ဘက်တီးရီးယားပိုးများ တိုက်ဖျက်နှိမ်နင်းပေးသော သဘာဝ ပလုတ်ကျင်းဆေးနည်း (၃) မျိုး

index.jpeg

အကုန်ကျသက်သာတဲ့ ပလုတ်ကျင်းဆေးရည် ဖြစ်ပါတယ်။ ဘက်တီးရီးယားနှိမ်နင်း တိုက်ဖျက်ပေးသော DIY ပလုတ်ကျင်းဆေးနည်း (၃) မျိုးကို မိမိဘာသာ ဖော်စပ်နိုင်ပါတယ်။ အကောင်းဆုံးပစ္စည်းများ ပါဝင်သည့်အပြင် ဖော်စပ်ရတာလည်း အင်မတန် လွယ်ကူမှု ရှိပါတယ်။

ပလုတ်ကျင်းဆေးနည်း – ၁

ပါဝင်ပစ္စည်းများ

Baking soda လက်ဖက်ရည်ဇွန်း (၂) ဇွန်း

Peppermint essential oil (၂) စက်

Tea tree essential oil (၂) စက်

ရေသန့် ဖန်ခွက်ဖြင့် (၁/၂) ပိုင်း

ဘူး သို့မဟုတ် ဖန်ပုလင်းအသေး

လမ်းညွှန်ချက်

၁။ ပါဝင်ပစ္စည်းအားလုံး ရောစပ်ပါ။

၂။ မသုံးတဲ့အချိန်မှာ baking soda ဖန်ခွက်/ပုလင်းအောက်မှာ အနည်ထိုင်နေပါလိမ့်မယ်။ အဲ့ဒီတော့ ပလုတ်ကျင်းဆေးကို သေချာ လှုပ်ခါပေးပါ။

၃။ ဒီအိမ်တွင်း ပလုတ်ကျင်းဆေးရည် လက်ဖက်ရည်ဇွန်း ၂ – ၃ ဇွန်းခန့် ပါးစပ်ထဲ ၁ မိနစ် ၂ မိနစ်ကြာ ငုံပေးပါ။ ပလုတ်ကျင်းနေစဉ် မျိုမချမိစေဖို့ သတိပြုပါ။

ဆေးဖက်ဝင်အပင် ပလုတ်ကျင်းဆေးနည်း – ၂

ပါဝင်ပစ္စည်းများ

ပွတ်ပွတ်ဆူတဲ့ ရေ (၂) ခွက်

Rosemary (၁) အောင်စ

Oregon grape root (၁) အောင်စ

Whole cloves (၁/၂) အောင်စ

လမ်းညွှန်ချက်

၁။ ရေကို ဖန်ဖူးထဲထည့်ပြီး ကျန်ပါဝင်ပစ္စည်းများနဲ့ ပေါင်းထည့်ကာ တစ်ည ထားပေးရမှာ ဖြစ်ပါတယ်။

၂။ ခပ်ကျဲကျဲ ရက်ထားတဲ့ ပိတ်ပါးလေးတစ်ခု သုံးပြီး မနက်မှာ အရည်စစ်ထုတ်ပေးရပါမယ်။

ပိုးသတ် ပလုတ်ကျင်းဆေးနည်း – ၃

ပါဝင်ပစ္စည်းများ

ပန်းသီးရှာလကာရည် ထမင်းစားဇွန်း (၂) ဇွန်း

ရေ (၁) ခွက်

လမ်းညွှန်ချက်

၁။ ပါဝင်ပစ္စည်းအားလုံးရောစပ်ပြီး ဖန်ဘူးတစ်ခုနဲ့ သိမ်းထားပါ။

၂။ မသုံးခင် သေချာလှုပ်ခါပေးပါ။

၃။ အဲဒီအရည်နဲ့ ပလုတ်ကျင်း၊ ပြီးနောက် ထွေးထုတ်ရပါမယ်။

 

Ref:1mhealthtips

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.