၎ ဒေါ်လာ မကျော်တဲ့ Android စနစ်သုံး ကမ္ဘာ့ဈေးအသက်သာဆုံး စမတ်ဖုန်း

freedom-251.jpg

အိန္ဒိယနိုင်ငံမှာ မိတ်ဆက် ထုတ်လုပ်ခဲ့တဲ့ စမတ်ဖုန်း တစ်လုံးဟာ မယုံကြည်နိုင်စရာ ကောင်းလောက်တဲ့ ဈေးနှုန်းမျိုး နဲ့ ထွက်ပေါ်လာခဲ့ပါတယ်။ ထို စမတ်ဖုန်းရဲ့  ဈေးနှုန်းဟာ ၃.၆၆ ဒေါ်လာ သာ ကျသင့်မှာ ဖြစ်ပါတယ်။ Ringing Bell ကုမ္မဏီ က ထုတ်လုပ်တဲ့ Freedom 251 ဆိုတဲ့ စမတ်ဖုန်းဟာ Android 5.1 စနစ်ကို တပ်ဆင်ထားပြီး မျက်နှာပြင်ကတော့ ၄ လက်မ ကျယ်ဝန်းပါတယ်။ ဒီ စမတ်ဖုန်းဟာ ကမ္ဘာမှာ ဈေးအသက်သာဆုံး စမတ်ဖုန်းလို့လည်း ဆိုနိုင်မှာ ဖြစ်ပါတယ်။

ထို စမတ်ဖုန်းဟာ 960×540 ကြည်လင်ပြတ်သားမှုရှိတဲ့ qHD မျက်နှာပြင်ကို IPS panel ပါဝင်ပြီး RAM ကတော့ 1GB ဖြစ်ရှိပါတယ်။ CPU အနေနဲ့ကတော့ 1.3 GHz quad-core ကို အသုံးပြု ထားပါတယ်။ အတွင်း သိုလှောင် ပမာဏကတော့ 8 GB ရှိပြီး microSD ကတ်ထည့်သွင်း မယ်ဆိုရင် 32 GB အထိ တိုးချဲ့ နိုင်ပါတယ်။

ဘက်ထရီကတော့ 1450mAh ပမာဏ ရှိတဲ့ ဘက်ထရီ ဖြစ်ပြီး အနောက်ကင်မရာ ရဲ့  စွမ်းဆောင်ရည်ဟာ 3.2 MP ရှိပြီး အရှေ့ ကင်မရာ ကတော့ 0.3 MP ရှိပါတယ်။ ကင်မရာ အရည်အသွေး သိပ်မကောင်းပေမယ့် ၄ ဒေါ်လာ မပြည့်တဲ့ ဈေးနှုန်းနဲ့တော့ ထိုက်တန်နေပါသေးတယ်။

ဒါ့အပြင် 3G ချိတ်ဆက်မှု အတွက် အထောက်အပံ့ပေးနိုင်တဲ့ ဒီဖုန်းအတွက် ၁ နှစ်သက်တမ်း အာမခံ ပေးဦးမှာဖြစ်ပါတယ်။ ဒီလို ကမ္ဘာ့ဈေးအသက်သာ ဆုံး စမတ်ဖုန်းကို ထုတ်လုပ်တဲ့ RingingBell ကုမ္မဏီဟာ လျင်မြန်စွာ အောင်မြင်လာတဲ့ အိန္ဒိယ အခြေစိုက် စမတ်ဖုန်း ထုတ်လုပ်ရေး ကုမ္မဏီ တစ်ခုပဲ ဖြစ်ပါတယ်။

Ref:9to5google
 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.