မျက်လုံးရဲ့ထောင့်စွန်းမှာ ထူးဆန်းတဲ့ အရာလေးတွေ ပျံနေသလို မြင်နေရပါသလား

istock_000007901751_large-copy.jpg

ကိုယ့်ရဲ့ မြင်ကွင်းထောင့်စွန်းနားမှာ ဖျတ်ခနဲ အကောင်လေးတစ်ကောင် ပျံသွားသလိုမျိုး၊ အလင်းတန်း တစ်ခုကို မြင်လိုက်ရသလိုမျိုး ကြုံဖူးကြပါသလား။ ဒါက သွေးနီဥဆဲလ်၊ ပရိုတင်းနဲ့ တစ်ရှုးစငယ် တစ်ခုခု ကွာကျပြီး မျက်စိအာရုံခံလွှာ ပေါ်မှာ အရိပ်လာထင်တာကြောင့် ဖြစ်ပါတယ်။

ဒီ သေးငယ်တဲ့ အရာလေးတွေက အန္တရာယ် မဖြစ်စေနိုင်ပါဘူး။ ပုံမှန်အားဖြင့်တော့ အဲ့ဒီ အရာတွေကို မြင်ရလေ့မရှိပါဘူး။ သူတို့က မြင်လွှာနဲ့ အရမ်းနီးကပ်အောင်ရွေ့လျားနေတဲ့အချိန်မျိုး၊ အရမ်းတောက်ပတဲ့ မျက်နှာပြင်တစ်ခုကို စိုက်ကြည့်နေတဲ့အခါတွေမှသာ မြင်ရနိုင်ပါတယ်။ ပုံမှန် အချိန်မှာ သူတို့ကို မမြင်ရတဲ့ အကြောင်းရင်းကတော့ ဦးနှောက်က ဒီလိုစိတ်အနှောက်အယှက် ဖြစ်စေတဲ့ အရာတွေကို မမြင်နိုင်အောင် ဖုံးကွယ်ထားပေးနိုင်တဲ့ အစွမ်းရှိတာကြောင့် ဖြစ်ပါတယ်။

သူတို့က မျက်လုံးရွေ့လျားမှုအတိုင်း ရွေ့လျားနေပြီး အမြင်လမ်းကြောင်း တလျှောက်မှာ မျောနေတာဖြစ်တဲ့အတွက် မြင်ရခြင်းဖြစ်ပါတယ်။ ပထမဆုံးမြင်ရတဲ့အချိန်မှာ အကောင်တစ်ကောင်ကောင် ပျံသန်းနေတယ် အထင်နဲ့ စိတ်အနှောက်အယှက် ကြုံရတတ်ပါတယ်။နောက်ကျမှသာ ကိုယ့်မျက်လုံးထောင့်စွန်းကနေ မြင်နေရခြင်းဖြစ်ကြောင်း သတိပြုမိကြပါတယ်။ ကံကောင်းတာက ဒီမျောနေတဲ့အရာဝတ္ထုတွေကို ကမ္ဘာ့ ဆွဲအားကဆွဲထားတဲ့အတွက် ကိုယ့်ရဲ့ အမြင်အာရုံ လမ်းကြောင်းမှာ အမြဲ မမြင်ရနိုင်ပါဘူး။

Ref:idealist4ever

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.