ကမ္ဘာကျော် ဘယ်သန်များနဲ့ ဘယ်သန်တွေရဲ့ ထူးခြားချက်များ

left-handed-woman-writing-620x330.jpg

ကျွန်မတို့ ငယ်စဉ်က ခဲတံ ၊ဇွန်း စတာတွေကို စကိုင်ဖို့ သင်ကြားခဲ့ရတုန်းက မိဘတွေ ၊ဆရာမတွေက ညာဘက်လက်နဲ့ပဲ ကိုင်ဖို့သင်ကြားခဲ့ကြပါတယ်။ဒါပေမဲ့ ဘယ်လိုမှ မကိုင်တတ်ခဲ့ပါဘူး။ ညာလက်နဲ့ကိုင်ဖို့ပဲ ဘာကြောင့် သင်ကြားခဲ့ကြလဲဆိုတာ အမြဲသိချင်နေခဲ့ပါတယ်။ နောက်ပြီး အသုံးအဆောင် ပစ္စည်းတွေဆိုရင်လည်း ညာသန်တွေပဲ အသုံးပြုလို့ရအောင် ထုတ်လုပ်ထားတာတွေ့ရပါတယ်။ ကတ်ကြေးညှပ်တဲ့အခါ၊ ပုလင်းအဖုံးဖွင့်တဲ့ အခါတွေမှာ ကျွန်မတို့ဘယ်သန်တွေအဖို့ အရမ်း ဒုက္ခရောက်ခဲ့ပါတယ်။ စာရေးသင်ရာမှာလည်း စိတ်ညစ်စရာတွေကြုံခဲ့ရပါတယ်။ ဒါပေမယ့် လူနည်းစုလိုဖြစ်နေတဲ့ ဘယ်သန်တွေအဖို့ အားငယ်စရာ မလိုပါဘူး။ ဘယ်သန်တွေရဲ့ အားသာချက် တချို့နဲ့ ကမ္ဘာကျော်အချို့ကို ဖော်ပြပေးချင်ပါတယ်။

ဘယ်သန်တွေက တစ်နေရာရာမှာ သဘာဝအတိုင်း အရမ်းထူးချွန်လေ့ရှိပါတယ်။ ဆိုလိုတာက သင်ကြားတတ်မြောက်လို့ မဟုတ်ဘဲ မွေးရာပါ ထူးချွန်တာမျိုးကို ပြောတာပါ။

ညာသန်တွေထက် ဘယ်အရာကိုမဆို ပိုပြီးမြန်အောင်လုပ်နိုင်ပါတယ်။

ဘယ်သန်တွေက ပါရမီရှင်တွေ ဖြစ်ပါတယ်။ အဲဘတ် အိုင်းစတိုင်းက ဘယ်သန်တစ်ယောက်ဖြစ်ပါတယ်။

ဘယ်သန်အများစုက စကားပြောအရမ်းကောင်းပြီး ဆွဲဆောင်နိုင်စွမ်းရှိပါတယ်။ ဥပမာအနေနဲ့ ဘားရက်အိုဘားမား ဖြစ်ပါတယ်။

သူတို့မှာ အနုပညာမျက်စိရှိကြပါတယ်။ ဖန်တီးနိုင်စွမ်းအရမ်းမြင့်တဲ့သူတွေဖြစ်ပါတယ်။ လီယိုနာဒို ဒါဗင်ချီနဲ့ ပီကာဆို တို့က ဘယ်သန်များအတွက်အကောင်းဆုံး နမူနာများဖြစ်ပါတယ်။

ဘယ်သန်တွေက ညာသန်တွေထက် အကြားစွမ်းရည် ပိုကောင်းပါတယ်။

ဘယ်သန်တွေက အားကစားယှဉ်ပြိုင်မှုတွေမှာလည်း အရမ်းထူးချွန်ကြပါတယ်။

ဘယ်သန်တွေမှာ ကိုယ်ပိုင်နေ့ တစ်နေ့ရှိပါတယ်။ သြဂုတ်လ ၁၃ ရက်နေ့က ဘယ်သန်တွေကို ဂုဏ်ပြုပြီး သတ်မှတ်ထားတဲ့ ကမ္ဘာ့ ဘယ်သန်များနေ့ဖြစ်ပါတယ်။

Ref:idvia
 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.