ခံတွင်းအနံ့ဆိုး ထွက်သည့်ပြသနာ အဆုံးသတ်စေမယ့် ပူစီနံ

index.jpeg

လူအတော်များများ ခံတွင်းအနံ့ဆိုး ရှိကြပါတယ်။ အဲဒါကတော့ အစာခြေလမ်းကြောင်း ပြသနာတွေ ဒါမှမဟုတ် တချို့သော အစားအစာများ စားသုံးခြင်းတို့ကြောင့် ဖြစ်ပါတယ်။
Chemical ပါဝင်တဲ့ ပစ္စည်းများ ဝယ်ယူရာမှာ အကုန်အကျ သက်စေဖို့အတွက် သဘာဝကို ပိုဦးစားပေးပါ။ ခံတွင်းအနံ့ကင်းစေဖို့အတွက် အကောင်းဆုံးဆေးဖက်ဝင်အပင်က ပူစီနံ (mint) ဖြစ်ပါတယ်။

ဒီဆေးဖက်ဝင် အပင်ကို နည်းလမ်းအမျိုးမျိုးဖြင့် စားသုံးနိုင်ပြီး ကောင်းမွန်တဲ့ အရသာ ရရှိခံစားရမှာ ဖြစ်ပါတယ်။ ပူစံနံရွက်ကို ရေခွက် သို့မဟုတ် ရည်နွေးကြမ်းထဲ ထည့်ပြီးလည်း သောက်နိုင်တယ်။ ပဲ၊ မုန်လာဥ၊ ပန်းဂေါ်ဖီစတဲ့ ဟင်းတွေမှာ မကျက်ခင်လေးမှာ ထည့်နိုင်ပါတယ်။ အချိုပွဲတွေမှာလည်း ထည့်နိုင်ပါတယ်။ ဥပမာ – ချောကလက် ကွတ်ကီးတွေကြား သေချာလှီးဖြတ်ပြီး ညှပ်ထည့်ပါ အသစ်အဆန်းလေးဖြစ်ပြီး ရလာတဲ့ အရသာတစ်ခုမျိုးလေးက အံ့အားသင့်စရာ ဖြစ်နိုင်ပါတယ်။

ပီကေအစား ပူစီနံရွက်လေး ဝါးပေးပါ။ ပူစီနံကို ရေဖြင့် အရင်ဆေးပေး ရပါမယ်။ သွားတိုက်ထားသလိုပဲ ခံတွင်းအနံ့ ကင်းရှင်းနေမှာ ဖြစ်ပါတယ်။ ပူဒီနာက ကြို့ထိုးခြင်းအတွက် အကူအညီ ဖြစ်စေနိုင်ပါတယ်။ ရေနွေးတစ်ခွက်ထဲမှာ သံပုယိုရည် အနည်းငယ် ညှစ်ထည့်ပြီး ဆားအနည်းငယ်နဲ့ ပူစီနံရွက်ထည့် ရမှာ ဖြစ်ပါတယ်။ ဒီအစွမ်းထက်ဆေးဖက်ဝင်အပင်က အအေး နှာစေးခြင်းဝေဒနာကို သက်သာစေပါတယ်။ ပွတ်ပွတ်ဆူတဲ့ ရေနွေးအိုးတစ်ခုထဲ ပူစီနံအနည်းငယ်ထည့်။ ခေါင်းကို ပုဝါနဲ့အုပ်ပြီး အသက်ရှူရမှာ ဖြစ်တယ်။ နှာပိတ်ခြင်း ပြန်လည်သက်သာလာပါလိမ့်မယ်။

 

Ref:healthyfoodstar
 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.