လိင်တူချင်းဆက်ဆံမှု ကိုယ်စားပြု emoji များအားလုံး အင်ဒိုနီးရှားအစိုးရ ဖယ်ရှားစေလို

_88217387_emojiscrop.png

အင်ဒိုနီးရှားနိုင်ငံက လူမှုကွန်ယက်ဆိုဒ်တွေ အနေဖြင့် လိင်တူစုံတွဲများအား ကိုယ်စားပြုတဲ့ ဘယ် emoji မဆို ဖယ်ရှားစေလိုကြောင်း သတင်းဖော်ပြခဲ့ပါတယ်။

လူသိများကျော်ကြားတဲ့ စာတိုပို့ app တစ်ခုဖြစ်တဲ့ Line က သုံးစွဲသူများထံ တိုင်တမ်းချက်တွေ ရရှိခဲ့ကြောင်း ပြောဆိုအပြီး LGBT-themed emoji အားလုံး ဖြုတ်ထားလိုက်ပြီဖြစ်ပါတယ်။ အခုတော့ အင်ဒိုနီးရှားအစိုးရအနေနဲ့ Facebook နဲ့ WhatsApp ကဲ့သို့ အဓိက ကုမ္ပဏီများအား နိုင်ငံအတွင်း သုံးစွဲသူများအတွက် ယင်းပုံတွေကို လိုက်လံဖယ်ရှားပေးဖို့ တောင်းဆိုထားကြောင်း Repblika သတင်းမှာ ဖော်ပြထားပါတယ်။ "ဘယ်လူမှုမီဒီယာကမှ ယင်း LGBT ကိုယ်စားပြု ပြွတ်ခနဲ မြည်အောင် နမ်းလိုက်သည့် ပုံလေးတွေ ဖော်ပြကြမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်ုပ်တို့ လေးစားလိုက်နာရမယ့် ဘာသာရေးဆိုင်ရာ အလေးထား စံသတ်မှတ်ချက်များကဲ့သို့ စည်းကမ်းချက်တွေ ကျွန်ုပ်မှာ ရှိနေလို့ပါပဲ" လို့ ပြန်ကြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Ismail Cawidu ရဲ့ စကားကို ကိုးကားဖော်ပြခဲ့ပါတယ်။

အင်ဒိုနီးယားနိုင်ငံမှာ လိင်တူချင်းဆက်ဆံခြင်းကို တရားဝင်ခွင့်ပြုထားပေမယ့် မွတ်ဆလင် လူများစုနေထိုင်တဲ့ ဒီနိုင်ငံမှာ ရှေးရိုးစွဲအယူဝါဒတွေ လွှမ်းမိုးနေမှုက လိင်ကိစ္စပြောဆိုဆွေးနွေးမှုကို အငြင်းပွားစရာ ဖြစ်စေပါတယ်။ Mr Cawidu က ကုမ္ပဏီများ ယင်း emoji တွေ ဖယ်ရှားဖို့ ငြင်းဆန်ခဲ့ပါက ဘာဖြစ်လာမလဲဆိုတာ အသေးစိတ်ပြောဆိုခြင်းတော့ မရှိခဲ့ပါ။

ဒါပေမယ့် လူအခွင့်အရေးဆိုင်ရာ အဖွဲ့တစ်ခုက ယခုကဲ့သို့ ဆင်ဆာပြုလုပ်ခြင်းတို့က သည်းမခံမှုကို ပိုမို  ဖြစ်ပေါ်စေပါလိမ့်လို့ ပြောပါတယ်။

ဇန်နဝါရီလမှာ အင်ဒိုနီးရှားနိုင်ငံရဲ့ အဆင့်မြင့်ပညာရေးဝန်ကြီး Muhammad Nasir က ယောက်ျားချင်း စိတ်ဝင်စားသူ၊ မိန်းမချင်းစိတ်ဝင်စားသူ၊ လိင်နှစ်မျိုးလုံး စိတ်ဝင်စားသူနဲ့ လိင်ပြောင်းလဲထားသူများဟာ လူမြင်ကွင်းမှာ မေတ္တာမျှနေမှုတွေပြုလုပ်ပါက တက္ကသိုလ်နယ်မြေကနေ တားမြစ်သွားမယ်ဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ 

Ref: BBC

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.