ဝိုင် အစွန်းတွေကို ဘယ်လို ဖယ်ရှားမလဲ

how-to-remove-wine-stains.jpeg

ကိုယ့် အကြိုက်ဆုံး အ၀တ်အစားတွေပေါ်၊ဆိုဖာ ထိုင်ခုံတွေပေါ်နဲ့ ကော်ဇောတွေပေါ်မှာ ၀ိုင်အနီတွေ စွန်းပေသွားခဲ့လို့ စိတ်ညစ်နေရင် အကောင်းဆုံး ဖြေရှင်းနိုင်မယ့် နည်းလမ်းလေးတွေရှိပါတယ်။

အ၀တ်အစား

ပွဲတစ်ခုခုရောက်နေတုန်းမှာ ၀ိုင်ခွက်မှောက်ကျပြီး ပေသွားခဲ့မယ်ဆိုရင် အိမ်ကို အပြေးအလွှားပြန်လာစရာ မလိုပါဘူး။စိုသွားတဲ့နေရာကို သန့်ရှင်းတဲ့ အ၀တ်စတစ်ခုနဲ့ ဖိပြီး ၀ိုင်တွေကို စုပ်ယူနိုင်သမျှ စုပ်ယူနိုင်အောင် လုပ်ပေးပါ။ မပွတ်တိုက်ရပါဘူး။ ပြီးရင် ၀ိုင်ကွက်ပေါ်ကို အဖြူရောင် ရှာလကာရည် အနည်းငယ် လောင်းချလိုက်တဲ့အခါ အစွန်းအများစုကို ဖယ်ရှားပေးနိုင်ပါတယ်။ ပွဲပြီးသွားလို့ အိမ်ပြန်ရောက်တဲ့ အခါမှ ကျန်တဲ့ဝိုင်အစွန်းကို ဆပ်ပြာတိုက်ပြီး ရေနဲ့လျှော်လိုက်ပါ။

ဆိုဖာထိုင်ခုံ

ခုံပေါ်က ၀ိုင်အစွန်းတွေကို သန့်ရှင်းခြောက်သွေ့တဲ့ စက္ကူစနဲ့ ဖိပေးပါ။မပွတ်ပါနဲ့။ပြီးရင် ပန်းကန်ဆေးဆပ်ပြာနဲ့ ဟိုက်ဒရိုဂျင် ပါအောက်ဆိုဒ်ကိုရောပြီး ၀ိုင်အစွန်းပေါ်ကို သုတ်ပေးပါ။မိနစ်အနည်းငယ်ထားပြီးရင် သန့်ရှင်းတဲ့ အ၀တ်စတစ်ခုနဲ့ဖိသုတ်လိုက်ပါ။တစ်ခါလုပ်ရုံနဲ့ မပြောင်သေးရင် နောက်တစ်ကြိမ်ထပ်လုပ်ပါ။

ကော်ဇော

ကော်ဇောပေါ်က ၀ိုင်နီအစွန်းကို ဖယ်ရှားဖို့အတွက် ၀ိုင်ဖြူအနည်းငယ်ကို လောင်းချလိုက်ပါ။ပြီးရင် ခြောက်သွေ့ သန့်ရှင်းတဲ့ အ၀တ်စတစ်ခုနဲ့ ဖိသုတ်ပေးပါ။နောက်ဆုံးမှာတော့ ကော်ဇောတွေအတွက်သုံးတဲ့ ဆပ်ပြာရည်ကို သုံးပြီး လျှော်ပေးလိုက်ပါ။

 

Ref:sheknows
 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.