ကာစတမ်မာတွေ လိုအပ်တဲ့ အရာမှန်သမျှကို ဖြည့်ဆည်းပေးမဲ့ Things 4 U

wg.png

၁၂ လပိုင်း ၁၂ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ Things 4 U ဆိုတဲ့ဆိုင်လေးဟာ ပါတီနဲ့ပတ်သက်တာ၊ Wedding နဲ့ပတ်သက်တာ Event နဲ့ပတ်သက်တာတွေ မှန်သမျှအတွက်သာမက Gift မျိုးစုံနဲ့ Service မျိုးစုံပါရရှိနိုင်သလို ကာစတမ်တာတွေ စိတ်တိုင်းကျ ဈေးနှုန်းသင့်တင့်မျှတစွာ နဲ့ ဖန်တီးပြုလုပ်ပေးနေတာကြောင့် အဆိုပါ Things 4 U ဆိုင်လေးကို သွားရောက်မေးမြန်းဖြစ်တဲ့အခါ

-Things 4 U ဆိုတဲ့ဆိုင်လေးကို စဖွင့်ဖြစ်ခဲ့ပုံလေးကို အရင်ဦးဆုံးပြောပြပေးပါဦး။

ဒီဆိုင်လေးကို စဖွင့်ဖြစ်တာက ကျွန်မတို့ဒီပါတီတွေ၊ ပွဲတွေ လုပ်ချင်တဲ့ အခါ ဥပမာ Service ကိုအပ်မယ်ဆိုရင်ဈေးတွေ အရမ်းကြီးနေတာတွေ၊ ကိုယ့်ရဲ့ဒီဇိုင်းအတိုင်း မရတာတွေ၊ ပြီးတော့ ကိုယ့် Feeling လေးနဲ့ကိုယ်လုပ်ပေးချင်တဲ့သူတွေအတွက် ဘယ်ပစ္စည်းကို ဘယ်နားမှာ သွားဝယ်ရမှန်းမသိ၊ ကုန်ကျမယ့်စရိတ်တွေကလဲများ၊ အဲ့ဒီလိုဖြစ်မှာစိုးလို့အဲ့ဒါလေးတွေကို ဖြည့်ဆည်းပေးချင်တဲ့စိတ်နဲ့ဒီပစ္စည်း item လေးတွေကိုသွင်းဖြစ်ရင်း ဒီဆိုင်လေးကိုဖွင့်ဖြစ်ခဲ့တာပါ။

