လန်ဒန်မြို့ က ဘတ်စ်ကားတွေ မောင်းနှင်တဲ့အရှိန်နှုန်းဟာ ကြွက်တွေထက် နှေးတာကို တွေ့ရှိ

mg_slow_ldn_bus_compb.png

လန်ဒန် မြို့ က ပြည်သူ့သယ်ယူပို့ဆောင်ရေး ယာဉ်တွေဟာ ယာဉ်အန္တရာယ် အလွန်ကင်းနေပြီး ခရီးသွားတွေရဲ့  အလျင်လိုမှုအတွက်တော့ လုံးဝ အဆင်မပြေတာကို ဒေတာ ကောက်ခံမှု တွေက တဆင့် တွေ့ရှိခဲ့ရပါတယ်။ ဗြိတိန်နိုင်ငံရဲ့  မြို့ တော် လန်ဒန် မှာရှိတဲ့ ဘတ်စ်ကား အချို့ ဟာ ကြွက် ၊ ကြက် နဲ့ မြည်း တို့ထက် နှေးကွေးစွာ မောင်းနှင်နေကြတယ်လို့ သိရပါတယ်။

Blackwall မှတ်တိုင်ကနေ Charing Cross မှတ်တိုင်ကို မောင်းနှင်တဲ့ လမ်းကြောင်းနံပါတ် ၁၅ ဘတ်စ်ကားလိုင်းဟာ တစ်နာရီကို ၅ မိုင်နှုန်းနဲ့သာ မောင်းနှင်နေပြီး Putney Heath မှတ်တိုင် ကနေ Warren Street မှတ်တိုင်ကို မောင်းနှင်နေတဲ့ လမ်းကြောင်းနံပါတ် ၁၄ ဘတ်စ်ကားလိုင်းကတော့ တစ်နာရီ ၅.၂ မိုင်နှုန်း နဲ့သာမောင်းနှင်နေတာ ဖြစ်ပါတယ်။ Fulham Town Hall မှတ်တိုင် ကနေ Liverpool Street မှတ်တိုင်ကို မောင်းနှင်နေတဲ့ လမ်းကြောင်းနံပါတ် ၁၁ ဘတ်စ်ကားလိုင်း ကတော့ တစ်နာရီ ကို ၅.၄ မိုင်နှုန်း ၊ Dulwich မှတ်တိုင် ကနေ Rood Lane မှတ်တိုင်ကို မောင်းနှင်နေတဲ့ လမ်းကြောင်းနံပါတ် ၄၀ ဘတ်စ်ကားလိုင်း ကတော့ တစ်နာရီ ကို ၅.၅ မိုင်နှုန်း ၊ St Mary of Eton Church မှတ်တိုင် ကနေ Waterloo မှတ်တိုင်ကို မောင်းနှင်နေတဲ့ လမ်းကြောင်းနံပါတ် ၂၆ ဘတ်စ်ကားလိုင်း ကတော့ တစ်နာရီ ကို ၅.၅ မိုင်နှုန်း စသဖြင့် အသီးသီး မောင်းနှင်နေတယ်လို့ ဒေတာ အချက်အလက်တွေက ဖော်ပြထားပါတယ်။

Evening Standard သတင်းဌာနက ဖော်ပြထားတာကတော့ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလကနေ နိုဝင်ဘာလအထိတော့ ဘတ်စ်ကားလိုင်းတွေရဲ့  ပျမ်းမျှ အမြန်နှုန်းဟာ တစ်နာရီ ၈.၁ မိုင် ကနေ တစ်နာရီ ၉.၂ မိုင်နှုန်း ကြားမှာ မောင်းနှင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ပျမ်းမျှအားဖြင့် တွက်ချက်မယ်ဆိုရင်တော့ ကြွက်တစ်ကောင်ဟာ  တစ်နာရီကို ၈ မိုင်နှုန်း သွားနိုင်ပြီး ကြက်တစ်ကောင်ဟာတော့ တစ်နာရီကို ၉ မိုင်နှုန်းနဲ့ အမြန်သွားနိုင်ပါတယ်။ လူတွေရဲ့ ပျမ်းမျှ လမ်းလျှောက်နှုန်းဟာလည်း တစ်နာရီကို ၃.၁ မိုင်နှုန်းရှိနေပါတယ်။

Ref:metro.co.uk

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.