လေထုညစ်ညမ်းမှုက အဝလွန်ခြင်းနဲ့ ဆီးချိုရောဂါ အန္တရာယ် မြင့်တက်စေနိုင်ဟု လေ့လာမှုဆို

07195df500000514-3458224-image-a-2_1456140470498.jpg

ညစ်ညမ်းသော လေထုနဲ့ ထိတွေ့ခြင်းဟာ အဝလွန်ခြင်းနဲ့ ဆီးချိုရောဂါ အန္တရာယ် ဖြစ်ပွားမှု ပိုမိုများပြားစေကြောင်း လေ့လာမှုအသစ်တစ်ရပ်အရ သိရပါတယ်။

Duke University မှ သုတေသီတွေက ကြွက်တွေကို ဘေဂျင်းလေထုရော သန့်စင်ထားတဲ့ လေထုနဲ့ပါ ဓာတ်ခွဲစမ်းသပ်ခန်းမှာ ၁၉ ရက်ကြာ ထိတွေ့စေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ညစ်ညမ်းမှု အလွန်မြင့်မားတဲ့ ဘေဂျင်းမြို့လေထုထဲ ရောက်ရှိသွားကြတဲ့ အုပ်စုက အဝလွန်ခြင်းနဲ့ ဆီးချိုရောဂါအန္တရာယ် ဖြစ်ပွားစေနိုင်တဲ့ အချက်တွေဖြစ်ကြတဲ့ ကိုလက်ထရောပမာဏ (၅၀%)၊ သွေးထဲမှာတွေ့ရတဲ့ အဆီတစ်မျိုးဖြစ်သောTriglycerides (46%) နဲ့ စုစုပေါင်း ကိုလက်ထရောလ် (၉၇%) ပိုများကြောင်း United Press International မှ ဖော်ပြထားပါတယ်။ ညစ်ညမ်းသော လေထုထဲ ရောက်ရှိသွားကြတဲ့  ကြွက်အထီးတွေဟာ သန့်စင်ထားသော လေထုမှာ ထားတဲ့ တခြားကြွက်များထက် ၁၈% လေးချိန်ပိုများပြီး ကြွက်အမတွေကျတော့ ၁၀% အလေးချိန်ပိုများကြောင်း လေ့လာမှုမှာ အဖြေထွက်ရှိခဲ့ပါတယ်။

လူတွေမှာလည်း ထိုနည်းတူ အစာခြေချက်မှု ကောင်းစွာ အလုပ်မလုပ်ခြင်းကို အတည်ပြုချက်ရှိခဲ့ပါက ယနေ့ခေတ် လေထုညစ်ညမ်းမှု အဆမတန်မြင့်မားတဲ့ ကမ္ဘာမှာ အဝလွန်မှုဝန်ထုတ်ဝန်ပိုး ကြီးမားလာမှုကို ထောက်ရှုပြီး ဒီတွေ့ရှိချက်များက လေထုညစ်ညမ်းမှု လျော့ချရေး လုပ်ငန်းကို အရေးတကြီး ဆောင်ရွက်ဖို့ အထောက်အကူဖြစ်စေပါလိမ့်မယ်လို့ ယင်းလေ့လာမှုကို ဦးစီးလုပ်ကိုင်သူများက သတင်းထုတ်ပြန်ချက်တစ်ခုမှာ ပြောဆိုခဲ့ပါတယ်။ 

Ref: Time

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.