Vanessa Hudgens ရဲ့ အနုပညာသက်တမ်းတစ်လျှောက် ရရှိခဲ့တဲ့ ပထမဆုံးအောင်မြင်မှု

cos-vanessa-hudgens-de.jpg

Vanessa Hudgens ဟာ သူမရဲ့ အနာဂတ်ရလဒ်တွေနဲ့ ပတ်သက်ပြီး ပြောပြတဲ့အခါမှာ ရှက်ရွံ့ခြင်းတစ်စုံတစ်ရာ မရှိခဲ့ပါဘူး။ Spring Breakers စတားဟာ Marie Claire မဂ္ဂဇင်းရဲ့ အောက်တိုဘာလမှာ မျက်နှာဖုံးရှင်အနေနဲ့ ပါဝင်ခဲ့တာဖြစ်ပါတယ်။ သူမရဲ့ နောက်ဆုံး ထပ်လောင်း ပြောကြားချက်အရ သူမဟာ သာမန် လူနေမှုဘ၀ပုံစံမျိုးဆီကိုသာ ဦးတည်သွားမှာဖြစ်ပြီး အဲဒါက သူမကို ပိုပြီးပျော်ရွှင်စေတယ်လို့ ဆိုပါတယ်။

“ကျွန်မရဲ့အာရုံကနေ ခံစားမိနေတာ ကျွန်မဟာ ဘ၀မှာပျော်ရွှင်မှုကိုပိုပြီး ဦးစားပေးချင်တယ် ဆိုတာပါပဲ။ ပြီးတော့လဲ ကျွန်မက သိပ်အရေးမကြီးတဲ့အရာတွေကို ဂရုမစိုက်တတ်ဘူး။ ဥပမာ- ပါပါရာဇီ တို့လိုပေါ့”လို့ ဆိုပါတယ်။

ဒီအချက်ကို ကြည့်မယ်ဆိုရင် ဘယ်အရာကမှ သူမကိုဆွဲမချနိုင်ပါဘူး။ သူမမှာ အောင်မြင်တဲ့ အသက်မွေးမှုတစ်ခုရှိနေပြီးတော့ အခုထိလဲ အောင်မြင်ဆဲပါပဲ။ ပြီးတော့ တစ်စုံတစ်ယောက်က ဒါကို မနှစ်သက်ခဲ့ရင်တောင် သူမအပေါ် အကျိုးသက်ရောက်ခွင့်ပြုမှာ မဟုတ်ပါဘူး။

“ကျွန်မကိုယ်ကျွန်မ ဖိအားမဖြစ်အောင် သက်တောင့်သက်သာနေတယ်။ ကျွန်မချစ်နှစ်သက်တဲ့ အရာတွေ ၊ ဘယ်အရာက ကျွန်မကို အင်အားဖြစ်စေတယ်ဆိုတာတွေကို အမြဲတမ်းသတိပြုတယ်။ ကျွန်မ နောက်မှာကျန်နေခဲ့တာမျိုးရှိပေမယ့် ကျွန်မ ဂုဏ်ယူတတ်တယ်။ ဒါကြောင့် တစ်ခြားသူတွေ ကြိုက်တာ မကြိုက်တာ ကျွန်မ လုံးဝဂရုမစိုက်ပါဘူး။ ကျွန်မကြိုက်တယ်လေ” လို့ ပြောသွားပါတယ်။

“ပျော်ရွှင်မှုလိုချင်လား မလိုချင်လားဆိုတာ မင်းမှာရွေးချယ်ဖို့ အခွင့်အရေးရှိပါတယ်။ ကျွန်မက ပျော်ရွှင်ဖို့ကိုပဲ ရွေးချယ်တယ်။ အဲ့ဒါက လှလှပပကို အလုပ်ဖြစ်ပါတယ်”တဲ့။ သူမရဲ့ အနာဂတ်ရည်မှန်းချက်နဲ့ ပတ်သက်ပြီးတော့ “အမေရိကန် စံချိန်မီ မြင်းရိုင်းအသေးလေး တစ်ကောင်၊ ကလေးငယ်လေးတွေနဲ့ အော်စကာဆု တစ်ခု”လို့ ပြောသွားပါတယ်။

Coachella တေးဂီတဆုပွဲမှာ သူမကို ကိုကင်းသုံးစွဲလာပါတယ်လို့ ကောလဟာလတွေ ထွက်ခဲ့တဲ့အပေါ် သူမရဲ့ အမြင်ကိုမေးကြည့်တဲ့အခါ“ရယ်ရုံကလွဲလို့ ကျွန်မ ဘာမှမလုပ်နိုင်ပါဘူး။ ဘာမှမရှိခြင်းရဲ့ အပြင်ဘက်မှာ လူတွေဘာကိုများ ဖန်တီးချင်ကြလဲဆိုတာ သိပ်အံ့သြဖို့ကောင်းပါတယ်။ ကျွန်မလဲ လူထဲက လူတစ်ယောက်ပါပဲ။ ကျွန်မကို လူတွေအာရုံစိုက်နေကြတယ်ဆိုတာ ကျွန်မသိတယ်။ တကယ်လို့ အမှားတွေလုပ်မိခဲ့တယ်ဆိုရင်တော့ ကျွန်မမရည်ရွယ်ခဲ့ပါဘူး။ ပြီးတော့ ပိုကောင်းတဲ့ လူတစ်ယောက်ဖြစ်အောင် အမြဲတမ်း တွန်းအားပေးနေပါတယ်”လို့ ပွင့်ပွင့်လင်းလင်း ပြောသွားပါတယ်။

(Ref:starpulse)

 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.