Air-fresher၊ အမွှေးနံ့ပါ ဖယောင်းတိုင်တွေက လူတွေကို အသက် အန္တရာယ်ပေးနိုင်

candles840.jpg

ဖယောင်းတိုင်ရနံ့ သို့မဟုတ် ပတ်ဝန်းကျင် လေထုမွှေးကြိုင်နေအောင်သုံးတဲ့ air-fresher တွေနဲ့ အိမ်တွင်းသန့်စင်ရေးပစ္စည်းတွေ အသုံးပြုသင့်၊ မသင့် ထပ်ခါထပ်ခါ စဉ်းစားသင့်ပါတယ်။

သံပုယိုနဲ့ ထင်းရှူးအနံ့ရှိတဲ့ ကုန်ပစ္စည်းတို့က နေအိမ်ကို အဆိပ်ရှိတဲ့ ဓာတုပစ္စည်းများနဲ့ အသက်သွင်းစေနိုင်ကြောင်း လေ့လာမှုတစ်ခုက တွေ့ရှိခဲ့ပါတယ်။ ယင်းလေ့လာချက်မှာ အငွေ့ပြန်လွယ်တဲ့ အော်ဂဲနစ် ဓာတုပစ္စည်းအမျိုးမျိုးကို ၅ ရက်ကျော်ကြာ တိုင်းတာ အကဲဖြတ်ခဲ့တာဖြစ်ပါတယ်။

သုတေသီတွေအနေနဲ့ သန့်စင်ရေး ပစ္စည်း၊ air-fresher၊ ဖယောင်းတိုင်နဲ့ အစားအစာတို့မှာ တွေ့ရတဲ့ ရှောက်၊ သံပုရာလို အနံ့မျိုးတွေ တချို့အိမ်တွေမှာ အရမ်းများနေတာ တွေ့ရပါတယ်။ သံပုယိုသီးနံ့ ကိုယ်၌က ကျန်းမာရေးအန္တရာယ်အနည်းငယ် ဖြစ်နေစဉ်မှာ အိုဇုန်းဓာတ်ငွေ့နဲ့ ကင်ဆာဖြစ်စေတဲ့ formaldehyde ကို ဓာတ်ပြု ဖြစ်ပေါ်စေပါတယ်။

သို့ပေမယ့် ရှောက်၊ သံပုရာအနံ့ ကြိုက်နှစ်သက်သူတွေအတွက် ဒါတွေအားလုံး ဆုံးရှုံးသွားပြီ ဆိုတာမျိုးတော့ မဟုတ်ပါ။ ပြတင်းပေါက်၊ အခန်းတံခါးတွေ ဖွင့်ခြင်း၊ တိုက်ကပ်နွယ်ပင် English Ivy တွေစိုက်ပျိုးခြင်းက လေထုထဲက formaldehyde ကို စုပ်ယူကြောင်း တွေ့ရပါတယ်။

နေအိမ်အတွက် အကောင်းဆုံးအနံ့အသက်က ရှောက်၊ သံပုရာအနံ့မဟုတ်ပါဘူး။ သဘာဝလာဗင်ဒါ ရေမွှေးပန်း အနံ့ဖြစ်ကြောင်း ကျွမ်းကျင်ပညာရှင်များက ပြောဆိုပါတယ်။ 

Ref: Indiatimes 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.