အာရုံမတက်ခင် မနက်အစောပိုင်းမှာ အရက်သောက်ခြင်း တားမြစ်တော့မယ့် ဗြိတိန်နိုင်ငံ ရဲ့  မြို့ 

ad_197650305.jpg

သင် တစ်ညလုံး လျှောက်လည် ပြီး အရက်သောက်တဲ့အခါမှာ သန်းခေါင်ကျော် မနက် ၂ နာရီခန့်မှာ အရက်သောက်တာ ရပ်လိုက်ဖို့ အပြောခံဖူးပါသလား။ ဒါဟာ ဗြိတိန်နိုင်ငံ Hartlepool မြို့ အတွက်တော့ တစ်ကယ်ဖြစ်လာတော့မှာ ပါ။ အာဏာပိုင်တွေဟာ Hartlepool မြို့ ကို နိုင်ငံရဲ့  ပထမဆုံး အရက်သောက်ချိန် တားမြစ်သတ်မှတ်တဲ့ မြို့  ဖြစ်လာစေဖို့ ဆုံးဖြတ်ချက်ချတော့မှာ ဖြစ်ပါတယ်။
 

လွှတ်တော် ကိုယ်စားလှယ်တွေဟာ အာရုံမတက်ခင် မနက်အစောပိုင်းမှာ တားမြစ်ကန့်သတ်ခြင်း(EMRO) ဆိုတဲ့ ဥပဒေကို Hartlepool မြို့ မှာ စတင်ပြဋ္ဌာန်း ဖို့ ပြင်ဆင်နေကြပါတယ်။ ထို ဥပဒေအရတော့ အာရုံမတက်ခင် မနက်အစောပိုင်း ၂ နာရီကနေ ၆ နာရီ ကြားအချိန်မှာ အရက်သောက်ခြင်းကို လုံးဝတားမြစ် ကန့်သတ်သွားမှာ ဖြစ်ပါတယ်။
 

ထို မြို့ ထဲမှာတော့ ယမကာ တရားဝင်ရောင်းချခွင့် လိုင်စင် ရရှိထားတဲ့ နေရာ ၁၄ နေရာ ရှိတာကြောင့်ထို ဥပဒေဟာ လိုင်စင်ရ စီးပွားရေး လုပ်ငန်း အချို့ ရဲ့  ဈေးကွက်ကို သက်ရောက်မှု ရှိလာနိုင်တာကြောင့် ဥပဒေ ပြဋ္ဌာန်းရာမှာ ကြန့်ကြာနေခြင်း ဖြစ်တယ်လို့ သိရပါတယ်။
 

ထို ဥပဒေအတွက် အငြင်းအခုံ ဖြစ်နေတာလည်း ၃ ကြိမ် ရှိခဲ့ပါပြီ။ Hartlepool မြို့  ပိုမိုလုံခြုံရေး ပူးပေါင်းဆောင်ရွက်ခြင်းအဖွဲ့ကတော့ ဒီ ဥပဒေ ပြဋ္ဌာန်းခြင်းဟာ ရာဇ၀တ်မှုတွေနဲ့ ရဲ တပ်ဖွဲ့ကို လိုအပ်မှု တွေကို လျှော့ချနိုင်လိမ့်မယ်လို့ ပြီးခဲ့တဲ့ လကပဲ တင်ပြခဲ့ပါတယ်။
 

Ref:metro.co.uk

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.