ခံတွင်းကင်ဆာ တားဆီးကာကွယ်နိုင်သော အချက် ( ၉ )ချက်

girl-brushing-teeth1.jpg

ခံတွင်းကင်ဆာကိုအချိန်မီလေ့လာစစ်ဆေးဖို့ အရေးကြီးပါတယ်။ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အနေအထားကိုရောက်ရှိ နေ /မရောက်ရှိဘူးဆိုတာ သိရှိရန်နှင့် သင့်ကျန်းမာရေးကို ဘယ်လိုကာကွယ်မလဲဆိုတာ ဒီမှာဖော်ပြလိုက်ပါတယ်။

ခံတွင်းကင်ဆာဖြစ်စေတဲ့ အဓိကအကြာင်းအရာတွေကဘာလဲ

ခံတွင်းကင်ဆာဟာ အသက်အရွယ်ကြီးလာတာနဲ့အမျှ ပိုမိုဖြစ်နိုင်တယ်လို့ B.C. ကင်ဆာသုတေသနအေဂျင့်စီ အရ သိရှိရ ပါတယ်။ ခံတွင်းကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းများမှာ ဆေးလိပ်သောက်ခြင်း သို့မဟုတ် ဆေးငုံ/ဝါးခြင်း၊ တစ်နေ့ အရက် ၃ ခွက်ထက် ပိုသောက်ခြင်း၊ ခရမ်းရောင်နေရောင်ခြည် တိုက်ရိုက်ထိတွေ့ခြင်း (နေလောင်ဒါဏ်) စသည်တို့ပါဝင် ပါတယ်။ အရင်ကဖြစ်ပွား ခဲတဲ့ ဦးခေါင်း သို့မဟုတ် လည်ပင်းကင်ဆာကလည်း အသက်အန္တရာယ်ကို ထိခိုက်စေပါတယ်။ ခံတွင်းကင်ဆာဟာ ပါးစပ်နဲ့ လိင်ကိစ္စပြုတဲ့အတွက် လူသားတွေရဲ့ မျိုးရိုးလက္ခာဆိုင်ရာဗိုင်းရစ်ပိုး(HPV)  မှတဆင့် ကူးစက် ဖြစ်ပေါ်မှုများပြား လာတယ်လို့ သိရပါတယ်။

ခံတွင်းကင်ဆာတားဆီးကာကွယ်ခြင်း

အောက်ပါတို့မှာခံတွင်းကင်ဆာတားဆီး ကာကွယ်ရေးမှာ တက်ကြွစွာဆောင်ရွက်နိုင်ရေးနှင့် နုစဉ်အချိန်မှာသိရှိနိုင်စေတဲ့ အကြံပြုချက်များဖြစ်တယ်။

. ပုံမှန်သွားတိုက်ပါ/သန့်ရှင်းပါ – ခံတွင်းမသန့်ရှင်းပါက သင်ရဲ့ခန္ဓာကိုယ်ခုခံအားစနစ်ကို လျောနည်းစေပြီး ကင်ဆာရောဂါ ဖြစ်လာနိုင်တဲ့အလားအလာကို ခုခံရန် ခန္ဓာကိုယ်ခုခံအားကို အဟန့်အတားဖြစ်စေပါတယ်။

၂ . မည်သည့်ဆေးရွက်ကြီး၊ ဆေးထုတ်ကုန်ပစ္စည်းကိုမှ မသောက်ပါနဲ့ ဒါမှမဟုတ် မငုံ/မဝါးပါနဲ့။ သင်မှာ အခါအားလျော်စွာ ဆေးလိပ်သောက်တဲ့ အကျင့်စွဲကပ်နေပါကဆေးလိပ်ဖြတ်ဖို့ ဆုံးဖြတ်ချက်ချပါ။

၃. အရက်သေစာကို သင့်တင့်အောင်သောက်ပါ။ (တစ်နေ့တစ်ခွက် နှစ်ခွက်ခန့်သောက်ပါ) ဘယ်တော့မှ အလွန်အကျွံ့ မသောက်ပါနဲ့။ ခံတွင်းကင်ဆာဖြစ်နိုင်ချေဟာ အရက်သေစာနှင့် ဆေးလိပ်၊ ဆေးရွက် သောက်သုံးတဲ့ ပမာဏများပြားပြီး အချိန်ကာလကြာလာတာနဲ့အမျှ ဖြစ်ပွားမှုများပြားစေပါတယ်။

၎. နေရောင်ခြည် တိုက်ရိုက်ထိတွေ့ခြင်းကို လျှော့ချပါ။ နေပူခံလိမ်းဆေးသုံးရမယ်ဆိုတာ ကျွန်ုပ်တို့ အားလုံးသိကြပါတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ရဲ့ နှုတ်ခမ်းတွေမှာ လိမ်းဖို့သတိရကြရဲ့လား။ နေရောင်ခြည် အောက်သွားတဲ့အခါတိုင်း UV-A/B-blocking နေရောင်ခြည်ဒါဏ်ကာကွယ်ဆေး အသုံးပြုပါ။ နေရောင်ခြည် ထပ်ကာထပ်ကာ ထိတွေ့ခြင်းဟာ နှုတ်ခမ်းတွေမှာ ကင်ဆာ ဖြစ်နိုင်ဖို့ အလားအလာများပြားပါတယ်။ အထူးသဖြင့် အောက်နှုတ်ခမ်း ဖြစ်တတ်ပါတယ်။ နေ့စဉ်သုံးစွဲရန်အတွက် ပိုက်ဆံ အိပ်လေးမှာထည့်ယူလို့ရတဲ့ နှုတ်ခမ်းနီထောင့်ခန့်ပမာဏရှိတဲ့ နေပူခံလိမ်းဆေးအဆီဗူး ရှိပါတယ်။ တချို့လိမ်းဆေးအဆီ တို့မှာ အရောင်၊ အဆင်း၊ အနှံ့ အမျိုးမျိုးရရှိနိုင်ပါတယ်။

