ဈေးနှုန်းသက်သာသလို Branded လဲဖြစ်ပြီး Casual Wear လေးတွေကိုသာ ဦးစားပေးထုတ်ဖြစ်တဲ့ MIX ဖက်ရှင်ဆိုင်

12746149_1708659489392962_2120199821_n.jpg

အောက်တိုဘာ ၂၀၁၅ မှာမြန်မာပြည်ဈေးကွက်ထဲကို စတင်ဝင်ရောက်လာခဲ့တဲ့ MIX ဆိုတဲ့ branded အသစ်တစ်ခုဟာ MK group လက်အောက်ကနေပဲ brand အသစ်တစ်ခုအနေနဲ့စတင် ၀င်ရောက်လာခဲ့ပါတယ်။ ၂၀၁၆ ဖေဖော်ဝါရီ ၇ ရက်နေ့မှာ Grand Opening လုပ်ခဲ့ပြီး လူငယ်ကြိုက် Casual Wear လေးတွေကို ဦးစားပေးထုတ်ဖြစ်ကာ Manufacturing အပိုင်းကတော့ ထိုင်းနဲ့ မြန်မာ ပေါင်းစပ် ထုတ်လုပ်ထားတာဖြစ်တယ်လို့သိရတာကြောင့် ထိုဆိုင်လေးနဲ့ပတ်သက်ပြီး သိလိုသမျှကို ဆိုင်ရဲ့ General Manager ဖြစ်သူ မကြည်ဖြူဇော်အားသွားရောက်မေးမြန်းဖြစ်တဲ့အခါ

-Brand အသစ်တစ်ခုအနေနဲ့ မြန်မာပြည်ဈေးကွက်မှာ စတင်ထိုးဖောက်ဖြစ်ခဲ့ပုံလေးကို အရင်ပြောပြပေးပါဦး။

အခု အင်တာနေရှင်နယ် Brand တွေကလဲ မြန်မာပြည်ကိုဝင်လာပြီ။ တခြား အင်တာနေရှင်နယ် brand တွေလဲဝင်လာတဲ့ အတွက်ကြောင့်မို့လို့ အဲ့ဒီ Basic Concert လေးကို အခြေခံယူပြီး လူငယ်တွေကို ဈေးသက်သက်သာသာနဲ့ အင်တာနေရှင်နယ် ကွာလတီမှီတဲ့ အင်္ကျင်္ီလေးတွေကို လူငယ်တွေတတ်နိုင်တဲ့ဈေးနှုန်းနဲ့ဝယ်လို့ရအောင် အစ်မတို့အဓိက Target ထားထားတယ်။

-MIX ဆိုပြီးပေးဖြစ်ခဲ့တာကရော ဘယ်လိုအဓိပ္ပါယ်များလဲ။

MIX ကတော့ လူငယ်ဆန်ပြီး လူမှတ်မိတဲ့ နာမည်ဖြစ်ရမယ်ဆိုပြီး စရွေးကတည်းက တစ်လုံးတည်းနဲ့အမြဲမှတ်မိလွယ်အောင်ပေါ့ပေါ့ပါးပါးလေးပဲရွေးခဲ့တာပါ။ အဓိပ္ပါယ်ရယ်လို့တော့မဟုတ်ပါဘူး။

-အခုလိုမျိုး ဆိုင်ခွဲတွေရော နောက်ပိုင်းမှာထပ်ဖွင့်ဖို့ရှိဦးမလား။

ဟုတ်ကဲ့ရှင့်။ ၂၀၁၆ မှာတော့ ထပ်တိုးချဲ့ဖို့အစီအစဉ်ရှိတယ်။ နေရာကတော့ အတိအကျမသိရသေးဘူး။ ထပ်ဖွင့်ဖို့တော့ရှိပါတယ်။

