ရေသောက်ဖို့ သတိရစေမယ့် app

plantnanny.jpg

ကျွန်ုပ်တို့ဟာ တစ်နေကုန် ရေတောက်လျှောက် သောက်ဖို့ အခက်တွေ့နေတတ်ပါတယ်။ မေ့နေတာမျိုးလည်း ရှိကောင်းရှိနိုင်ပါတယ်။ တကယ်တော့ ရေတစ်စက်မျှ မသောက်ဘဲ တစ်နေကုန် နေနိုင်ပါလိမ့်မယ်။ ဒါဟာ ကျန်းမာရေးအတွက် လုံးဝမကောင်းပါဘူး။ ရေသောက်ဖို့ သတိရဖို့ မဖြစ်မနေ လိုအပ်တာကြောင့် လှုံ့ဆော်တွန်းအားပေးမယ့် အရာတစ်ခုခု လိုအပ်ပါတယ်။

Plant Nanny က သင့်ကို ရေ ပုံမှန်သောက်ဖြစ်အောင် သတိပေးမယ့် အခမဲ့ app လေးတစ်ခု ဖြစ်ပါတယ်။ သူက Tamagotchi နဲ့ ခပ်ဆင်ဆင် ဖြစ်ပါတယ်။ သစ်ပင်တစ်ခု ရွေးချယ်၊ နာမည်မည့်ပြီး ရေတိုက်ရမှာ ဖြစ်ပါတယ်။ အဲ့ဒါတိုက်ရင်းနဲ့ ကိုယ်ပါ အပြင်မှာ သောက်ဖြစ်သွားမှာပါ။ ရိုးရိုးလေးပါ။ ရေ အတန်အသင့် သောက်သုံးပါက သင့်သစ်ပင်သာ အသက်ရှင်ကျန်ရစ်မယ်။ ဒါသူ့ရဲ့မြုပ်ကွက်ဖြစ်ပါတယ်။ လိုအပ်တဲ့ ရေပမာဏ မသောက်သုံးဘူးဆိုရင် သင့်သစ်ပင်လေး နွမ်းခြောက်နေမှာ ဖြစ်ပါတယ်။

ယုံချင်ယုံ မယုံချင်နေ။ ဒါ တကယ်ကောင်းမွန်တဲ့ လှုံ့ဆော်မှုပေးမယ့် အရာတစ်ခု ဖြစ်ပါတယ်။ မိမိအပင်လေးသေရင် မိမိမှာ တာဝန်ရှိကြောင်း ခံစားရပြီး အဲဒီလို အဖြစ်မခံလိုကြပါ။ မိမိအပင် အပြည့် ကြီးထွားသွားပြီဆိုတာ နဲ့ နောက်ထပ် တစ်ပင်စိုက်ပြီး ရေဆက်သောက်ပေးနေရမှာ ဖြစ်ပါတယ်။

သင်ဟာ ရေသောက်ဖို့ မေ့နေတတ်သူဖြစ်ပါက ဒီ app လေးကို ဒေါင်းလုဒ်ရယူလိုက်ပါ။

Ref: shefinds

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.