သားကောင်းတစ်ယောက် ဖြစ်လာဖို့……………။

bigstock-father-helping-teenage-son-wit-23242847.jpg

 

သားကောင်းတစ်ယောက် ဖြစ်လာဖို့ဆိုရင် တာဝန်ဝတ္တရားတွေ သိတတ်ရမယ်။ ကိုယ်ပိုင်အချိန် တချို့ကို စွန့်လွှတ်ရလိမ့်မယ်။ သင်ကိုယ်တိုင်နဲ့ သင့်မိဘကြားက အရေးကြီးတဲ့အကြောင်းအရာတွေကို ထိန်းညှိုနိုင်ဖို့ လိုအပ်တယ်။ သားကောင်းတစ်ယောက် တကယ်ဖြစ်ချင်စိတ်ရှိပြီး ဘယ်လိုဖြစ်နိုင်မလဲမသိသူများ ဒီဆောင်းပါးကိုဖတ်ကြည့်စေချင်ပါတယ်။ လိုတာယူ၊ မလိုတာပယ်ပေါ့လေ။

၁။ ရည်မှန်းချက် ပန်းတိုင်ထားပါ။

သင့်မှာဘယ်လိုအရည်အသွေးရှိဖို့ လိုအပ်မလဲဆိုတာကို သုံးသပ်ပါ။ တိုးတက်လာဖို့လိုတဲ့ ပင်ကိုယ်အရည်အသွေးနဲ့ လိုအပ်ချက်တွေအပေါ်မှာ အာရုံစိုက်မှသာ သင့်မိဘတွေအတွက် အရည်အချင်းရှိတဲ့ သားတစ်ယောက် ဖြစ်လာမှာပါ။  ဒါကြောင့် ထင်းထင်းလင်းလင်း သိမြင်နိုင်တဲ့ ရည်မှန်းချက် ပန်းတိုင်မျိုးထားပါ။

၂။ မိဘတွေနဲ့ အတူ အချိန်ဖြုန်းပေးပါ။

သင့်မိဘတွေနဲ့ အတူ အချိန်ဖြုန်းပေးတာ ဟာ တစ်ဦးနဲ့တစ်ယောက် ကြားမှာ နားလည်မှုတွေပိုလာစေပါတယ်။ အိမ်ကိစ္စတွေမှာလည်း အာရုံစိုက်ပြီး ပါဝင်ဆောင်ရွက်ပေးလိုက်ပါ။

၃။ အကျိုးမမျှော်ကိုးပဲ မိဘတွေအတွက် စတေးသင့်တာကို စတေးပါ။

မိဘတွေဆိုတာ ကျွန်တော်တို့ရဲ့ ခွန်အားပါပဲ။ သူတို့အတွက် စတေးသင့်တာကို စတေးတာကလည်း သားတစ်ယောက်အနေနဲ့ အကောင်းဆုံး စွမ်းဆောင်ပေးလိုက်တာပဲ ဖြစ်ပါတယ်။ အဲ့ဒီ့လို လုပ်ပေးလိုက် တဲ့အတွက်လည်း မိဘတွေကို ပျော်ရွှင်စေပြီး လိုအပ်လှတဲ့ သားကောင်းတစ်ယောက် ဖြစ်စေပါလိမ့်မယ်။

၎။ သင်ဂရုစိုက်ကြောင်း မိဘတွေသိအောင် လုပ်ပါ။

မိဘတွေနဲ့ အေးတူပူအမျှ အမြဲတမ်း ရှိနေပေးပါ။ မိဘတွေ မျှော်မှန်းထားသလို ဂရုစိုက်တတ်တဲ့ သားကောင်းတစ်ယောက် ဖြစ်ပါစေ။ သင့်ရဲ့ ရပ်တည်ချက်က အရေးကြီးလှပါတယ်။

၅။ မိဘတွေဆီကနေ တစ်ခုခု သင်ယူပါ။

မိဘတွေဟာ သူတို့သားသမီးတွေကို အတွေ့အကြုံတွေ သင်ပေးဖို့ အမြဲဆန္ဒရှိကြပါတယ်။ အများကြီး သင်ယူပါ။ ကျွန်တော်တို့က အမြဲ အဖေချစ်တဲ့သားတွေလေ။