-ဘယ်လိုဒီဇိုင်းမျိုးတွေကိုရော တီထွင်ဖြစ်လဲ။

နွေရာသီဆို နွေရာသီ collection ၊ မိုးရာသီဆို မိုးရာသီ Collection ၊ ဆောင်းရာသီဆို ဆောင်းရာသီ Collection အနေနဲ့ ဒီဇိုင်းလေးတွေ တော့ အမြဲတမ်း တတ်နိုင်သရွှေ့ပြောင်းနိုင်အောင် In House Designer နဲ့တိုင်ပင်ဖြစ်တယ်။ အခုလူငယ်တွေရဲ့ trend က ဘာရှိနေလဲ။ လူငယ်အ၀တ်များတာဘယ်လိုလဲပေါ့။ ဥပမာ အင်တာနေရှင်နယ် Brand တွေကကျတော့ မြန်မာနိုင်ငံရဲ့ ရာသီဥတုနဲ့မကိုက်ညီတာမျိုးတွေ ရှိတယ်။ အဲ့ဒီတော့ ဟိုဖက်က trend ကိုမှ ဒီဖက်ရာသီဥတုနဲ့ကိုက်ညီအောင်ကြိုးစားပြီး ဖန်တီးရတဲ့ အပိုင်းတွေတော့ရှိပါတယ်။ Fashion Forward ကြီး မဟုတ်ဘူး။ နေ့စဉ်ပုံမှန်လူငယ်တွေ ထသွားထလာဝတ်တဲ့ပုံစံပဲ။ တီရှပ်၊ ရှပ်အင်္ကျီ၊ ပိုလိုရှပ်၊ ဂျင်းဘောင်းဘီတွေရှိမယ်။ အသစ်တွေ အသစ်တွေတော့ အမြဲတမ်းဝင်နေမယ်။ အခြေခံထားတာကတော့ ရာသီဥတုပေါ့။ နောက်တစ်ခုကကျတော့ trend ပေါ့။ အဲ့ဒီလိုလေးတွေတော့လေ့လာထားရတယ်။ အမျိုးသမီး ၀တ်ဆိုရင်လဲ အောက်တိုဘာကနေ ခုချိန်ထိ MIX ဆို ဘာသွားသိလဲဆိုတော့ Dress တွေကိုသွားမြင်ကြတယ်။ ဈေးနှုန်းလေးတွေကလဲ သက်သာတယ်။ ၁၀၀၀၀ နဲ့ ၂၀၀၀၀ ၀န်းကျင်ဆိုကောင်းကောင်းလေးတွေရတယ်။ Dress ဒီဇိုင်းကို များများဝင်နိုင်အောင် တစ်ပတ်ကိုတစ်ခုလောက်ထွက်နိုင်အောင်တော့ကြိုးစားပါတယ်။

-ဈေးနှုန်းအနည်းဆုံးကနေ အများဆုံးကိုလဲသိချင်ပါတယ်။

၁၀၀၀၀ လောက်ကနေ ၃၀၀၀၀ ၀န်းကျင်ထိပဲရှိပါတယ်။

-ဆိုင်ဖွင့်ကာစအနေနဲ့ Discount တွေရော ရှိမလား။

ဆိုင်မှာ Discount လေးတွေက အမြဲရှိတယ်။ ဆိုင်ဖွင့်ကာစကတည်းကပေါ့။ ၅၀၀၀၀ နဲ့အထက်ဆို ဘယ်လောက် Disount အဲ့လိုပေါ့။ အစားစားရှိတယ်။ လူတွေလဲလာတဲ့အခါ ပိုစိတ်ဝင်စားအောင်ပေါ့။ ညီမတို့က brand အသစ်လဲဖြစ်တယ်။ အွန်လိုင်းမှာလဲ မရောင်းသေးဘူး။ ဆိုင်ခွဲလဲ မရှိသေးဘူး။ Distribution လဲ မလုပ်ဘူးဆိုတော့လေ။ နယ်တွေကတော့သူတို့ယူရောင်းချင်တယ်ဆိုပြီး ဆက်သွယ်ကြတယ်။ ဒါပေမဲ့ မပေးဖြစ်ဘူး။ Brand ကို Image ထားချင်တော့လေ။ ဆိုင်ခွဲတွေပဲ ဖွင့်ရင်ဖွင့်မယ်။ Discount ကတော့အမြဲလုပ်ပေးနေမယ်။ နောက်ပိုင်းမှာ Member Card အထိလုပ်ဖို့ အစီအစဉ်ရှိပါတယ်။

