ဆိုရှယ်နက်ဝေါ့ခ်တွေမှာ အမြဲယှဉ်ပြိုင်နေကြတဲ့ ယှဉ်ပြိုင်မှုတွေထဲမှာ ဓာတ်ပုံကို သူ့ထက်ငါ သာအောင်ခြယ် မှုန်းပြုပြင်လာကြတာတွေ့ရပါတယ်။ ဓာတ်ပုံပြုပြင်တာကို ၀ါသနာပါတဲ့သူတွေအတွက် Adobe Photoshop ဓာတ်ပုံပြင်တဲ့ ဆော့ဖ်ဝဲလ်ကို ဈေးကြီးပေးပြီးမှ တရားဝင် ၀ယ်ယူသုံးစွဲနိုင်မှာဖြစ်ပါတယ်။ ဒီတော့ ဓာတ်ပုံကို အခကြေးငွေမပေးရဘဲပြုပြင်လို့ရတဲ့ ဆော့ဖ်ဝဲလ် ၅ခုကို ဖော်ပြပေးပါမယ်။
၁) Picasa
Google ကထုတ်လုပ်ထားတဲ့ ယုံကြည်စိတ်ချရဆုံး ဓာတ်ပုံပြင်တဲ့ ဆော့ဖ်ဝဲလ်ပါ။ သင်ပြုပြင်ချင်တဲ့ ပုံတွေကိုလွယ်လွယ်ကူကူနဲ့စိတ်တိုင်းကျပြုပြင်နိုင်ပြီး ပြင်ပြီးသားပုံတွေကို Google+profile ဒါမှာမဟုတ် Picasa web album မှာတိုက်ရိုက်ချိတ်ဆက်တင်နိုင်ပါတယ်။
၂) GIMP
Adobe Photoshop နဲ့ခပ်ဆင်ဆင် function တွေပါဝင်ပါတယ်။ Photoshop အစားထိုးအသုံးပြုနိုင်တဲ့ GIMP (GNU Image Manipulation Program) ဖြစ်လို့  အသုံးပြုသူတွေကိုကြည်လင်ပြတ်သားပြီး လှပတဲ့ပုံတွေကို ပေးစွမ်းနိုင်ပါတယ်။
၃) PhotoScape
PhotoScape ကတော့သင့်ပုံတွေမှာချစ်ဖို့ကောင်းပြီး ရယ်စရာကောင်းတဲ့ပုံလေးတွေထည့်ပြီး သင့်ပုံတွေကို အလှဆင်ခြယ်သလို့ရပါတယ်။ GIF format အနေနဲ့လည်း ပုံတွေကို အသက်ဝင်လှုပ်ရှားအောင်ပြုလုပ်လို့ ရပါတယ်။ ပုံတွေကိုသောင်းပြောင်းထပ်တာတို့  လဲပြုလုပ်နိုင်ပြီး ဆလိုက်ရှိုးပုံတွေလဲပြုလုပ်လို့ရပါတယ်။
၎) Paint.Net
GIMP ကိုမရွေးချယ်ချင်ရင်နောက်ထပ်ရွေးချယ်စရာတစ်ခုကတော့ Paint.Net ပဲဖြစ်ပါတယ်။ GIMPလို ချဲ့ကား ပြုပြင်တည်းဖြတ်နိုင်တဲ့ လုပ်ဆောင်ချက်တွေမပါရှိပေမယ့်လည်း အခြေခံပြုပြင် တည်းဖြတ်နိုင်တဲ့ လုပ်ဆောင်တွေနဲ့  ဓာတ်ပုံတွေကိုပြုပြင်ဖန်တီးနိုင်ပါတယ်။
၅) Seashore
GIMP ကိုအသုံးပြုရတာ ခက်ခဲရှုပ်ထွေးနေရင်တော့ Seashore ဆော့ဖ်ဝဲလ်ကို အသုံးပြုလိုက်ပါ။ Seashoreမှာ ပုံတွေကိုအခြေခံ ပြုပြင်တည်းဖြတ်နိုင်တဲ့ လုပ်ဆောင်ချက်တွေပါဝင်လို့  အသုံးပြုသူတွေအတွက် လွယ်ကူစေပါတယ်။ Mac အသုံးပြုသူတွေအတွက်တော့ အကောင်းဆုံးဆော့ဖ်ဝဲလ်လို့ ပြောလို့ရပါတယ်။
Ref:mensxp