သင်စိတ်ဝင်စားနေတဲ့လူ သင့်ဆီက အကြည့်မလွှဲနိုင်အောင် ဖမ်းစားနိုင်တဲ့ အရောင်က ဘာများဖြစ်မလဲ

sexy-red-lips-girl-wallpaper.jpg

သိပ္ပံပညာအရ သင်စိတ်ဝင်စားနေတဲ့လူအတွက် သင့်ဆီက အကြည့်မလွှဲနိုင်အောင် ဖမ်းစားနိုင်တဲ့ အရောင်ဟာ အနီရောင်ပဲ ဖြစ်တယ်လို့ သိရပါတယ်။ ဒါဟာ  ထူးဆန်းတဲ့အဖြေပဲ ဖြစ်ပါတယ်။ ကျွန်ုပ်တို့အားလုံးသိထားရတာက အနီရောင်ဟာ ဆန္ဒတွေနဲ့ ရမ္မက်တွေကို ကိုယ်စားပြုတဲ့အရောင်ပါ။ ဒါကို ပိုပြီးသေချာသွားအောင် သိပ္ပံပညာက သက်သေပြပေးခဲ့ပြန်ပါတယ်။

အနီရောင်ရဲ့  ဆွဲဆောင်မှုဟာ သွေးရဲ့  အရောင်ပေါ်မှာ အခြေခံထားပါတယ်။ ဒါဟာ သန္ဓေအောင်ခြင်းကို ဖော်ပြတဲ့ အလွယ်ကူဆုံး အချက်ပြမှုလည်း ဖြစ်ပါတယ်။ ပြီးတော့ ကျွန်ုပ်တို့အနေနဲ့ မျိုးစိတ်တွေရဲ့  ရှင်သန်ခြင်း ကို ကြည့်မယ်ဆိုရင်လည်း သန္ဓေအောင်ခြင်းဟာ အခြေဖြစ်မှာပါ။

တိရိစ္ဆာန်တွေမှာဆိုရင်လည်း မိတ်လိုက်တဲ့အခါမှာ အနီရောင်ဟာ ဇီဝဗေဒသဘောအရ လှုံ့ဆော်မှု တစ်ခုပဲ ဖြစ်ပါတယ်။ ဘာဘွန်းမျောက်တွေမှာဆို၇င်လည်း မိတ်လိုက်တဲ့အခါ သင်အရင်ဆုံး မြင်တွေ့ရမှာ အနီရောင်သန်း နေတဲ့ လိင်အင်္ဂါတွေကိုပါ။ လူသားတွေလည်း ဒီလိုပါပဲ။

ရာဇ၀င်ထဲမှာလည်း လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာကတည်းက အမျိုးသားတွေအတွက် အနီရောင်ဟာ လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှု ဖြစ်ခဲ့တာကြောင့် အနီရောင်ဝတ်ဆင်ခြင်းဟာ အမျိုးသားတွေရဲ့  အကြည့်ကို ဖမ်းစားနိုင်မယ့် ဆွဲဆောင်မှု တစ်ရပ်ဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။ အမျိုးသမီးတွေ အနီရောင်ဝတ်ဆင်တဲ့အခါမှာ အမျိုးသားတွေကို ပိုမိုဆွဲဆောင်နိုင်ပြီး ချိန်းတွေ့တဲ့အခါမှာလည်း အမျိုးသားတွေဘက်က ပိုက်ဆံပိုမို သုံးစွဲဖို့ ဖြစ်လာစေမှာပါ။

အနီရောင်နှုတ်ခမ်းနီ လေးပဲ ဖြစ်စေ ၊ အနီရောင်အင်္ကျီသို့မဟုတ် ၀တ်စုံပဲ ဖြစ်စေ သက်ရောက်မှု ရှိမှာပါ။ ဒါဟာ သိပ္ပံပညာက ပြောပြလာတာပဲ ဖြစ်ပါတယ်။

Ref;yourtango

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.