-အချိန်ကာလအနေနဲ့ရော ဘယ်လောက်ကြာသွားပြီလဲ။

အစ်မတို့ဆိုင်စ Run တာက ၁၂ ရက် ၁၂ လ ၂၀၁၅ မှာဆိုင်လေးကို စ Run ဖြစ်ပါတယ်။

-ပိုင်ရှင်အနေနဲ့ရော အစ်မတစ်ယောက်တည်းလား။ ဒါမှမဟုတ်စပ်တူလုပ်တာလား။

အစ်မတို့သူငယ်ချင်းတွေစုပြီး ဖွင့်ဖြစ်တာပေါ့။ ၇ယောက်လောက် ရှိမယ်။ ခင်လေးပါမယ်။ မဂျာအောင်၊ မမွန်၊ ကိုကျော်ဝင်း၊ ကိုညီ ၊ မခိုင်ဝင်းအိ စတဲ့သူငယ်ချင်းတွေ စုပြီးဖွင့်ဖြစ်တာပေါ့။ စစချင်းတုန်းက ၃ ယောက်၊ ၃ ယောက်ကနေ ၅ယောက်၊ ပြီးမှ ၇ယောက်ဖြစ်သွားတာပါ။ အခုကျတော့ Customer တွေရဲ့ တောင်းဆိုမှုအရ Service အပိုင်းတွေပါ လိုချင်တယ်ဆိုလို့ အဲ့ဒီအပိုင်းတွေပါ လုပ်ပေးပါတယ်။ ဥပမာ Wedding ကိုပြင်ပေးတာ၊ Wedding Decoration အစရှိတဲ့ ကားပေါ်မှာ အလှဆင်တဲ့ ကား Decoration ကအရ Pre Wedding ရိုက်တဲ့အခါမှာ ခရီးထွက်ပြီး ရိုက်ချင်တဲ့သူတွေအတွက်လဲ One Stop Service ရှိတယ်။ Event အနေနဲ့ဆိုရင်လဲ ဥပမာ Ooredoo , Telenor အစရှိတဲ့ Others သူတို့တွေရဲ့ Product Launch လုပ်လို့ လာအပ်ရင်လဲ လက်ခံပေးတယ်။ အစ်မတို့ရဲ့ Wedding Event Party ဆိုတာကလဲ အဲ့ဒါတွေကို Supply ပဲ။ ဒါပေမဲ့ Customer တွေရဲ့တောင်းဆိုမှုအရ Service အပိုင်းကိုပါ ထပ်ချဲ့ထားတယ်။ အဲ့ဒါကိုတော့ ၇လပိုင်းမှာ Launch လုပ်မယ်။ ဒါပေမဲ့ အခုလောလောဆယ်က ရင်းနှီးတဲ့သူတွေအတွက်တာ့ လက်ခံနေပြီ။ ဥပမာ ပွဲတွေလုပ်တဲ့အခါ အားချင်းလိုတဲ့ ဥပမာ ပွဲတစ်ခုမှာ လက်ဆောင်ပေးဖို့ အတွက်ဆိုရင်လဲ အစ်မတို့ဆီက ပစ္စည်းလေးတွေမှာလေဆာထိုးပေးတာကအစ အစ်မတို့ဆီမှာ အကုန်လုပ်လို့ရတယ်။ ပွဲတစ်ခုမှာ လိုအပ်သမျှ အရာရာတိုင်းအစ်မတို့ဆိုင်မှာရတယ်။ ငှားလဲငှားတယ်။ ပါတီတစ်ခုအတွက် ဘာလိုအပ်မလဲ အားလုံးဒီမှာရပါတယ်။ Wedding နဲ့ပတ်သက်ရင်လဲ Pre Wedding ရိုက်တာကစလို့အဆုံးထိရတယ်။ ရောင်းတာလဲရှိတယ်။ ငှားပေးတာလဲရှိတယ်။ ဒီဆိုင်လေးကို ခရစ်စမတ်တုန်းက ဖွင့်ခဲ့တာဆိုတော့ စစချင်းဖွင့်တုန်းက Supply အနေနဲ့သွားခဲ့တာဆိုတော့ ပစ္စည်းပဲပါသေးတယ်။ Service မပါဘူး။ ဒါပေမဲ့ ၇လပိုင်းမှာတော့ အစ်မတို့ရဲ့ Service တွေကို launch အနေနဲ့လုပ်ပါမယ်။

-ဒီဆိုင်မှာသေးသေးလေးကစပြီး ရနိုင်တာကရောဘာတွေဖြစ်မလဲ။

အစ်မတို့ဆိုင်မှာ သုံးခုရှိတယ်။ အောက်က အထပ်က Event နဲ့ပတ်သက်တာတွေပေါ့။ ဥပမာရှေ့မှာဆို Valentine ဆိုတော့ Decoration တောင် Valentine နဲ့ပတ်သက်တဲ့ဟာတွေပဲ လုပ်တယ်။ ဥပမာ ခရစ်စမတ်ဆို ခရစ်စမတ် Theme ဖြစ်သွားတယ်။ နောက်တစ်ခုက Wedding အခန်းပေါ့။ Wedding Gift, Wedding Information အပြင် အခြား ဟာတွေ သီးသန့် Wedding ခန်းလုပ်ထားတယ်။ နောက်တစ်ခန်းက ပါတီနဲ့ပတ်သက်တဲ့ အခန်းကြီးပဲ သီးသန့်ရှိတယ်။ အောက်ထပ်ကတော့ ရှုတင်တွေ ဘာတွေလာရိုက်ကြတာမျိုး ရှိတယ်။

