တစ်ဖက်လူ သင့်ကို စိတ်ဝင်စားနေသလားဆိုတာ သိသွားစေမယ့် အကဲခတ်နည်း (၃) နည်း

hangover-myths-4.jpg

သမီးရည်းစား ဆက်ဆံရေးဆိုတာ အင်မတန်ရှုပ်ထွေး နက်နဲလှပါတယ်။ အဲဒီလို မဟုတ်ရင်လည်း ကွဲရှင်းပြတ်ဆဲပေးတဲ့ ရှေ့နေတွေ၊ စုံတွဲဆက်ဆံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်တွေ၊ ဖူးစာရှာ ဝက်ဘ်ဆိုဒ်တွေ အလုပ်အကိုင်မရှိ  ဖြစ်ကုန်ကြတော့မှာ ဖြစ်ပါတယ်။ သင့်အရင်းနှီးဆုံး မိတ်ဆွေသူငယ်ချင်းက သင့်ချစ်သူ ဖြစ်လာနိုင်သလို ဆယ်စုနှစ်ချီ လက်တွဲခဲ့တဲ့ သင့်လက်တွဲဖော်ကလည်း တစ်နေ့ သူစိမ်းတစ်ယောက်ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် သိပ္ပံပညာရှင်အုပ်စုတစ်စုက အချစ်ဆိုတာ ဘာရှုပ်ထွေးပွေလီမှုမှမရှိကြောင်း အခိုင်အမာပြောဆိုခဲ့ပါတယ်။

အမေရိကန် သုတေသနပညာရှင်တွေမှ ဖိုမကိစ္စ ဆက်ဆံရေးဆိုင်ရာ လေ့လာမှုတစ်ခုက University of Montana ကောလိပ်ကျောင်းသား/သူ အယောက် ၉၀ ကို သူတို့ စိတ်ဝင်စားတဲ့ ဆန့်ကျင်ဘက်လိင်ရှိသူ မိတ်ဆွေသူငယ်ချင်းတွေကို မည်သို့မည်ပုံ တုံ့ပြန်ဆက်ဆံမှုပြုလဲဆိုတာ မေးမြန်းခဲ့ပါတယ်။ အပြုအမူ သတိထားစောင့်ကြည့်ခြင်းက လူတစ်ယောက်က သင့်အား အကဲခတ်လေ့လာနေလားဆိုတာ ဖော်ထုတ်ပေးနိုင်ပါတယ်။ လူတစ်ဦးတစ်ယောက်မှ သင့်အား စိတ်ဝင်စားနေသလားဆိုတာ အကဲခတ်သိရှိနိုင်တဲ့ အကောင်းဆုံးနည်းလမ်း (၃) ခု ရှိပါတယ်။

သူတို့ စိတ်ရှည်သည်းခံမှုကို စမ်းသပ်ခြင်း

လူတစ်ယောက်ကို ဘယ်လို အပြုအမူမျိုးတွေ ဘယ်လောက်သည်းခံနိုင်လဲ စမ်းသပ်ကြည့်ခြင်းက လူသိအများဆုံး နည်းလမ်းတစ်ခု ဖြစ်ကြောင်း လေ့လာမှုက တွေ့ရှိခဲ့ပါတယ်။

ဒီနေရာမှာ ချီးမွမ်း မြောက်ပင့်စကားများ အရိပ်အမြွက်ပြောဆိုခြင်းနဲ့ အကူအညီတောင်းဆိုခြင်းတို့ ထည့်သွင်းနိုင်ပါတယ်။ အဲဒီလူဟာ ရိုမန်တစ်ဆန်သော စိတ်ခံစားချက်များနဲ့ တုံ့ပြန်မတုံ့ပြန်ဆိုတာ ဖော်ထုတ်နိုင်ပါတယ်။

သုံးပွင့်ဆိုင်အချစ်

ဒုတိယ လူကြိုက်အများဆုံးနည်းလမ်းက သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်း ဖန်တီးခြင်း ဖြစ်ပါတယ်။ ချစ်သူချင်းဆက်ဆံရေး ခိုင်မြဲမှု စမ်းသပ်ရန် ကြားလူတစ်ယောက် ဝင်ပါရလိမ့်မယ်။

အချစ်ရေးမှာ ဘယ်လောက်ထိ သစ္စာရှိ ကတိတည်လဲဆိုတာ တခြားအမျိုးသမီးများအား တွေ့ဆုံပြီး သူမ ဘယ်လိုတုံ့ပြန်လဲဆိုတဲ့အပေါ် စောင့်ကြည့်ခြင်းဖြင့် စမ်းသပ်နည်းပဲဖြစ်ပါတယ်။

နောက်ပြောင်ခြင်း

ရုပ်ရှင်ကြည့်နေရင်း ကိုယ်သဘောကျသူရဲ့ ဘေးနားမှာ သမ်းခြင်း၊ လက်ယမ်းခြင်းတို့က အမြဲသတိထားရမယ့် အချက်တစ်ခု ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အစမ်းသပ်ခံသူများက ဒီအပြုအမူကိုပဲ လုပ်ဆောင်ခဲ့ပါတယ်။

Volunteer များက တခြားသူများအား စိတ်ဝင်စားနေကြောင်း ဟန်ဆောင်ဝန်ခံပြောဆိုခြင်း သို့မဟုတ် သူတို့ သက်သောင့်သက်သာရှိပြီး အပြုသဘောတုံ့ပြန်မှုပြုလား သိဖို့ ပိုမိုတို့ထိပေးခြင်းတို့ ပြုလုပ်ခဲ့ကြပါတယ်။ 

Ref: Indiatimes 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.