-အခုလောလောဆယ် ဒီဆိုင်မှာရနိုင်တာတွေကရာဘာတွေဖြစ်မလဲ။

အခုလောလောဆယ်က Clothing ပဲ။ Accessories ကတော့နောက်ပိုင်းမှာ ၀င်ဖို့ အစီအစဉ်ရှိပါတယ်။ အစ်မတို့ဆိုင်မှာရည်ရွယ်ချက်ထားတာက ဈေးနှုန်းသက်သာရမယ်။ အစ်မတို့Page မှာတင်တယ်ဆိုရင်လဲ ဈေးနှုန်းပါ တစ်ခါတည်းရေးထားတယ်။ တော်ကြာ ဆိုင်အခင်းအကျင်းကိုကြည့်ပြီးမ၀င်ရဲမှာစိုးလို့ပါ။

-ဒီဆိုင်လေးနဲ့ပတ်သက်ပြီးထပ်လုပ်သွားမဲ့ အစီအစဉ်တွေရှိရင်လဲသိချင်ပါတယ်။

ဒီ ၂၀၁၆ ထဲမှာ နောက်ထပ်ဆိုင်ခွဲတွေဖွင့်နိုင်အောင်ကြိုးစားသွားမယ်။ ပရိုမိုးရှင်း Event တွေအပြင်မှာ လိုက်လုပ်ပေးမယ်။ ဒီတော်ဝင်စင်တာမဟုတ်ပဲ တခြားစင်တာတွေမှာပေါ့။

-ဆိုင်ဖွင့်ကာစကနေ အခုချိန်ထိလာဝယ်တဲ့ ကာစတမ်မာအနေအထားလေးကိုလဲသိချင်ပါတယ်။

တစ်ခုကံကောင်းတာက Repeat ကာစတမ်မာ အရမ်းများတယ်။ အဲ့ဒါလေးကကောင်းတဲ့ အလားအလာပေါ့နော်။ လာပြီးသားလူကပြန်ပြန်လာတယ်။ ကာစတမ်မာလဲ ၀င်တာများတယ်။ ရောင်းအားလဲမဆိုးဘူး။ ကာစတမ်မာနဲ့ ဆိုင်ရဲ့ relationship က အရမ်းကို ကောင်းပါတယ်။

-ဒီဆိုင်လေးနဲ့ပတ်သက်ပြီး ပြောချင်တာလေးများရှိသေးရင်လဲပြောပြပေးပါဦး။

အခုက Brand အသစ်တစ်ခုအနေနဲ့ မြန်မာ ကာစတမ်မာကို စပြီးထိုးဖောက်တာပေါ့နော်။ စပြီးထိုးဖောက်တဲ့အချိန်မှာ ၁၀၀ ရာခိုင်နှုန်း Made in Myanmar တော့ မဟုတ်သေးဘူး။ ဒါပေမဲ့ကြိုးစားနေတယ်။ လူငယ်တွေက Made in Myanmar ဆို သိပ်ပြီး မကြိုက်ကြဘူး။ ကိုယ်ကိုတိုင်လဲ မကြိုက်ခဲ့ဘူး။ ကြည့်လိုက်ရင် brand  ကအင်တာနေရှင်နယ်ဆန်သလို အင်တာနေရှင်နယ် Trend ကိုလဲလိုက်နိုင်တယ် ဆိုရင် ဈေးနှုန်းကလဲ သက်သာတယ်ဆိုတဲ့ အရာလေးကို ဒီဆိုင်လေးကပေးချင်တာပါ။

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.