ဇီကာဗိုင်းရပ်စ် တိုက်ခိုက်နှိမ်နင်းဖို့ တရုတ်မှ ဖန်တီးပြုလုပ်တဲ့ ခြင်များ

50993414.jpg

ဇီကာဗိုင်းရပ်စ်က လတ်တလော ကျန်းမာရေး နယ်ပယ်မှာ ထိတ်လန့်စရာ တုန်လှုပ်ဖွယ်ကောင်းတဲ့ နောက်ဆုံးပေါ် ဝေါဟာရ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်အကြောင်း များများစားစားတော့ မသိရသေးပါဘူး။ ဒါပေမယ့် ခုချိန်မှာတော့ တရုတ်နိုင်ငံတောင်ပိုင်းရှိ ဘက်တီးရီးယား ကူးစက်ခံထားရတဲ့ ခြင်တွေကို အသုံးပြုကာ pilot field study တစ်ခု ဆောင်ရွက်ဖို့ သုတေသနပညာရှင်များအားလုံး ပြင်ဆင်ထားကြပါတယ်။

Guangdon ခရိုင် Guangzhou က Sun Yat-sen University က အဏုဇီဝဗေဒဆိုင်ရာ ပါမောက္ခနဲ့ ယင်းလေ့လာမှု ဦးစီးဦးဆောင်သူ သုတေသီ Xi Zhiyong ရဲ့ ပြောဆိုချက်အရ ဒီနည်းဖြင့် ဇီကာဗိုင်းရပ်စ် ပျံ့နှံ့စေနိုင်တဲ့ ဒေသတွင်း ခြင်ကောင်ရေလျော့ချစေဖို့ မျှော်လင့်ထားကြောင်း သိရပါတယ်။ ၄င်းခြင်တွေကို Wolbachia bacteria ကူးစက်ခံထားရတဲ့ ခြင်များဖြစ်ပြီး Guangdong က စမ်းသပ်နယ်မြေ ၂-၃ နေရာမှာ လွှတ်ထားကြပါတယ်။

ယင်းအဖွဲ့အနေနဲ့ အလားတူ နည်းလမ်းအသုံးပြုကာ ကျန်ခဲ့သောနှစ်က ခြင်ကောင်ရေ ၉၀% လျော့ချနိုင်ခဲ့ပါတယ်။

ဘယ်လို လုပ်ဆောင်ပေးသလဲဆိုရင် သုတေသနပညာရှင်တွေက မကိုက်တဲ့ ခြင်မတွေ လွတ်တယ်။ ဒီတော့  Wolbachia ကူးစက်ခံထားရတဲ့ ခြင်အမတွေက ဥတဲ့ ဥတွေ မျိုးမအောင်တော့ဘူးပေါ့။ အဲဒီအချက်က ခြင်ဦးရေ အလိုအလျောက်လျော့နည်းစေတာ ဖြစ်ပါတယ်။ 

Ref: Indiatimes 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.