၂၀၅၀ တွင် ကမ္ဘာ့လူဦးရေရဲ့ တစ်ဝက်မှာ စာကြည့်မျက်မှန် လိုအပ်မည်ဟု သုတေသနဆို

ad_197398135.jpg

Opthalmology ဂျာနယ်မှာ ပုံနှိပ်ဖော်ပြထားတဲ့ သုတေသနပြုချက်အရ လူဦးရေ ၄.၈ ဘီလျံ သို့မဟုတ် ကမ္ဘာ့လူဦးရေ ၄၉.၈ ရာခိုင်နှုန်းက ၂၀၅၀ မှာ စာကြည့်မျက်မှန်တပ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒါဟာ ၂၀၁၀ ကိန်းဂဏန်း ၂၈.၃ ရာခိုင်နှုန်းရဲ့ နှစ်ဆနီးပါးတက်လာခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

အိမ်အပြင်ဘက်မှာ အချိန်ကုန်ဆုံးမှု လျော့နည်းလာခြင်းနဲ့ အိမ်တွင်းမှာပဲ အလုပ်လုပ်မှု ပိုများလာခြင်း စတာတွေကနေ ဖြစ်လာတဲ့ လူနေမှုပုံစံပြောင်းလဲခြင်းတို့က ယင်းတဟုန်ထိုး ပြောင်းလဲမှု နောက်ကွယ်က အကြောင်းတရားလို့ ယူဆထားကြောင်း The Telegraph က ဖော်ပြရေးသားထားပါတယ်။

ဝင်ငွေကောင်းတဲ့ နိုင်ငံတွေဟာ မျက်စိဝေဝါးမှုပြသနာ အများဆုံးဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီနိုင်ငံတွေမှာ နေထိုင်တဲ့သူတွေ တီဗီ၊ ဖုန်း သို့မဟုတ် လက်တော့ပ် ကြည့်ချိန် အသုံးပြုချိန် ပိုများလာကြလို့ပဲ ဖြစ်ပါတယ်။

နှစ် ၂၀ ကြာ Ohio State University ရဲ့ လေ့လာမှုတစ်ခုက ကလေးငယ်အယောက် ၄,၅၀၀ ကို စစ်ဆေးကြည်ရာမှာ screen ကြည့်ချိန် နဲ့ အမြင်အာရုံ နှစ်ခုကြား ဘာပတ်သက်ဆက်နွယ်မှုမှ မတွေ့ရှိခဲ့ပါဘူး။

Screen ကြည့်ရှုခြင်းကို နှစ် ၁၀၀ ကျော်အတွင်း အမြင်အာရုံပြသနာဖြစ်ပွားစေမှုတစ်ခုအဖြစ် သတ်မှတ်ထားကြောင်း ယင်းလေ့လာမှု ဦးစီးသူ Karla Zadnik က ပြောဆိုခဲ့ပါတယ်။

လေ့လာမှုများအရ အိမ်အပြင်ဘက်မှာ အချိန်ကုန်ဆုံးမှု လျော့နည်းလာခြင်းက အမြင်အာရုံဝေဝါးခြင်းနဲ့ ဆက်စပ်လျက်ရှိပါတယ်။ 

Ref: Metro 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.