့်ပစ်သွားပါလိမ့်မယ်။ အကြောင်းကတော့ ရုရှားနိုင်ငံရဲ့ ဓလေ့ထုံးစံအရ အသုဘအခမ်းအနားတွေမှာ သာ စုံဂဏန်းအရေအတွက်ရှိတဲ့ ပန်းပွင့်တွေ ဝေငှလေ့ရှိတဲ့အတွက်ဖြစ်ပါတယ်။

၂) တရုတ်နိုင်ငံမှာ မုတ်ဆိတ်မွေး၊နှုတ်ခမ်းမွေးထားရင် မိသားစု၊မိတ်ဆွေနဲ့ ချစ်ရသူတွေကို ကံဆိုးစေနိုင်တယ်လို့ ယူဆကြပါတယ်။

၃)ကိုယ့် ချစ်သူရဲ့ပါးစပ်နားတဝိုက်မှာ မှဲ့ ဒါမှမဟုတ် အမှတ် တစ်ခုရှိမယ်ဆိုရင် ကိုရီးယားတွေရဲ့ အယူအရ သစ္စာမရှိတဲ့ ချစ်သူလို့ သတ်မှတ်ကြပါတယ်။

၎) အာဖရိကတိုက်မှာ ငါးတစ်ကောင်ကို အိပ်မက်မက်ပြီဆိုရင် ကိုယ် ဒါမှမဟုတ် ကိုယ်နဲ့နီးစပ်တဲ့သူတစ်ယောက် ကိုယ်ဝန်ရှိနေတယ်လို့ ယူလေ့ရှိပါတယ်။

၅) အမေရိကန်လူမျိုးတွေရဲ့ အယူအရ ကိုယ့်လျှာက ကိုယ့်တံတောင်ဆစ်ကို  ပြန်ပြီး လျက်နိုင်/ နမ်းနိုင်တယ်ဆိုရင် ကိုယ့်အိပ်မက်ထဲက မျှော်မှန်းထားတဲ့ ဖူးစာရှင်နဲ့ တွေ့နိုင်မယ့် အခွင့်အလမ်းများတယ်လို့ ယုံကြည်ကြပါတယ်။

၆) တရုတ်ရိုးရာဓလေ့အရ သတိုးသမီးလောင်းတစ်ယောက်ကို မင်္ဂလာပွဲမတိုင်မီ ၁၅-၃၀ ရက်အတွင်းမှာ စပြီး ငိုကြွေးရပါတယ်တဲ့။ မျက်ရည်များများကျလေ အိမ်ထောင်ရေးမှာ ပိုပြီးပျော်ရွှင်ရလေလို့ ယူဆကြပါတယ်။

၇) ဂမ်ဘီယာနိုင်ငံမှာ သားသမီးလိုချင်ရင် မိကျောင်းတွေပြည့်နေတဲ့ Kachikally လို့ခေါ်တဲ့ မိကျောင်းကန်ထဲမှာ ရေချိုးဆင်းရင် မျက်လှည့်ပြသလို ကိုယ်ဝန်ရရှိနိုင်တယ်လို့ ယုံကြည်ကြပါတယ်။

Ref:timesofindia.indiatimes

201 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.