အရပ်မြင့်တဲ့ ဆယ်ကျော်သက်တွေ ကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြေပိုများ

a-doctor-measures-the-height-of-a-female-teenager.jpg

ပုံမှန်ထက် ပိုမိုကြီးထွားကျိုင်းတဲ့ ဆယ်ကျော်သက်တွေဟာ နောက်ပိုင်း ကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြေ ပိုများကြောင်း သိပ္ပံပညာရှင်တွေက အခိုင်အမာပြောဆိုထားပါတယ်။

အဝလွန်တဲ့ လူငယ်တွေမှာ ဆီးချိုရောဂါနဲ့ နှလုံးရောဂါအန္တရာယ် ဖြစ်နိုင်ခြေပိုများကြောင်း သိရတဲ့အပြင် non-Hodgkin lymphoma (NHL) အန္တရာယ် ၂၅% ပိုများကြောင်း လေ့လာမှုတစ်ခုက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အဝလွန်တဲ့ လူငယ်မျိုးဆက်များလာတာကြောင့် NHL ဖြစ်ပွားမှု စိုးရိမ်မှု ပိုခဲ့ပါတယ်။

အစ်စရေးလ်နိုင်ငံ Sheba Medical Center က Merav Leiba က ယင်းသုတေသန ဦးစီးသူဖြစ်ပြီး နှစ် ၄၀ ထက်မက လူနာ ၂.၄ မီလျှံနီးပါး လေ့လာခဲ့ပါတယ်။ သတ်မှတ်အလေးချိန်ထက် ပိုခြင်းနဲ့ အဝလွန်ခြင်းတို့က ဆီးချိုရောဂါနဲ့ နှလုံးသွေးကြောရောဂါသာမက သွေးဖြူဆဲလ် ကင်ဆာရောဂါ အန္တရာယ်ပါ ဖြစ်စေတဲ့ အကြောင်းရင်းတွေ ဖြစ်ကြောင်း သူမက ဆိုပါတယ်။

အရပ်မောင်းမြင့်သူတွေဟာ အရပ်ပုသူထက် ယင်းရောဂါ ဖြစ်ပွားနိုင်ခြေ ၂ ဆနီးပါး ပိုများကြောင်း Cancer ဂျာနယ်မှာ ပုံနှိပ်ဖော်ပြတဲ့ လေ့လာမှုက တွေ့ရှိခဲ့ပါတယ်။

ကလေးဘဝမှာ အရပ်မြင့်ခြင်းနဲ့ အာဟာရ ပိုကဲခြင်းက ခန္ဓာကိုယ်ယောင်ရမ်းစေသော မော်လီကျူးများနဲ့ NHL ဖြစ်ပွားအားပေးသော ကြီးထွားဖွံ့ဖြိုးမှုအပိုင်းများ ထိခိုက်စေနိုင်ပါတယ်။

NHL ဆိုတာက Lymphocytes ခေါ် သွေးဖြူဆဲလ်ကင်ဆာတစ်မျိုး ဖြစ်ပါတယ်။ Lymphocytes က ရောဂါကူးစက်မှုကို ခုခံနှိမ်နင်းပေးတဲ့ အရာဖြစ်ပါတယ်။

Ref: Mirror 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.