.ပုံမှန် လေ့ကျင့်ခန်း လုပ်ပါ။ တက်ကြွစွာ သွားလာလှုပ်ရှားခြင်းဟာ ခန္ဓာလှုပ်ရှားလည်ပတ်မှုကို မြှင့်မားစေပြီး ကင်ဆာ ဖြစ်နိုင်မယ့် အလားအလာကို တားဆီးပေးနိုင်ပါတယ်။

၆.နေ့စဉ်စားသောက်တဲ့ အစားအစာများထဲမှာ ကင်ဆာရောဂါကို တွန်းလှန်တိုက်ခိုက်တဲ့ အစားအစာများ စားသောက်ပါ။ ပဲအမျိုးမျိုး၊ ဘယ်ရီသီးအမျိုးမျိုး၊ (ဂေါ်ဖီထုပ်နှင့်ပန်းဂေါ်ဖီတို့ကဲ့သို့) ဟင်းသီးဟင်းရွက်များ၊ အစိမ်းရင့်ရောင်ရှိသော ဟင်းသီးဟင်ရွက်များ (ဟင်းနုနွယ်၊ ကိုက်လံရွက်)၊ နှမ်းကြတ်စေ့၊ ကြက်သွန်ဖြူ၊ စပျစ်သီး၊ ပဲနို့နှင့် ခရမ်းချဉ်သီးများကို ကင်ဆာရေဂါ ကာကွယ်ဆေးအဖြစ် စားသုံးရန် အမေရိကန်ကင်ဆာရောဂါသုတေသနတက္ကသိုလ်မှ အကြံပြုထားပါတယ်။ အဲဒီအစားအစာများဟာ ကင်ဆာရောဂါကာကွယ်ပေးရာ၌ လက်ရှိရေပန်းစားနေတယ်လို့ ကိုလံဘီယာဗြိတိသျှတက္ကသိုလ် ခံတွင်းနှင့်ဇီဝဆေးပညာသိပ္ပံဌာနမှ ပါမေက္ခဒေါက်တာ Lewei Zhang က ပြောပါတယ်။

၇. ကင်ဆာရောဂါ ကာကွယ်ဖို့အတွက် အဲဒီအစားအစာတွေကို ဘယ်လိုပြင်ဆင်စားသောက်ရတယ်ဆိုတာလည်း အရေး ကြီးတယ်။ ဟင်းများကို ကြော်၊ ချက်၊ ကင် သို့မဟုတ် ပေါင်းလို့စားပါ။ ကျန်းမာရေးအတွက်အထောက်အကူဖြစ်တဲ့ ကြက် သွန်ဖြူ၊ ဂျင်း၊ ဟင်းမွေးမဆာလာများကို နံ့အရသာအတွက် အသုံးပြုပါ။

၈. သွားဆရာဝန် သို့မဟုတ် သွားနှင့်ခံတွင်းစစ်ဆေးကြည့်ရှုသူနှင့် ပုံမှန်ပြပါ။ (၆ လတစ်ကြိမ် အနည်းဆုံး) ပြသပြီး ခံတွင်း ကင်ဆာရောဂါစစ်ဆေးမှုပြုလုပ်ဖို့ တောင်းခံပါ။

၉. မိမိကိုယ်မိမိ တစ်လတစ်ကြိမ် အနည်းဆုံး စစ်ဆေးပါ။ မိမိဘာသာရင်သားကိုစစ်ဆေးတဲ့အခါ ခံတွင်း ကိုလည်းစစ်ဆေး ပါ။ စစ်ဆေးချိန် မိနစ်အနည်းငယ်ကြာပေမဲ့ သင့်ဘဝမှာ ကြီးမားတဲ့ပြောင်းလဲမှုကို ခံစားရမှာဖြစ်တယ်။ မမြင်နိုင်တဲ့နေရာ တွေကို ကြည့်ဖို့အတွက် (ဆေးဆိုင်တွေမှာ ရရှိနိုင်တဲ့) အလွယ်တကူ အသုံးပြုနိုင်တဲ့ ခံတွင်းကြည့်မှန်ကို ဝယ်ပါ။ သင့်ရဲ့ လျှာအနားဖက်နှင့် အောက်ဖက်ကို သေချာစစ်ဆေးကြည့်ပါ။ သံသယဖြစ်နိုင်ဖွယ်ရာ "အဖု၊ အကျိတ်၊ အဖြူ၊ အနီကွက်" တစ်ခုခုတွေ့ရှိပါက စစ်ဆေးကြည့်ရန် သွားဆရာဝန်ထံသို့ သွားရောက်ပြသပါ။

Ref:besthealthmag.ca

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.