-လက်ဆောင်ပစ္စည်းတွေအနေနဲ့ရော ဘာတွေများရမလဲ။

အခြေခံကတော့ ပေပါစာရွက်တွေ၊ ဘူးတွေ၊ အရုပ်လေးတွေပေါ့။ Valentine ကရှေ့မှာပြီးသွားတာဆိုတော့ Valentine Event အနေနဲ့ ချောကလက်၊ အရုပ်၊ ပန်းစည်း အစရှိတဲ့ဟာတွေပေါ့။ အကုန်ရတယ်။ Handmade Gift အနေနဲ့ဆိုရင် စာလုံးလေးတွေနဲ့ကီးချိန်းလေးတွေ၊ Magnet Board လေးတွေ၊ ဘောလ်ပင်လေးတွေ၊ Power Bank ပေါ့ မျိုးစုံရှိတယ်။ အစ်မတို့ရဲ့ Things 4 U ကလုပ်တဲ့ Gift တွေတော့ရှိတယ်။ အရုပ်အကြီးကြီးတွေတော့ မရှိဘူး။ ဒါပေမဲ့ အရှေ့မှာက Valentine မို့လို့သူနဲ့ဆိုင်တဲ့ Event အနေနဲ့ အရုပ်ကပါတယ်။ အခု Valentine ကပြီးသွားပြီဆိုတော့ အရုပ်ကတော့ မရတော့ဘူး။

-Gift အနေနဲ့မှာရင် အနည်းဆုံးကနေ အများဆုံးဈေးကိုလဲသိချင်ပါတယ်။

၂၀၀၀ ကနေအများဆုံး၂၅၀၀၀ ခွဲထိရှိတယ်။

-Wedding ပိုင်းကျတော့ ရော ဈေးနှုန်းအနည်းဆုံးကနေအများဆုံးကိုသိချင်ပါတယ်။

ဒေါ်လာနဲ့ဆို ၂၀၀ ကနေ ၁၈၀၀ ထိရှိတယ်။

-ပါတီအနေနဲ့ Service ယူမယ် ဆိုရင်ရော ဈေးနှုန်းလေးတွေက ဘယ်လိုရှိမလဲ။

၂၅၀၀၀၀ အထက်ဆို လူပါလိုက်ပေးတယ်။ ၂၅၀၀၀၀ အောက်ဆို ပစ္စည်းတွေပဲ Supply လုပ်ပေးတယ်။ ဘောလုံး ၂၀ ၊ ၃၀လောက်ဆိုလဲလာယူ၊ ပြင်ဆင်မပေးဘူး။ လူမလိုက်ဘူး။ ဆိုင်ကနေပဲပြင်ဆင်ပေးပါတယ်။ မိုးပျံပူဖောင်း ၅ လုံး ၁၀ လုံးကအစ လုပ်ပေးတယ်။ သူများတွေဆို ၁၀၀ မှ၊ ၂၀၀မှမှာလို့ရတယ်။ ၁၀၀ အောက်ဆိုလာယူ၊ ၁၀၀လောက်မှာရင် Free လိုက်ပို့ပေးတယ်။ ဘောလုံးဆိုရင်လဲမျိုးစုံရှိတယ်။ မိုးပျံပူဖောင်းအစ ဒီဇိုင်းလုပ်ပေးတယ်။

-Things 4 U ဆိုပြီးပေးဖြစ်ခဲ့တာကရော ဘယ်လိုစိတ်ကူးလေးနဲ့များလဲ။

ကိုယ့်အတွက်လိုအပ်တဲ့အရာတွေမှန်သမျှ အားလုံးဆိုတဲ့အဓိပ္ပါယ်ပေါ့။ 4 ဆိုတဲ့အရာက For ကိုပြချင်တာ၊ အစ်မတို့က Present မဟုတ်ဘူး။ Gift လဲမဟုတ်ဘူး။ မင်းအတွက်ဘာလိုအပ်တာလဲဆိုတဲ့ အဓိပ္ပါယ်နဲ့ Things 4 U ဆိုပြီးပေးဖြစ်ခဲ့တာပါ။

