နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ အိပ်ခန်းတွင်း စိုက်ပျိုးထားသင့်တဲ့ အပင်များ

cosy-green-bedroom_-_copy.jpg

အိမ်တွင်း သစ်ပင်တွေက လေနဲ့ အောက်ဆီဂျင်ကို စစ်ထုတ်ပေးပြီး သင့်အိမ်တွင်းမှာ လိုအပ်နေတဲ့ အရောင်တွေကို ဖြည့်ဆည်းပေးနိုင်ပါတယ်။ သင့်အိပ်ခန်းအတွင်းမှာ မှန်ကန်တဲ့ အပင်တွေကို ရွေးချယ်ထားမယ်ဆိုရင် ညဘက်မှာ စိတ်သက်တောင့်သက်တာနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ ဘယ်လိုအပင်မျိုးတွေ စိုက်ပျိုးထားသင့်သလဲဆိုတော့

စံပယ်

စံပယ်ပန်းက စိတ်ပူပင်မှုကို လျော့ပါးစေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။ သူ့ရဲ့ တွယ်တက်နေတဲ့ နွယ်ပင်တွေကြောင့် အိပ်ခန်းကို ပိုမိုလှပအသက်ဝင်စေသလို အနံ့ကလည်း အရမ်းစိတ်ကြည်နူးစေပါတယ်။ သူက တခြားအပင်တွေထက် ပိုပြီးပြုစုစောင့်ရှောက်ရတာ လွယ်ကူပါတယ်။

လာဗင်ဒါ

လာဗင်ဒါပန်းက အိပ်မပျော်တဲ့ ရောဂါရှိသူတွေနဲ့ စိုးရိမ်ပူပင်စေမှုတွေကို လျော့ပါးစေဖို့ ကုသရာမှာ အသုံးပြုလေ့ရှိပါတယ်။ လာဗင်ဒါပန်း အနံ့ကို ရှူရှိုက်မိတဲ့အခါမှာ စိတ်ငြိမ်စေတဲ့ အကျိုးကျေးဇူး ရရှိစေနိုင်ပါတယ်။

ဇီဇ၀ါ

ဇီဇ၀ါပန်းက အိပ်ဆေးသောက်လိုက်သလို အိပ်ပျော်သွားစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ ဂျာမန်သုတေသီတွေရဲ့ စမ်းသပ်မှုအရ ကြွက်တွေနဲ့စမ်းသပ်တဲ့အခါ ကြွက်တွေက လှောင်အိမ်ထောင့်မှာ ငြိမ်သွားပြီး  စိတ်သက်သာနဲ့ ထိုင်နေတာကို တွေ့ရှိပြီး လူတွေနဲ့ စမ်းသပ်တဲ့ အခါမှာလည်း အလားတူ အကျိုးရရှိတာကို တွေ့ရပါတယ်။

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်က လေထုညစ်ညမ်းစေတဲ့ ဓာတုပစ္စည်းတွေကို စုပ်ယူနိုင်ပြီး လေကို သန့်စင်စေနိုင်ပါတယ်။သင့်အိမ်ထဲမှာ အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေ အရမ်းများနေပြီဆိုရင် အပင်မှာ အညိုရောင် အစက်တွေပေါ်လာပြီး သင့်ကို သတိပေးတတ်ပါတယ်။

အင်္ဂလိပ် အိုင်ဗီ

လေကို သန့်စင်ပေးနိုင်ဆုံးအပင်တွေထဲက တစ်ပင်အဖြစ် နာဆာက သတ်မှတ်ထားပါတယ်။ဖော်မယ်ဒီဟိုက် ဓာတ်ငွေ့ကို စုပ်ယူနိုင်ဆုံးအပင်ဖြစ်ပါတယ်။ အလွယ်တကူ စိုက်ပျိုးနိုင်ပြီး ပုံမှန်အပူချိန်နဲ့ နေရောင်ရရှိရင် ရှင်သန်နိုင်ပါတယ်။ စိတ်ပေါ့ပါး သက်သာစွာနဲ့ အိပ်စက်နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။

 

Ref:healthypanda.net
 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.