၆။ ကျောင်းမှာ စွမ်းဆောင်အား ကောင်းအောင်လုပ်ပါ။

ကျောင်းမှာ အမှတ်ကောင်းကောင်း ရရင် သင့်မိဘတွေပျော်ကြမှာ ဖြစ်သလို သင်ဟာလည်း စာတော်တဲ့ ကျောင်းသားကောင်း တစ်ယောက်ဖြစ်လာမှာပါ။ မိဘတွေက သင့်အတွက် ရင်းနှီးမြှုပ်နှံပေးထားတာတွေလည်း အကျိုးမရှိ မဖြစ်တော့ဘူးပေါ့။

၇။ နာယူလွယ်တဲ့ သားတစ်ယောက် ဖြစ်ပါစေ။

မိဘတွေရဲ့ ညွှန်ကြားချက်တွေကို လိုက်နာပါ။ သင်မိဘတွေမှာ သင့်ထက်များတဲ့ လူ့ဘ၀အတွေ့အကြုံတွေရှိ ပါတယ်။

၈။ မိဘတွေက သင့်အတွက် ဂုဏ်ယူနိုင်အောင်လုပ်ပါ။

မိဘတွေတိုင်းက ကိုယ့်သားသမီး အောင်မြင်ကြီးပွားရင် ပျော်တပြုံးပြုံ နဲ့ မော်မဆုံးဖြစ်နေတတ်ပါတယ်။ အလုပ်ရာထူးတိုးတာပဲဖြစ်ဖြစ်၊ စာမေးပွဲအောင်တာပဲဖြစ်ဖြစ် မိဘဂုဏ်ယူရအောင်လုပ်ပါ။

၉။ မိဘတွေရဲ့ မျှော်မှန်းချက်ကို ဖြည့်ဆည်းပေးပါ။

မိဘတွေတိုင်းက သူတို့သားသမီးတွေဟာ အမှားကြီးကြီး မကျူးလွန်ဘူး၊ မိသားစုကို တန်ဖိုးမဲ့အောင် မလုပ်ဘူးလို့ မျှော်လင့်ထားကြပါတယ်။

၁၀။ နားလည်တတ်အောင် ကြိုးစားပါ။

သင်သိနားလည်ထားတာထက် မိဘတွေရဲ့အမြင်ကို နားလည်တတ်အောင်လုပ်ပါ။ မိဘတွေက ကိုယ့်ထက် အတွေ့အကြုံများတဲ့သူတွေဖြစ်တဲ့အတွက် လက်ခံယုံကြည်ပေးလိုက်ပါ။

၁၁။ မိဘတွေရဲ့ အကြံဉာဏ်ကို ရယူပါ။

အခြေအနေတွေအရ ကြီးကြီးမားမား ဆုံးဖြတ်ရတော့မယ်ဆိုရင်၊ မိဘတွေရဲ့အကြံဉာဏ်ကိုရယူလိုက်ပါ။

၁၂။ ချစ်ချစ်ခင်ခင် နေပါ။

မိဘတွေကို အကန့်အသတ်မဲ့ ချစ်ခြင်းတွေပေးပါ။ မိဘတွေရဲ့ ပူဆွေးသောကတွေနဲ့ ရောဂါဝေဒနာတွေကို ပျောက်ကင်းစေမယ့် အကောင်းဆုံးဆေးတစ်ခွက်က သင့်ရဲ့ချစ်ခြင်းမေတ္တာပဲဖြစ်ပါတယ်။

၁၃။ မိဘတွေကို အမြဲပျော်အောင် ထားပါ။

အ၀တ်အစားသစ်တွေ လက်ဆောင်ဝယ်ပေးတာပဲဖြစ်ဖြစ်၊ တစ်နေရာရာ လိုက်ပို့ပေးတာပဲဖြစ်ဖြစ် လုပ်ပေးပြီး မိဘတွေကို အမြဲပျော်အောင်ထားပါ။ မိဘတွေနဲ့အတူ ပျော်စရာကောင်းတဲ့အရာတွေကို လုပ်ပေးရင် မိဘတွေက ပီတိဖြစ်နေမှာပါ။

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.