ကမ္ဘာ့ဈေးနှုန်း အချိုသာဆုံး Freedom 251 စမတ်ဖုန်း အိန္ဒိယ ထုတ်လုပ်

freedom251q.jpg

 

အိန္ဒိယ အီလက်ထရောနစ်ကုမ္ပဏီတစ်ခုမှ ရိုပီ၂၅၁ (ယူရို ၂.၆၀၊ မြန်မာငွေ ၄,၅၁၈ ကျပ် ဝန်းကျင်) သာကျသင့်တဲ့ စမတ်ဖုန်း ထုတ်လုပ်ခဲ့ပါတယ်။

Ringing Bells ကုမ္ပဏီမှ ထုတ်လုပ်ခဲ့သော ယင်းစမတ်ဖုန်းကို  ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ စတင်ဖြန့်ချိခဲ့ပြီး စက်မှုခေတ်အလှည့်အပြောင်းတစ်ခု ဖြစ်စေလိမ့်မယ်လို့ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတစ်ခုက AFP ကို ပြောပြခဲ့ပါတယ်။

ယင်းစမတ်ဖုန်းရဲ့ အတွင်းပိုင်းစက်ပစ္စည်းများမှာတော့ Android Lollipop 5.1 operation system ဖြင့် မောင်းနင်လည်ပတ်စေပြီး 1.3 GHz quadcore processor ဖြင့် အားဖြည့်ထားပါတယ်။

သူ့မှာ 4-inch screen, 1GB of RAM, internal memory 8GB (32GB ထိ ထပ်စိုက်နိုင်ပြီး) 3.2 megapixel front camera ပါရှိပါတယ်။

တချို့ကိုတော့ စက်ရဲ့ ကန့်သတ်ချက်တွေကြောင့် အဆင်မပြင်မှု ရှိနိုင်ပေမယ့် Freedom 251 သုံးစွဲသူများအနေနဲ့ Google Play Store မှာ app အားလုံး ရယူနိုင်မှာ ဖြစ်ပါတယ်။ ယင်း 251 ဖုန်းမှာ farming app နဲ့ fishing app တို့လို pre-installed program နဂိုထည့်သွင်းပြီးသား ပရိုဂရမ်တွေလည်း ရှိပါတယ်။ ၄င်းတို့ကိုတော့ ဖုန်းရဲ့ ပစ်မှတ်ဈေးကွက်နဲ့ အဆင်ပြေကိုက်ညီဖို့ ဖန်တီးထားတာပါ။

Ringing  Bells ကုမ္ပဏီရဲ့ ပြောခွင့်ရှိ အမျိုးသမီးက AFP ကို အခုလို ပြောပြခဲ့ပါတယ်။ နိုင်ငံခြားထုတ်  ပစ္စည်းအစိတ်အပိုင်းများဖြင့် အိန္ဒိယနိုင်ငံမှာ တပ်ဆင်တာပါ။ ကုမ္ပဏီအနေနဲ့ ဒီပစ္စည်းကိရိယာတွေကို တစ်နှစ်အတွင်းမှာပင် အိန္ဒိယနိုင်ငံမှာသာ ထုတ်လုပ်ဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။

တရုတ်ထုတ် တန်ဖိုးနည်း စမတ်ဖုန်းများစွာ အသင့်ရရှိနိုင်ပေမယ့် ဈေးအသက်သာဆုံးမော်ဒယ်တွေဟာ ယူရို ၁၅ ကန ၂၀ အထိ ရှိပါတယ်။

Ringing Bells အနေနဲ့ အခုလို ဈေးနှုန်းသက်သာတဲ့ စမတ်ဖုန်း ဘယ်လို စီမံထုတ်လုပ်နိုင်ခဲ့သလဲဆိုတာ လတ်တလောအချိန်မှာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အိန္ဒိယအစိုးရမှ ပေးတာဖြစ်နိုင်ကြောင်း ထင်ကြေးပေးကြပေမယ့် ဘာသဘောတူညီချက်မှ အသိပေးကြေငြာခြင်းမျိုးတော့ မရှိခဲ့ပါ။

ယင်း Freedom 251 ကို ဖေဖော်ဝါရီ ၁၈ ကစပြီး အွန်လိုင်းမှာ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ 

Ref: Independent 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.