Amon Amarth

amon_amarth.jpg

Amon Amarth ဟာ ၁၉၉၂ ခုမှာဖွဲ့စည်းခဲ့တဲ့ Melodic Death Metal ၀ိုင်းတစ်ဝိုင်းဖြစ်ပါတယ်။ Sweden နိုင်ငံ Tumba အရပ်ကဖြစ်ပြီး ဒီ  Amorn Amarth ဆိုတဲ့နာမည်ကို စာရေးဆရာ J. R. R. Tolkien ရဲ့ ဒဏ္ဏာရီတွေထဲက Mount Doom ဆိုတဲ့မီးတောင်အမည်ကို Sindarian ဘာသာစကားနဲ့ခေါ်ရာမှရခဲ့တာဖြစ်ပါတယ်။ အဖွဲ့ဝင်တွေကတော့ အဆိုသမား  Johan Hegg ၊ ဂစ်တာသမားနှစ်ယောက်ဖြစ်တဲ့ Olavi Mikkonen နဲ့ Johan Söderberg ၊ ဘေ့စ်သမား Ted Lundström နဲ့ ဒရမ်သမား Fredrik Andersson တို.ဖြစ်ကြပါတယ်။ Amon Amarth ဟာ Studio album ၉ ခွေ၊ EP တစ်ခွေ DVD တစ်ခွေနဲ့ MTV ၇ခု ထုတ်လုပ်နိုင်ခဲ့ပါတယ်။

Amon Amarth ဟာ ၁၉၈၈ မှာ Paul “Themgoroth” Mäkitalo ဦးဆောင်ပြီးဖွဲ့စည်းထားတဲ့ “Scum” ဆိုတဲ့ဝိုင်းကနေဆင့်ပွားဖြစ်တည်လာတာ့ဖြစ်ပါတယ်။ “Scum”  ဟာမူလက grindcore ပုံစံတွေဦးစားပေးတီးခတ်တာဖြစ်ပြီး Mäkitalo ရဲ့နေရာမှာ Johan Hegg အစားထိုးဝင်လာမှ ၀ိုင်းရဲ့ဂီတဟန်ပါပြောင်းလာပြီး Viking လူမျိုးတွေနဲ့ပါတ်သတ်တဲ့ စာသားအကြောင်းအရာတွေနဲ့အတူ လိုက်ဖက်တဲ့ဖန်တီးမှုတွေပြုလုပ်နိုင်ခဲ့ပါတယ်။

Amon Amarth ရဲ့စာသားတွေဟာ Norse ဒဏ္ဏာရီတွေ၊ Vikingခေတ်နဲ့ ခရစ်ယာန်ဘာသာရေးမတိုင်မီက သမိုင်းကြောင်းတွေအပေါ်အခြေခံထားတာ့ဖြစ်ပါတယ်။ Amon Amarth ဟာသူတို့ရဲ့ဂီတအမျိုးအစားကိုတော့ Viking Metal လို့မသတ်မှတ်ပါဘူး။

"ကျွန်တော်တို့ Death Metal တီးပြီး Viking တွေအကြောင်းဆိုတော့ တချို့က Viking Metal လို့ပြောကြတယ်။ ဘာကိုပြောတာလဲတော့ကျွန်တော်မသိဘူး။ ဓားလှံလက်နှက်တွေကလွဲပြီး Metal လိုဂီတမျိုးကိုသူတို့စိတ်ဝင်စားမယ်လို့မထင်ဘူး။ ကျွန်တော်ထင်တာ သူတို့က ထူးထူးဆန်းဆန်းလေမှုတ်တူရိယာတွေ၊ bongo လိုဟာမျိုးတွေပဲတီးတာပါ” လို့   The Metal Web နဲ့အင်တာဗျူးမှာအဆိုတော် Johan Hegg ကပြောပါတယ်။

Amon Amarth ရဲ့ထွက်ရှိခဲ့ဖူးတဲ့အခွေတွေကတော့

Once Sent from the Golden Hall (1998)

The Avenger (1999)

The Crusher (2001)

Versus the World (2002)

Fate of Norns (2004)

With Oden on Our Side (2006)

Twilight of the Thunder God (2008)

Surtur Rising (2011)

Deceiver of the Gods (2013)  တို့ပဲဖြစ်ပါတယ်။

Ref:wikipedia

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.