-ဆိုင်ခွဲအနေနဲ့ရော ထပ်ဖွင့်ဖို့ရှိဦးမလား။

အစ်မတို့ကတော့ဆိုင်ခွဲဖွင့်ဖို့ခဲယဉ်းဦးမယ်။ ဒါပေမဲ့အစ်မတို့လိုဆိုင်မျိုးဖွင့်ချင်တယ်ဆိုရင်တော့ အစ်မတို့လုပ်ပေးတယ်။ အစ်မတို့ရဲ့ Management ရော၊ Theme အရရော အစ်မတို့အတိုင်းပဲပေါ့။ အဲ့ဒီလိုဆိုင်လေးတွေ ဖွင့်ချင်ရင်တော့ လုပ်ပေးမယ်။ ဆိုင်ခွဲအနေနဲ့တော့မဖွင့်ဖြစ်လောက်သေးဘူး။

-ဆိုင်ကိုလာတဲ့ ကာစတမ်မာအနေအထားကရော ဘယ်လိုရှိလဲ။

အစ်မတို့တကယ်တမ်းဖွင့်တာက ၁၂လပိုင်း ၁၂ရက်နေ့မှ ဒါပေမဲ့ အစ်မတို့Page u 10 လပိုင်းမှာ ဖွင့်လိုက်တာဆိုတော့ အဲ့ဒီမှာလာတာတွေက သံရုံး အသိုင်းအ၀ိုင်းတွေလာတယ်။ Foreigner တွေလာတယ်။ အင်တာနေရှင်နယ် School က ကလေးတွေလာတယ်။ လူငယ်ပိုင်းလေးတွေ လာတယ်။ နောက်ထပ်လာတာက ခရစ်စမတ်အဲ့ဒီတုန်းက ဆိုင်သမားတွေ ၊ Escape တို့ P2 ဘားတို့၊ SP Bakery တို့သူတို့တွေကတော့ များသောအားဖြင့် Decoration ပိုင်းကို အစ်မတို့ဆီမှာပဲအပ်တာများတယ်။ ဆိုင်တစ်ဆိုင်လုံးစာအတွက်ယူတယ်။

-ဒီဆိုင်လေးနဲ့ပတ်သက်ပြီး ကာစတမ်မာတွေကို ပြောချင်တာလေးတွေရှိရင်လဲပြောပြပေးပါဦး။

၇လပိုင်းနဲ့၈လပိုင်းလောက်မှာ Service ပိုင်းနဲ့ပတ်သက်ပြီး Launch လုပ်မယ်။ အစ်မတို့လုပ်နေတဲ့ Service လေးတွေနဲ့ Product လေးတွေကိုခုမှချပြတုန်းပဲ ရှိသေးတယ်။ အဲ့ဒါကြောင့် နောက်ပိုင်းမှာ အစစအရာရာမှာပြည့်စုံအောင် ၇လပိုင်းနဲ့၈လပိုင်းမှာ လုပ်သွားမယ်။ အခုက အစ်မတို့ဈေးကွက်မှာဘာလိုနေလဲ။ ကာစတမ်မာတွေဘာလိုအပ်နေလဲဆိုတာကို လိုက်ဂရုစိုက်နေရတဲ့ အချိန်ကာလဖြစ်တယ်။ ဈေးနှုန်းသက်သာစေရမယ်။ ပြီးရင် ပြန်ပြီးတော့ ဖွင့်ချင်တဲ့သူတွေအတွက်လဲ Wholesale လဲစီစဉ်ပေးထားပါတယ်။

-ဆိုင်လိပ်စာလေးကိုလဲ ပြောပြပေးပါဦး။

No. ( 519 / B ) ဝေဇယန္တာလမ်းမကြီးပေါ်မှာတည်ရှိပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.