လုပ်ငန်းခွင်သုံး ကွန်ပျူတာနေရာမှာ အစားထိုးနိုင်ဖွယ်ရှိတဲ့ HP ရဲ့ စမတ်ဖုန်းသစ်

hp-elite-x3-dock.jpg

Elite x3 ကို သက်ဆိုင်ရာ accessories များနဲ့ တွဲဖက်ပေးတဲ့အခါ desktop သို့မဟုတ် laptop တစ်ခုကဲ့သို့ အသုံးပြုနိုင်ပါတယ်။

မိုင်ခရိုဆော့ဖ်အနေနဲ့ Windows ရဲ့ အနာဂတ်ကို ဘယ်လောက်ထိ မျှော်မှန်းထားသလဲ အချုပ်ဖော်ပြပေးတဲ့ စကားစုက "mobile first, cloud first" ဆိုတာပဲ  ဖြစ်ကြောင်း CEO ဖြစ်သူ Satya Nadella က ဆိုပါတယ်။ ကုမ္ပဏီရဲ့ ထုတ်ကုန်နဲ့ ဦးစားပေးဆောင်ရွက်ရမယ့် အချက်တွေ ပြောဆို ဆွေးနွေးတဲ့အခါ ဒီစကားကို သူ မကြာခဏ သုံးခဲ့ပါတယ်။ အခုတော့ HP မှ ဖုန်းသစ်တစ်ခုက ယင်း ဆိုလိုရင်းသဘောတရားကို mobile hardware ပတ်သက်ပြီး သုံးနှုန်းလိုက်တဲ့အခါ ဘယ်လိုသဘောသက်ရောက်သွားလဲဆိုတာ အတိအကျ ဖော်ပြပါတယ်။

HP ရဲ့ Elite x3 က ယခုနှစ်နွေရာသီမှာ စတင်ဖြန့်ချိမယ့် Windows 10 နဲ့ မောင်းနှင်လည်ပတ်ထားတဲ့ စမတ်ဖုန်းတစ်ခု ဖြစ်ပြီး စီးပွားရေးသမား ဝယ်ယူသုံးစွဲသူတွေကို ပစ်မှတ်ထားပါတယ်။ ကုမ္ပဏီအနေနဲ့ ဝန်ထမ်းများကိုယ်တိုင် သူတို့ရဲ့ desktop သို့မဟုတ် computer နေရာမှာ ဒီကိရိယာကိုသာ အစားထိုး အသုံးပြုသွားဖို့ မျှော်လင့်နေပါတယ်။ ဘယ်လိုအသုံးပြုမလဲ။ HP ရဲ့ x3 က Continuum ကို အကူအညီဖြစ်စေမယ့် ပထမဆုံး non-Microsoft smartphone ဖြစ်ပါတယ်။ Continuum ဆိုတာက ဟန်းစက်ကို ကီးဘုတ်နဲ့ မောက်စ်ဖြင့် ချိတ်ဆက်ထားတဲ့ desktop တစ်လုံးကဲ့သို့ လည်ပတ်အသုံးပြုနိုင်စေမယ့် feature သစ် တစ်ခုဖြစ်ပါတယ်။

HP အနေနဲ့ "Mobile Extender" ခေါ် x3 ကို လက်တော့ပ်ပုံစံအဖြစ် ပြောင်းလဲပေးမယ့် ကိရိယာတစ်ခုလည်း စီစဉ်ပေးမှာ ဖြစ်တယ်။ အဆိုပါ Extender မှာ ကီးဘုတ်နဲ့ တွဲဖက်ထားပြီးသား 12.5-inch screen ဆိုဒ်နဲ့ လာမှာပါ။ အတွက်ချက်ဆိုင်ရာ လိုအပ်ချက်အားလုံးအတွက် ဖုန်းကို အသုံးပြုမှာ ဖြစ်တဲ့အတွက် processor သို့မဟုတ် အတွင်း သိုလောင်မှု storage မပါ။ x3 နဲ့ ပတ်သက်လို့ HP ရဲ့ ရည်မှန်းချက် ဝန်ထမ်းများအတွက် ရုံးနဲ့အိမ် ပစ္စည်းသယ်ပြုရ ပိုမိုလွယ်ကူစေဖို့ ဖြစ်ပါတယ်။ ယင်း mobile extender က သာမှန်လက်တော့ပ်တစ်လုံးထက် ပိုမိုပေါ့ပါး ပါတယ်။ ဒါပေမယ့် စက်ဆင်ရာမှာတော့ ဝန်ထမ်းတွေကို ပစ္စည်းနှစ်ခု ဟန်းစက်နဲ လက်တော့ပ်ကိုယ်ထည်ကို သယ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ 

Ref: Time

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.