နာကျင်တဲ့နေရာတွေကတဆင့် သိနိုင်တဲ့ ကိုယ်တွင်းရောဂါများ

07-pooping-behaviors-on-your-period.jpg

နာကျင်မှုဆိုတာ တစ်နေရာရာမှာ ရောဂါတစ်ခုခုဖြစ်နေပြီဆိုတာကို သိသိသာသာ အပြနိုင်ဆုံး နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ နေရာတစ်ခုမှာ နာကျင်နေတိုင်း အဲ့ဒီနေရာမှာ ရောဂါဖြစ်နေတယ်လို့ မဆိုနိုင်ပါဘူး။ တခြားနေရာမှာ ဖြစ်နေတဲ့ရောဂါကို ဒီနေရာမှာပြတတ်တဲ့အတွက် လူတွေက မသိရှိဘဲ ကျော်သွားတတ်ကြပါတယ်။ ဒါကိုလျစ်လျူရှုမိရင် အသက်အန္တရာယ် ဖြစ်စေနိုင်တဲ့ အဖြစ်ကြုံရနိုင်တာကြောင့် ဘယ်နေရာကနာရင် ဘယ်ကိုယ်တွင်း အင်္ဂါမှာရောဂါဖြစ်နေလဲဆိုတာ သိထားသင့်ပါတယ်။

၁) နှလုံး – အများအားဖြင့် ရင်ဘတ်တ၀ိုက်မှာနာကျင်တတ်ပါတယ်။ ဒါပေမဲ့တခါတလေ ညာလက်မောင်းနဲ့ ကျောအပေါ်ဘက်လည်း နာကျင်နိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ဘယ်ဘက်အခြမ်းနာကျင်ရင် နှလုံးနဲ့ ပတ်သက်နိုင်တာကြောင့် သတိပြုသင့်ပါတယ်။

၂) အဆုတ်နဲ့ ဝမ်းဗိုက်ကာကြွက်သား-  လည်ပင်းနဲ့ ပခုံးအပေါ်ဘက်နာကျင်တတ်ပါတယ်။

၃) အသည်းနဲ့ သည်းခြေအိတ်- ပထမဆုံးသင်္ကေတအဖြစ် လည်ပင်းနဲ့ ပခုံးအပေါ်ဘက် နာကျင်ပြီးနောက်မှာ ခန္ဓာကိုယ်ရဲ့ ညာဘက်အခြမ်း နာကျင်လာတတ်ပါတယ်။

၎) အစာအိမ်နဲ့ သရက်ရွက်- ၀မ်းဗိုက်နဲ့ ကျောတ၀ိုက် နာကျင်တတ်ပါတယ်။ နာတာရှည် သရက်ရွက်ရောင်ရမ်းနာရောဂါဆိုရင် ကျောဘက်မှာ ဆိုးဆိုးရွားရွားနာကျင်မှု ခံစားရတတ်ပါတယ်။

၅) အူသိမ်- ချက်တ၀ိုက် နာကျင်မှု ခံစားရတတ်ပါတယ်။ ဒီလိုနာကျင်မှုမျိုးခံစားရရင် ဆရာဝန်နဲ့သေချာစွာ စစ်ဆေးကြည့်ဖို့ လိုပါတယ်။

၆) အူမကြီး-အူအတက်ပေါက်ခြင်းဖြစ်လျှင် ၀မ်းဗိုက်ညာဘက် အောက်တပြင်လုံး စူးစူးရှရှနာကျင်တတ်ပါတယ်။ ၀မ်းဗိုက်အောက် အလယ်ပိုင်းနား တ၀ိုက်နာကျင်ရင် အူမကြီးနဲ့ အစာဟောင်းအိမ်ရောဂါ ခံစားနေရ တာ ဖြစ်နိုင်ပါတယ်။

၇) ကျောက်ကပ်-ကျောက်ကပ်ရောဂါက ရောဂါရှာဖွေရ ခက်ခဲတတ်ပါတယ်။ လမ်းလျှောက်တဲ့အခါ ကျောအောက်ပိုင်း၊၀မ်းဗိုက်အောက်ပိုင်းနဲ့ ပေါင်တ၀ိုက်နာကျင်မှု ခံစားရတတ်ပါတယ်။

၈) ဆီးအိတ်- ဆီးခုံ အောက်ပိုင်းနာကျင်မှု ခံစားရတတ်ပါတယ်။

၉) သားအိမ်- သားအိမ်ရောင်ရမ်းခြင်းက ၀မ်းဗိုက်အရှေ့ပိုင်းရောအနောက်ပိုင်းမှာပါ နာကျင်တတ်ပါတယ်။ရောဂါပြင်းထန်ပါက ဆီးခုံတ၀ိုက်ပါနာကျင်မှု ခံစားရတတ်ပါတယ်။

 

Ref:sportonlinegroup
 

241 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.